ကျိုင်းတုံတွင် နေအိမ်တစ်လုံးအတွင်း ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးသုံးစွဲ နေသူ အမျိုးသား(၃)ဦး နှင့်အတူ မူးယစ်ဆေး ဖမ်းဆီးရမိ

ဇွန် 14, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ နောင်ကွမ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၃)ရက်နေ့က ဝင်ရောက်ရှာဖွေရာ သုံးစွဲသူအမျိုးသား (၃)ဦးနှင့်အတူ မူးယစ်ဆေးဝါးများ အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ညနေ (၅)နာရီခွဲဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ်တွင် စိုင်းတူး၊ စိုင်းလုံ၊ စိုင်းပန်တို့အား တွေ့ရပြီး စိုင်းတူးက နေအိမ် အိပ်ခန်းအတွင်းရှိ နေအိမ်ပြူတင်းပေါက်မှ ပလတ်စတစ်ဘူး တစ်ဘူး လွှင့်ပစ်လိုက်သည်ကို တွေ့ရသဖြင့် ရှာဖွေရာ ဘိန်းဖြူ(ဝ.၂)ဂရမ်ခန့်ကို လည်းကောင်း၊ စိုင်းပန် လွှင့်ပစ်လိုက်သည့် ပလတ်စတစ်ဘူး(၂)ဘူးအတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၄၂)ပြားနှင့် ဘိန်းဖြူ (ဝ.၄)ဂရမ်တို့အားလည်းကောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရသည့် အသက်(၄၈)နှစ်အရွယ် စိုင်းတူး၊ အသက် (၃၇)နှစ်အရွယ် စိုင်းလုံနှင့် အသက် (၄၆)နှစ်အရွယ် စိုင်းပန်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၈၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - #ငြိမ်းချမ်း(ပြည်)

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~