မိုင်းဖြတ်မြို့ရှိ ကျိုင်းတုံ - မိုင်းဖြတ် သွားလမ်း ပြည်ထောင်စုလမ်းဘေးတွင် သစ်ပင် ၁၅၀၀ စိုက်ပျိုး

မိုင်းဖြတ်မြို့ရှိ ကျိုင်းတုံ - မိုင်းဖြတ် သွားလမ်း ပြည်ထောင်စုလမ်းဘေးတွင် သစ်ပင် ၁၅၀၀ စိုက်ပျိုး
ဇှနျ 5, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ အမှတ်(၅၇၀) ခြေမြန်တပ်ရင်းအနီး ကျိုင်းတုံ - မိုင်းဖြတ် ပြည်ထောင်စုလမ်းမဘေးတွင် ဇွန်လ (၅)ရက်နေ့မှစ၍ သစ်တောဦးစီးဌာန ကဦးဆောင်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ကြောင်း သိရသည်။



သတင်း/ဓါတ်ပုံ - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ အမှတ်(၅၇၀) ခြမြေန်တပ်ရင်းအနီး ကျိုင်းတုံ - မိုင်းဖြတ် ပြည်ထောင်စုလမ်းမဘေးတွင် ဇွန်လ (၅)ရက်နေ့မှစ၍ သစ်တောဦးစီးဌာန ကဦးဆောင်၍ ကမာ္ဘ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကျွန်းပင်(၈၀၀)ပင်၊ မယ်ဇလီပင်(၆၀၀)ပင်၊ ပျဉ်းကတိုးပင်(၅၀)ပင်နှင့် မဟော်ဂနီပင် (၅၀)ပင်တို့ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

သစ်ပင်စိုက်ပျိုးရာသို့ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးတင့် နှင့် တပ်မတော်အရာရှိများ တပ်မတော်သားများ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~