တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္း ယာဥ္/လမ္းစည္းကမ္း အသိပညာေပး

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္း ယာဥ္/လမ္းစည္းကမ္း အသိပညာေပး
ဇွန် 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးေက်းရြာအုပ္စုတြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးျခင္းကို ၂၀၁၈ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔ နံနက္ (၈)နာရီခြဲက ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေဟာေျပာရာ ေဒသခံအမ်ိဳးသား (၃၈) ဦးတက္ေရာက္ေၾကာင္း သိရသည္။

အမွတ္ (၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္)၏ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္းက ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ ဆိုင္ကယ္စီးလွ်င္ ဆုိင္ကယ္စီးဦးထုပ္ေဆာင္းရန္၊ ဆုိင္ကယ္အား အရွိန္ျပင္းစြာ ေမာင္းႏွင္ျခင္းမျပဳရန္၊ ႏွစ္ဦးထက္ပို၍စီးနင္းျခင္းမျပဳရန္၊ မီးပိြဳင့္မ်ားတြင္ အရွိန္ေလွ်ာ့ေမာင္းႏွင္ၿပီး  အခ်က္ျပမီး အခ်က္ျပမႈႏွင့္ ယာဥ္ထိန္းရဲလက္ အခ်က္ျပအား လုိက္နာ ေမာင္းႏွင္ရန္၊ သတ္မွတ္ယာဥ္ေၾကာအတိုင္း စနစ္တက်လုိက္နာေမာင္းႏွင္ရန္၊ လမ္းဆံုလမ္းခြမ်ားတြင္ အရွိန္ေလွ်ာ့ေမာင္းႏွင္ရန္၊ ယာဥ္မ်ားအား ေကြ႕သည့္ယာဥ္ေၾကာဘက္မွ ေက်ာ္တက္ျခင္းမျပဳရန္၊ မိမိတို႔ရြာမ်ားရိွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းတက္ရာတြင္ ကိုယ္တုိင္ ဆိုင္ကယ္ေမာင္းႏွင္ျခင္း မျပဳေစရန္ႏွင့္ လိုင္စင္မဲ့ယာဥ္မ်ားအား ေရာင္းဝယ္ျခင္း၊ လက္ဝယ္ထားရိွ အသံုးျပဳျခင္းမျပဳလုပ္ရန္ႏွွင့္ လက္ဝယ္ထားရိွအသံုးျပဳသည္ကို စစ္ေဆးဖမ္းဆီးရမိပါက ဥပေဒအရ အမႈဖြင့္အေရးယူခံရမည္တုိ႔ကို ရွင္းလင္းေဟာေျပာခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေဟာေျပာပြဲသို႔ မုိင္းကိုးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးဦးစိုင္းပင္ႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ ရြာသူႀကီးမ်ား၊ ျပည္သူ႔စစ္မ်ား စုစုေပါင္း အမ်ိဳးသား (၃၈)ဦးတက္ေရာက္လာျခင္းျဖစ္ၿပီး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအေၾကာင္း အသိပညာေပးလက္ကမ္းစာေစာင္ (၃၈) ေစာင္ကိုလည္း ျဖန္႔ေဝေပးခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက် (၈)နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဟောပြောရာ ဒေသခံအမျိုးသား (၃၈) ဦးတက်ရောက်ကြောင်း သိရသည်။

အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)၏ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရန်၊ နှစ်ဦးထက်ပို၍စီးနင်းခြင်းမပြုရန်၊ မီးပွိုင့်များတွင် အရှိန်လျှော့မောင်းနှင်ပြီး အချက်ပြမီး အချက်ပြမှုနှင့် ယာဉ်ထိန်းရဲလက် အချက်ပြအား လိုက်နာ မောင်းနှင်ရန်၊ သတ်မှတ်ယာဉ်ကြောအတိုင်း စနစ်တကျလိုက်နာမောင်းနှင်ရန်၊ လမ်းဆုံလမ်းခွများတွင် အရှိန်လျှော့မောင်းနှင်ရန်၊ ယာဉ်များအား ကွေ့သည့်ယာဉ်ကြောဘက်မှ ကျော်တက်ခြင်းမပြုရန်၊ မိမိတို့ရွာများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် ကိုယ်တိုင် ဆိုင်ကယ်မောင်းနှင်ခြင်း မပြုစေရန်နှင့် လိုင်စင်မဲ့ယာဉ်များအား ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိ အသုံးပြုခြင်းမပြုလုပ်ရန်နှင့် လက်ဝယ်ထားရှိအသုံးပြုသည်ကို စစ်ဆေးဖမ်းဆီးရမိပါက ဥပဒေအရ အမှုဖွင့်အရေးယူခံရမည်တို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မိုင်းကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုင်းပင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွာသူကြီးများ၊ ပြည်သူ့စစ်များ စုစုပေါင်း အမျိုးသား (၃၈)ဦးတက်ရောက်လာခြင်းဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးလက်ကမ်းစာစောင် (၃၈) စောင်ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~