တာခ်ီလိတ္တြင္ အပတ္စဥ္ အလွည့္က် သန္႔ရွင္းေရးအျဖစ္ ျပည္သူ႔ေဆးရံုႀကီးအတြင္း စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္

တာခ်ီလိတ္တြင္ အပတ္စဥ္ အလွည့္က် သန္႔ရွင္းေရးအျဖစ္ ျပည္သူ႔ေဆးရံုႀကီးအတြင္း စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္
ဇွန် 9, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ခုႏွစ္ ေမလေနာက္ဆံုးပတ္မွ စ၍ လူမႈေရး အသင္းအဖြဲ႔မ်ားက ဦးေဆာင္ကာ အပတ္စဥ္ စုေပါင္း သန္႔ရွင္းေရးအျဖစ္ ဇြန္လ(၉)ရက္ေန႔ စေနေန႔ နံနက္ပိုင္းက တာခ်ီလိတ္ခရိုင္ ခုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုႀကီးအတြင္း ေဆာင္ရြက္ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္/ၿမိဳ႕မရဲစခန္တို႔မွ ရဲတပ္ဖြဲ႔၀င္မ်ား ႏွင့္ ခရိုင္/ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ လူမႈေရးအသင္းအဖြဲ႔မ်ားျဖစ္သည့္ မဇၥ်ိမလူမႈကူညီေရးအသင္း၊ အလင္းေရာင္ပရဟိတ အသင္းတို႔မွ စုေပါင္း၍ အဆိုပါ ေဆးရံုႀကီးအတြင္း ေပါက္ေရာက္ေနေသာ ခ်ဳံႏြယ္သစ္ပင္မ်ား၊ ျမက္မ်ားကို ရွင္းလင္းျခင္းႏွင့္အတူ ေဆးရံုအေဆာက္အဦအတြင္း သန္႔ရွင္းမ်ားလည္း ေဆာင္ရြက္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ ေမလေနာက္ဆံုးပတ္က စ၍ ၿမိဳ႕ေပၚ စာသင္ေက်ာင္းမ်ားျဖစ္သည့္ အထက(တာခ်ီလိတ္)။ အထက(ဆန္ဆိုင္း)၊ အထက-ခြဲ(ပုန္းထြန္) ႏွင့္ အလက-ခြဲ(တာေလာ့)ေက်ာင္းတို႔တြင္ ယခုကဲ့သို႔ စုေပါင္းသန္႔ရွင္းေရးမ်ား ျပဳလုပ္ခဲ့ၿပီး၊ ယေန႔ ဇြန္လ(၉)ရက္ေန႔တြင္ ျပည္သူ႔ေဆးရံုႀကီးအတြင္း သန္႔ရွင္းေရး ျပဳလုပ္ျခင္း ျဖစ္ၿပီး ဆက္လက္၍ ဇြန္လ(၁၀)ရက္ေန႔ တနဂၤေႏြေန႔တြင္ အထက(ေဟာင္လိတ္)တြင္ စုေပါင္း သန္႔ရွင္းေရးျပဳလုပ္မည္ျဖစ္သည့္အတြက္ မည္သူမဆို လာေရာက္၍ လုပ္အားဒါနျပဳႏိုင္ေၾကာင္း မဇၥ်ိမလူမႈကူညီေရး အသင္း ဥကၠဌ ဦးတင့္ေဆြ ထံက သိရွိရသည္။

ဓါတ္ပံု - ေနမ်ဳိး(မဇၥ်ိမ) ၊ U Soe Naing၊ UTS-Mizzima




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၁၈ခုနှစ် မေလနောက်ဆုံးပတ်မှ စ၍ လူမှုရေး အသင်းအဖွဲ့များက ဦးဆောင်ကာ အပတ်စဉ် စုပေါင်း သန့်ရှင်းရေးအဖြစ် ဇွန်လ(၉)ရက်နေ့ စနေနေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်/မြို့မရဲစခန်တို့မှ ရဲတပ်ဖွဲ့ဝင်များ နှင့် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ အပါအဝင် လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတ အသင်းတို့မှ စုပေါင်း၍ အဆိုပါ ဆေးရုံကြီးအတွင်း ပေါက်ရောက်နေသော ချုံနွယ်သစ်ပင်များ၊ မြက်များကို ရှင်းလင်းခြင်းနှင့်အတူ ဆေးရုံအဆောက်အဦအတွင်း သန့်ရှင်းများလည်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် မေလနောက်ဆုံးပတ်က စ၍ မြို့ပေါ် စာသင်ကျောင်းများဖြစ်သည့် အထက(တာချီလိတ်)။ အထက(ဆန်ဆိုင်း)၊ အထက-ခွဲ(ပုန်းထွန်) နှင့် အလက-ခွဲ(တာလော့)ကျောင်းတို့တွင် ယခုကဲ့သို့ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ပြီး၊ ယနေ့ ဇွန်လ(၉)ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီးအတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်း ဖြစ်ပြီး ဆက်လက်၍ ဇွန်လ(၁၀)ရက်နေ့ တနင်္ဂေနွနေ့တွင် အထက(ဟောင်လိတ်)တွင် စုပေါင်း သန့်ရှင်းရေးပြုလုပ်မည်ဖြစ်သည့်အတွက် မည်သူမဆို လာရောက်၍ လုပ်အားဒါနပြုနိုင်ကြောင်း မဇ္ဈိမလူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင့်ဆွေ ထံက သိရှိရသည်။

ဓာတ်ပုံ - နေမျိုး(မဇ္ဈိမ) ၊ U Soe Naing၊ UTS-Mizzima

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~