တာချီလိတ်တွင် အသက်(၁၇)နှစ်အရွယ် ဝပ်ရှော့အလုပ်သင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်တွင် အသက်(၁၇)နှစ်အရွယ် ဝပ်ရှော့အလုပ်သင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
မေ 4, 2018
By Tachileik News Agency



အဆိုပါ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံခြင်းဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း၊ ဟောင်လိတ်စက်မှုဇုံရှိ ရွှေဗူးသီးဝပ်ရှော့တွင် မေလ (၃)ရက်နေ့ ည (၉)နာရီခွဲ ဝန်းကျင်က အသက် (၁၇)နှစ်အရွယ် ဝပ်ရှော့ အလုပ်သင်တစ်ဦး ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့်အဖွဲ့က သွားရောက် စစ်ဆေးပြီးနောက် အလောင်းကို တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံခြင်းဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးနပြေီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~