နတ္ေမာက္ၿမိဳ႕တြင္ ရထားႀကိတ္ခံရ၍ အမ်ိဳးသားတစ္ဦးေသဆံုး

နတ္ေမာက္ၿမိဳ႕တြင္ ရထားႀကိတ္ခံရ၍ အမ်ိဳးသားတစ္ဦးေသဆံုး
မေ 29, 2018
By 🌸
မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕တြင္ ေမလ(၂၈)ရက္၊ ည(၉)နာရီအခ်ိန္ခန္႔က အမ်ိဳးသားတစ္ဦး ရထားႀကိတ္မိၿပီး ေသဆံုးသြားေၾကာင္း နတ္ေမာက္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ပုဂံ-ရန္ကုန္ အစုန္အထူးအျမန္ရထား စက္ေခါင္းေမာင္း(၂) ဦးဝင္းသန္းေမာင္းနွင္လာသည့္ စက္ ေခါင္းအမွတ္ DF 2062 သည္ ရထားမုိင္တိုင္အမွတ္(၃၁၆/၅-၆) အေရာက္၌ နတ္ေမာက္ၿမိဳ႕နယ္၊ က်ားထူးေက်းရြာအုပ္စု ဘူတာေက်းရြာေန အသက္(၃၅)နွစ္အရြယ္ရွိ ကိုဝင္းဦးအား တုိက္မိျခင္းျဖစ္ေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

အဆိုပါျဖစ္စဥ္သတင္းအရ နတ္ေမာက္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးေက်ာ္ေက်ာ္စိုး နွင့္ ရဲတပ္ဖြဲ႔ဝင္မ်ား ၊ နတ္ေမာက္ဘူတာရံုပုိင္ႀကီး ဦးသိန္းေဆြျမင့္နွင့္အတူ အခင္းျဖစ္အရပ္သို႔ သြားေရာက္စစ္ေဆးရာ ကုိဝင္းဦးမွာ ရထားတုိက္မိသည့္ဒဏ္ရာမ်ားျဖင့္ ရထားသံလမ္းေပၚတြင္လဲက်ေနသည္ကို ေတြ႔ရ၍ နတ္ေမာက္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ရာ ေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူရင္း ေသဆံုးသြားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္နွင့္ပတ္သက္၍ ကိုဝင္းဦးေသဆံုးရျခင္းမွာ ဓမၼတာအတိုင္းေသဆံုးရျခင္း ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ရန္ နတ္ေမာက္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၆/၂၀၁၈ ျဖင့္ အမႈေရးဖြင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
နတ်မောက်မြို့တွင် ရထားကြိတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး
*****************
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မေလ(၂၈)ရက်၊ ည(၉)နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ရထားကြိတ်မိပြီး သေဆုံးသွားကြောင်း နတ်မောက်မြို့မရဲစခန်းမှ သိရသည်။

ပုဂံ-ရန်ကုန် အစုန်အထူးအမြန်ရထား စက်ခေါင်းမောင်း(၂) ဦးဝင်းသန်းမောင်းနှင်လာသည့် စက် ခေါင်းအမှတ် DF2062 သည် ရထားမိုင်တိုင်အမှတ်(၃၁၆/၅-၆) အရောက်၌ နတ်မောက်မြို့နယ်၊ ကျားထူးကျေးရွာအုပ်စု ဘူတာကျေးရွာနေ အသက်(၃၅)နှစ်အရွယ်ရှိ ကိုဝင်းဦးအား တိုက်မိခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်သတင်းအရ နတ်မောက်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်စိုး နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ နတ်မောက်ဘူတာရုံပိုင်ကြီး ဦးသိန်းဆွေမြင့်နှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးရာ ကိုဝင်းဦးမှာ ရထားတိုက်မိသည့်ဒဏ်ရာများဖြင့် ရထားသံလမ်းပေါ်တွင်လဲကျနေသည်ကို တွေ့ရ၍ နတ်မောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုဝင်းဦးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် နတ်မောက်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၈ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~