သီေပါၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမတြင္ ဆိုင္ကယ္ႏွင့္ ကားတစ္စီး မ်က္ႏွာခ်င္းဆိုင္တုိက္၍ တစ္ဦးေသ

သီေပါၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမတြင္ ဆိုင္ကယ္ႏွင့္ ကားတစ္စီး မ်က္ႏွာခ်င္းဆိုင္တုိက္၍ တစ္ဦးေသ
မေ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ၁၄၅/၄ ႏွင့္ ၁၄၅/၅ အၾကားတြင္ ေမလ (၆) ရက္ ေန႔လယ္ပိုင္းက ဆိုင္ကယ္တစ္စီးႏွင့္ ကားတစ္စီးမ်က္ႏွာခ်င္းဆိုင္ တိုက္မိခ့ဲရာ အမ်ိဳးသားတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

“မ်က္ႏွာခ်င္းဆိုင္ တိုက္မိတ့ဲ အေနအထားေတြ႕ရတယ္။ အခုအခင္းျဖစ္ေနရာမွာ စစ္ေဆးေနဆဲပဲရွိပါ ေသးတယ္။ ေသဆံုးသူက ဘယ္သူဆိုတာ မသိရေသးပါဘူး” ဟု သီေပါယာဥ္ထိန္းရဲတပ္ဖြဲ႕မွ တပ္ၾကပ္ႀကီး ဝင္းေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီး သီေပါၿမိဳ႕နယ္ စံေလာင္းေက်းရြာႏွင့္ ကုံးမံုေက်းရြာအၾကားတြင္ ေန႔လယ္ (၁၁) နာရီဝန္းက်င္ခန္႔က သီေပါဘက္မွလာသည့္ လင္ခရူဆာယာဥ္ႏွင့္ လားရႈိးဘက္မွလာသည့္ ဆိုင္ကယ္(ကယ္ရီ)တစ္စီးတို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

“ေသဆံုးသူကိုေတာ့ သီေပါျပည္သူ႔ေဆးရံု ရင္ခြဲရံုကို ပို႔ေဆာင္ေပးထားပါတယ္။ ေသဆံုးသူက ဘယ္သူဆိုတာ မသိရေသးဘူး” ဟု နယ္စည္းမျခား ပရဟိတအသင္းမွ ကိုမ်ိဳးက ေျပာသည္။

တိုက္မိသည့္ ေမာ္ေတာ္ယာဥ္တြင္ လူ (၄) ဦးစီးနင္းလာၿပီး ဒဏ္ရာရရိွသူမရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတအသင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၄၅/၄ နှင့် ၁၄၅/၅ အကြားတွင် မေလ (၆) ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးမျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

“မျက်နှာချင်းဆိုင် တိုက်မိတဲ့ အနေအထားတွေ့ရတယ်။ အခုအခင်းဖြစ်နေရာမှာ စစ်ဆေးနေဆဲပဲရှိပါ သေးတယ်။ သေဆုံးသူက ဘယ်သူဆိုတာ မသိရသေးပါဘူး” ဟု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဝင်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီး သီပေါမြို့နယ် စံလောင်းကျေးရွာနှင့် ကုံးမုံကျေးရွာအကြားတွင် နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်က သီပေါဘက်မှလာသည့် လင်ခရူဆာယာဉ်နှင့် လားရှိုးဘက်မှလာသည့် ဆိုင်ကယ်(ကယ်ရီ)တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသူကိုတော့ သီပေါပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်။ သေဆုံးသူက ဘယ်သူဆိုတာ မသိရသေးဘူး” ဟု နယ်စည်းမခြား ပရဟိတအသင်းမှ ကိုမျိုးက ပြောသည်။

တိုက်မိသည့် မော်တော်ယာဉ်တွင် လူ (၄) ဦးစီးနင်းလာပြီး ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - #နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~