ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲရှိပါက အလုပ်သမားသံအရာရှိရုံးထံ ဆက်သွယ်ရန်တိုက်တွန်း

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲရှိပါက အလုပ်သမားသံအရာရှိရုံးထံ ဆက်သွယ်ရန်တိုက်တွန်း
မေ 6, 2018
By Tachileik News Agency

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အခက်အခဲများ ကြုံတွေ့ရပါက သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်သဖြင့် ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးထံ အချိန်မရွေး ဆက်သွယ်အကြောင်းကြားရန် တိုက်တွန်းထားသည်။



အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးအနေဖြင့် တောမော(ရုံးချုပ်) ရှိတာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၄င်းကိစ္စနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ အိမ်ပြန်တုံးထုရန်အတွက် သက်ဆိုင်ရာ နယ်မြေတောမော အပြင် နယ်စပ်စခန်းများတွင်လည်း ဆောင်ရွက်နိုင်ကြောင်း သိရပြီး အလုပ်ရှင်၏ စာရွက်စာတမ်းများ တင်ပြရန်မလိုကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနဖြေင့် အခက်အခဲများ ကြုံတွေ့ရပါက သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်သဖြင့် ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိရုံးထံ အချိန်မရွေး ဆက်သွယ်အကြောင်းကြားရန် တိုက်တွန်းထားသည်။

အလုပ်သမားသံ အရာရှိရုံး ဖုန်းနံပါတ်များအပြင် Viber နှင့် Line တို့မှလည်းကောင်း၊ အလုပ်သမားသံ အရာရှိရုံး Facebook Page ဖြစ်သည့် LA Thailand၏ Message Box မှ တစ်ဆင့်လည်းကောင်း ဆက်သွယ် ပြောကြားတိုင်ပင်ဆွေးနွေးနိုင်ပြီး ဖုန်းဆက်သွယ်လိုပါက ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် (ရနောင်း) ဝ၆၅၂၂၀၆၉၅၁၊ ဦးဦးခင်မောင် (ချင်းမိုင်) ဝ၉၉၀၅၉၂၃၅၂ နှင့် ဦးအောင်မင်း (မဲဆောက်) ဝ၆၅၂၂၀၆၉၅၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

လတ်တလောတွင် နေရပ်ပြန်သည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့ အိမ်ပြန်တုံးကြီးထုချိန်တွင် ယခင်က တောင်းလေ့ မရှိသော သူဌေးနှင့် ပတ်သက်သည့် အိမ်လိပ်စာ၊ မှတ်ပုံတင်များ၊ ဝပ်ပါမစ်များ တောင်းခံနေသည်ကို အလုပ်သမား သံအရာရှိရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာသဖြင့် ဖြေရှင်းပေးထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးအနဖြေင့် တောမော(ရုံးချုပ်) ရှိတာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၄င်းကိစ္စနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ အိမ်ပြန်တုံးထုရန်အတွက် သက်ဆိုင်ရာ နယ်မြေတောမော အပြင် နယ်စပ်စခန်းများတွင်လည်း ဆောင်ရွက်နိုင်ကြောင်း သိရပြီး အလုပ်ရှင်၏ စာရွက်စာတမ်းများ တင်ပြရန်မလိုကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~