တာခ်ီလိတ္တြင္ ဆိုင္ကယ္ခိုးမႈအပါအဝင္ တစ္ရက္အတြင္း ခိုးမႈႏွစ္မႈ ဖမ္းဆီးမိ

တာခ်ီလိတ္တြင္ ဆိုင္ကယ္ခိုးမႈအပါအဝင္ တစ္ရက္အတြင္း ခိုးမႈႏွစ္မႈ ဖမ္းဆီးမိ
မေ 27, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၆)ရက္ေန႔က ဆုိင္ကယ္တစ္စီး၊ ဝရိန္စက္ႏွင့္ သစ္ျဖတ္စက္မ်ား ခိုးယူလာသူမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕က ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။

ရန္ေအာင္ျမင္ရပ္ကြက္၊ ပါလွ်ံ(၁)လမ္းမေပၚတြင္ ေမလ (၂၆)ရက္ေန႔ ေန႔လယ္ (၁၂)နာရီဝန္းက်င္က ဘုရားႀကီးဘုန္းႀကီးေက်ာင္းဘက္မွ BT ဆီအေရာင္းဆုိင္ဘက္သို႔ ဆုိင္ကယ္တစ္စီး တြန္းလာသည့္ အသက္ (၂၅)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးအား ရဲတပ္ဖြဲ႕က မသကၤာ၍ စစ္ေဆးရာ ၎တြန္းယူူလာသည့္ နံပါတ္မပါ Yamana အနီေရာင္ဆုိင္ကယ္ႏွင့္ပတ္သက္၍ ပိုင္ဆုိင္ေၾကာင္း ေျပာၾကားႏုိင္ျခင္းမရိွသျဖင့္ သက္ေသမ်ားေရွ႕တြင္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ဆုိင္ကယ္ခိုးယူလာသည္ဟု မသကၤာသျဖင့္ ဆိုင္ကယ္ႏွင့္အတူ ေတြ႔ရသည့္ရဲေအာင္ဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ယင္းေနာက္ ဝမ္ေကာင္းရပ္ကြက္၊ သီရိဟန္သာဘုန္းႀကီးေက်ာင္းေဘး လမ္းမေပၚတြင္ ေမလ (၂၆)ရက္ေန႔ ညေန (၃)နာရီခြဲဝန္းက်င္က ဆာလာအိတ္ႏွစ္လံုးသယ္ေဆာင္လာသည့္ အသက္ (၁၉)ႏွစ္အရြယ္ လူငယ္တစ္ဦးအား ရဲတပ္ဖြဲ႕က မသကၤာ၍စစ္ေဆးရာ  WELTOR, WELARC.200 စာတမ္းပါ လိေမၼာ္ေရာင္ ဝရိန္စက္တစ္လံုးႏွင့္ CLINTON စာတမ္းပါ သစ္ျဖတ္စက္တစ္လံုးတို႔အား ၎သယ္ေဆာင္လာသည့္ အိတ္ႏွစ္လံုးအတြင္းမွေတြ႔ရၿပီး ခိုးယူလာသည္ဟု သံသယရိွသျဖင့္ ပစၥည္းမ်ားနွင့္အတူ ေတြ႔ရသည့္ မိုးေလး(ခ)ေအာင္ေက်ာ္လတ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၆၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #စုိင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှုအပါအဝင် တစ်ရက်အတွင်း ခိုးမှုနှစ်မှု ဖမ်းဆီးမိ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် မေလ (၂၆)ရက်နေ့က ဆိုင်ကယ်တစ်စီး၊ ဝရိန်စက်နှင့် သစ်ဖြတ်စက်များ ခိုးယူလာသူများအား တာချီလိတ်မြို့မရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ရန်အောင်မြင်ရပ်ကွက်၊ ပါလျှံ(၁)လမ်းမပေါ်တွင် မေလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်က ဘုရားကြီးဘုန်းကြီးကျောင်းဘက်မှ BT ဆီအရောင်းဆိုင်ဘက်သို့ ဆိုင်ကယ်တစ်စီး တွန်းလာသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က မသင်္ကာ၍ စစ်ဆေးရာ ၎င်းတွန်းယူူလာသည့် နံပါတ်မပါ Yamana အနီရောင်ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း ပြောကြားနိုင်ခြင်းမရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ဆိုင်ကယ်နှင့်အတူ တွေ့ရသည့်ရဲအောင်ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းနောက် ဝမ်ကောင်းရပ်ကွက်၊ သီရိဟန်သာဘုန်းကြီးကျောင်းဘေး လမ်းမပေါ်တွင် မေလ (၂၆)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်က ဆာလာအိတ်နှစ်လုံးသယ်ဆောင်လာသည့် အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က မသင်္ကာ၍စစ်ဆေးရာ  WELTOR, WELARC.200 စာတမ်းပါ လိမ္မော်ရောင် ဝရိန်စက်တစ်လုံးနှင့် CLINTON စာတမ်းပါ သစ်ဖြတ်စက်တစ်လုံးတို့အား ၎င်းသယ်ဆောင်လာသည့် အိတ်နှစ်လုံးအတွင်းမှတွေ့ရပြီး ခိုးယူလာသည်ဟု သံသယရှိသဖြင့် ပစ္စည်းများနှင့်အတူ တွေ့ရသည့် မိုးလေး(ခ)အောင်ကျော်လတ်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~