တာခ်ီလိတ္တြင္ ေမာ္ေတာ္ယာဥ္မီးေလာင္မႈျဖစ္ပြားၿပီး ယာဥ္ေမာင္းထြက္ေျပးေန

တာခ်ီလိတ္တြင္ ေမာ္ေတာ္ယာဥ္မီးေလာင္မႈျဖစ္ပြားၿပီး ယာဥ္ေမာင္းထြက္ေျပးေန
မေ 23, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ စစ္ဗ်ဴဟာအနီး တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္းတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၃)ရက္ေန႔ နံနက္(၄)နာရီဝန္းက်င္က ယာဥ္နံပါတ္မပါသည့္ အိမ္စီးေမာ္ေတာ္ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြားၿပီး ယာဥ္ေမာင္းထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္းေဘး ေဟြခုိက္ေက်းရြာဘက္မွ ေဟာင္လိတ္မီးပိြဳင့္လမ္းဆံုဘက္သို႔ ေမာင္းႏွင္လာသည့္ MARK 2 အျဖဴေရာင္ ေမာ္ေတာ္ယာဥ္တစ္စီးသည္ လမ္း၏ယာဘက္ျခမ္း ပလက္ေဖာင္းအားေက်ာ္၍ ဆယ္ေပခန္႔အကြာတြင္ မီးေလာင္ကၽြမ္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မီးသတ္တပ္ဖြဲ႕ႏွင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းတို႔ကလည္း သြားေရာက္ ကူညီေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္မီးေလာင္မႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၂၈၅/၂၀၂ ျဖင့္ အမႈဖြင့္ထားၿပီး ယာဥ္ေမာင္းအား ဖမ္းဆီးႏုိင္ေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် မော်တော်ယာဉ်မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်းထွက်ပြေးနေ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ စစ်ဗျူဟာအနီး တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် ၂၀၁၈ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်က ယာဉ်နံပါတ်မပါသည့် အိမ်စီးမော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံကားလမ်းဘေး ဟွေခိုက်ကျေးရွာဘက်မှ ဟောင်လိတ်မီးပွိုင့်လမ်းဆုံဘက်သို့ မောင်းနှင်လာသည့် MARK 2 အဖြူရောင် မော်တော်ယာဉ်တစ်စီးသည် လမ်း၏ယာဘက်ခြမ်း ပလက်ဖောင်းအားကျော်၍ ဆယ်ပေခန့်အကွာတွင် မီးလောင်ကျွမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့နှင့် တာချီလိတ်နာရေးကူညီမှုအသင်းတို့ကလည်း သွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်မီးလောင်မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅/၂၀၂ ဖြင့် အမှုဖွင့်ထားပြီး ယာဉ်မောင်းအား ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~