၂၀၁၈ ခုနှစ် အသက် ၂၅ နှစ်အောက် ရှမ်းပြည်နယ်အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် သီပေါမြို့နယ်အသင်း ပထမရရှိ

၂၀၁၈ ခုနှစ် အသက် ၂၅ နှစ်အောက် ရှမ်းပြည်နယ်အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် သီပေါမြို့နယ်အသင်း ပထမရရှိ
မေ 2, 2018
By Tachileik News Agency

၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် သီပေါမြို့နယ်အသင်းက ပထမ၊ လားရှိုးမြို့နယ် အသင်းက ဒုတိယနှင့် နမ့်ခမ်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အသင်းများက ပူးတွဲ တတိယဆုများ ရရှိသွားကြောင်း သိရသည်။



အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစား အဖွဲ့ ဆပ်ကော်မတီ နာယက ဒေါ်နန်းရွှေမြင့်၊ ရှမ်းပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ ဥက္ကဌ ဒေါ်နန်းချိုချိုပြုံး၊ ရှမ်းပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီ ဒုတိယဥက္ကဌ ဒေါ်ညိုညိုလွင်၊ ပြည်နယ်အား/ကာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန၊ ဒုညွှန်မှူး၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်မူမူ၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ ပြည်နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။

ဓါတ်ပုံ - ပြည်နယ်အားကာ




~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် သီပေါမြို့နယ်အသင်းက ပထမ၊ လားရှိုးမြို့နယ် အသင်းက ဒုတိယနှင့် နမ့်ခမ်းမြို့နယ်နှင့် ညောင်ရွှမြေို့နယ်အသင်းများက ပူးတွဲ တတိယဆုများ ရရှိသွားကြောင်း သိရသည်။

ဆုရအသင်းများ ဆုချီးမြှင့်ခြင်းအခမ်းအနားအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ၂၀၁၈ ခုနှစ် မေလ (၂)ရက်နေ့ နေ့လယ် (၂)နာရီက ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအမျိုးသမီး အားကစားသမားဆုကို သီပေါမြို့နယ်အသင်းမှ ကျောနံပါတ်(၁) မခိုင်သဇင်ထွေးအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သောင်း၊ ပူးတွဲတတိယဆုရ နှစ်သင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁)သိန်းစီ၊ ဒုတိယဆုရအသင်းအား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၃)သိန်း၊ ပထမဆုရအသင်းအား ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ်(၅)သိန်း အသီးသီး ပေးအပ်ချီးမြှင့်ပေးကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစား အဖွဲ့ ဆပ်ကော်မတီ နာယက ဒေါ်နန်းရွှမြေင့်၊ ရှမ်းပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ ဥက္ကဌ ဒေါ်နန်းချိုချိုပြုံး၊ ရှမ်းပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီ ဒုတိယဥက္ကဌ ဒေါ်ညိုညိုလွင်၊ ပြည်နယ်အား/ကာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန၊ ဒုညွှန်မှူး၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်မူမူ၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ ပြည်နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~