သီေပါၿမိဳ႕နယ္ ေမာင္ဖုန္းေတာင္အဆင္းတြင္ ကုန္တင္ယာဥ္တစ္စီး ေသနတ္ပစ္ခံရ၍ တစ္ဦးေသ၊ ႏွစ္ဦးဒဏ္ရာရ

သီေပါၿမိဳ႕နယ္ ေမာင္ဖုန္းေတာင္အဆင္းတြင္ ကုန္တင္ယာဥ္တစ္စီး ေသနတ္ပစ္ခံရ၍ တစ္ဦးေသ၊ ႏွစ္ဦးဒဏ္ရာရ
မေ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ႀကံခင္းေက်းရြာအနီး ေမာင္ဘုန္းေတာင္အဆင္းတြင္ ေမလ (၈) ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္အခ်ိန္က ေက်ာက္မဲဘက္မွလာသည့္ ကုန္တင္ယာဥ္တစ္စီးအား ေသနတ္ျဖင့္ ပစ္ခတ္ခံရသျဖင့္ ယာဥ္ေမာင္းေနရာတြင္ ေသဆံုးၿပီး အမ်ိဳးသားႏွစ္ဦး ေသနတ္ဒဏ္ရာ ရသြားေၾကာင္း သိရသည္။

“ယာဥ္ေမာင္းကို ေသနတ္မွန္တဲ့အတြက္ ယာဥ္က လမ္းေဘးကသစ္ပင္ကို ဝင္တိုက္ၿပီးရပ္သြားတယ္။ ယာဥ္ေမာင္းကေတာ့ ေသသြားတယ္၊ က်န္အမ်ိဳးသား ႏွစ္ဦးဒဏ္ရာရတယ္။ တစ္ဦးက ျပင္းထန္တယ္။ စိုးရိမ္ရတယ္။ အေသးစိတ္ကေတာ့ မသိရေသးပါဘူး” ဟု သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသနတ္ဒဏ္ရာရထားသည့္ ယာဥ္ေမာင္းသည္ လမ္းေဘးသစ္ပင္ႏွင့္ ဝင္တိုက္မိသည့္ ေမာ္ေတာ္ယာဥ္တြင္ ညပ္ေနခဲ့ၿပီး ဒဏ္ရာရသူမ်ားကို သီေပါ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ေရာက္တဲ့အခ်ိန္မွာ ဒဏ္ရာရတဲ့ တစ္ေယာက္က ကားေအာက္ဆင္းေနၿပီးၿပီ။ ေသနတ္ ဒဏ္ရာေတြ ေတြ႔ရတယ္။ ေနာက္တစ္ေယာက္က ေျခေထာက္မွာ ေသနတ္ဒဏ္ရာရတယ္။ သီေပါျပည္သူ႔ေဆးရံုကို ပို႔ေဆာင္ေပးထားပါတယ္”ဟု နယ္စည္းမျခားပရဟိတလူမႈကူညီေရးအသင္းမွ ကိုမ်ိဳး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ သီေပါ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနဆဲ ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ မတ္လအတြင္းကလည္း သီေပါၿမိဳ႕နယ္ ကုန္းသာေက်းရြာအနီးတြင္ ဆိုင္ကယ္စီးလာသူႏွစ္ဦးက ၁၂ ဘီးယာဥ္ေမာင္းတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္ခဲ့မႈေၾကာင့္ ေနရာတြင္ ေသဆံုးခဲ့သည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလအတြင္းကလည္း ႏြားမ်ား တင္ေဆာင္လာသည့္ ယာဥ္မ်ားအား အမည္မသိေသနတ္သမားမ်ားက ပစ္ခတ္ခဲ့မႈ (၃) ႀကိမ္ျဖစ္ပြားခဲ့ကာ၊ ေသဆံုးသူ (၂) ဦးႏွင့္ဒဏ္ရာရရွိသူ (၄) ဦး ရွိခဲ့သည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကြံခင်းကျေးရွာအနီး မောင်ဘုန်းတောင်အဆင်းတွင် မေလ (၈) ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ကျောက်မဲဘက်မှလာသည့် ကုန်တင်ယာဉ်တစ်စီးအား သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ယာဉ်မောင်းနေရာတွင် သေဆုံးပြီး အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာ ရသွားကြောင်း သိရသည်။

“ယာဉ်မောင်းကို သေနတ်မှန်တဲ့အတွက် ယာဉ်က လမ်းဘေးကသစ်ပင်ကို ဝင်တိုက်ပြီးရပ်သွားတယ်။ ယာဉ်မောင်းကတော့ သေသွားတယ်၊ ကျန်အမျိုးသား နှစ်ဦးဒဏ်ရာရတယ်။ တစ်ဦးက ပြင်းထန်တယ်။ စိုးရိမ်ရတယ်။ အသေးစိတ်ကတော့ မသိရသေးပါဘူး” ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်ဒဏ်ရာရထားသည့် ယာဉ်မောင်းသည် လမ်းဘေးသစ်ပင်နှင့် ဝင်တိုက်မိသည့် မော်တော်ယာဉ်တွင် ညပ်နေခဲ့ပြီး ဒဏ်ရာရသူများကို သီပေါ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ဒဏ်ရာရတဲ့ တစ်ယောက်က ကားအောက်ဆင်းနပြေီးပြီ။ သေနတ် ဒဏ်ရာတွေ တွေ့ရတယ်။ နောက်တစ်ယောက်က ခြေထောက်မှာ သေနတ်ဒဏ်ရာရတယ်။ သီပေါပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်”ဟု နယ်စည်းမခြားပရဟိတလူမှုကူညီရေးအသင်းမှ ကိုမျိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သီပေါ မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း သီပေါမြို့နယ် ကုန်းသာကျေးရွာအနီးတွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက ၁၂ ဘီးယာဉ်မောင်းတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် နေရာတွင် သေဆုံးခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း နွားများ တင်ဆောင်လာသည့် ယာဉ်များအား အမည်မသိသေနတ်သမားများက ပစ်ခတ်ခဲ့မှု (၃) ကြိမ်ဖြစ်ပွားခဲ့ကာ၊ သေဆုံးသူ (၂) ဦးနှင့်ဒဏ်ရာရရှိသူ (၄) ဦး ရှိခဲ့သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~