လုပ္ငန္းတင္ဒါေလွ်ာက္ထားသည့္ကုမၸဏီမ်ားကို QC မွတ္တမ္းမ်ားျဖင့္ အကဲျဖတ္မည္

လုပ္ငန္းတင္ဒါေလွ်ာက္ထားသည့္ကုမၸဏီမ်ားကို QC မွတ္တမ္းမ်ားျဖင့္ အကဲျဖတ္မည္
မေ 24, 2018
By 🌸
မေကြးတိုင္းေဒသႀကီး ေဆာက္လုပ္ေရးနွင့္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာနတြင္ လုပ္ငန္းတင္ဒါ ေလွ်ာက္ထားသည့္ ကုမၸဏီမ်ားအား QC မွတ္တမ္းအေပၚအေျခခံ၍ အကဲျဖတ္မႈမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း တုိင္းေဒသႀကီး ေဆာက္လုပ္ေရးနွင့္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။

“လုပ္ငန္းတင္ဒါေအာင္ျမင္ၿပီး လုပ္ကိုင္ခြင့္ရထားတဲ့ ကုမၸဏီေတြရဲ႕ လုပ္ငန္းဆုိင္ရာအရည္အေသြး အကဲျဖတ္မွတ္တမ္း (QC record) ေတြကို ကၽြန္ေတာ္တုိ႔လက္ထဲမွာ စနစ္တက်သိမ္းဆည္းထားပါတယ္။ နွစ္စဥ္တင္ဒါၿပိဳင္ပြဲေတြေခၚတဲ့အခါမွာ သူတို႔တင္တဲ့ profile ဘယ္လုိပဲေကာင္းေနပါေစ QC မွတ္တမ္းေကာင္း မေကာင္း စိစစ္ၿပီးမွ အကဲျဖတ္မႈေတြလုပ္ေဆာင္သြားေတာ့မွာပါ”ဟု မေကြးတိုင္းေဒသႀကီး ေဆာက္လုပ္ ေရးနွင့္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီး ဦးတင္ႏြယ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာဝန္ခံျဖစ္သည့္ လမ္းဦးစီးဌာန၏ ဒုတိယညႊန္ၾကားေရးမွဴးက အေဆာက္အဦ၊ လုပ္ငန္း၊ ေနရာ၊ ကုမၸဏီနွင့္ စစ္ေဆးသည့္ရက္စြဲ အစရွိသည့္ အခ်က္အလက္မ်ားအား ဝန္ႀကီးထံတင္ျပရၿပီး ေဆာက္လုပ္ေရးလုပ္ငန္းစဥ္ အေသးစိတ္မ်ားမွစ၍ သက္မွတ္ခ်က္မ်ားနွင့္အညီ လုိက္နာမႈရွိ/မရွိ အရည္အေသြး ျပည့္မီျခင္းရွိ/မရွိတုိ႔ကို မွတ္တမ္းတင္ထားရေၾကာင္း သိရသည္။

“တင္ဒါေခၚၿပီဆုိရင္ ကုမၸဏီေတြရဲ႕ profile ကို စစ္ရမွာေပမဲ့ အဲဒီတစ္ခုတည္းနဲ႔ မျပည့္စံုေတာ့ဘူး။ စာရြက္ထဲမွာေတာ့ profile ကို လွေအာင္ေရးၾကမွာပဲ။ ဒါေၾကာင့္ QC record ေတြကုိ ကုိင္ထားၿပီး ေသ ခ်ာစိစစ္သြားေတာ့မွာပါ” ဟု ဝန္ႀကီးက ေျပာသည္။

QC မွတ္တမ္းကို အေျခခံ၍ တင္ဒါေရြးခ်ယ္မည့္စနစ္ျဖစ္ရာ လုပ္ငန္းလုပ္ကိုင္လိုသည့္ ကုမၸဏီမ်ားအေနျဖင့္ လုပ္ငန္းမ်ားအား အရည္အေသြး ျပည့္မီစြာ လုပ္ေဆာင္ထားသည့္မွတ္တမ္းမ်ားရိွရန္ လုိအပ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
လုပ်ငန်းတင်ဒါလျှောက်ထားသည့်ကုမ္ပဏီများကို QC မှတ်တမ်းများဖြင့် အကဲဖြတ်မည်
************
မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် လုပ်ငန်းတင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများအား QC မှတ်တမ်းအပေါ်အခြေခံ၍ အကဲဖြတ်မှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“လုပ်ငန်းတင်ဒါအောင်မြင်ပြီး လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆိုင်ရာအရည်အသွေး အကဲဖြတ်မှတ်တမ်း (QC record) တွေကို ကျွန်တော်တို့လက်ထဲမှာ စနစ်တကျသိမ်းဆည်းထားပါတယ်။ နှစ်စဉ်တင်ဒါပြိုင်ပွဲတွေခေါ်တဲ့အခါမှာ သူတို့တင်တဲ့ profile ဘယ်လိုပဲကောင်းနေပါစေ QC မှတ်တမ်းကောင်း မကောင်း စိစစ်ပြီးမှ အကဲဖြတ်မှုတွေလုပ်ဆောင်သွားတော့မှာပါ”ဟု မကွေးတိုင်းဒေသကြီး ဆောက်လုပ် ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာဝန်ခံဖြစ်သည့် လမ်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးက အဆောက်အဦ၊ လုပ်ငန်း၊ နေရာ၊ ကုမ္ပဏီနှင့် စစ်ဆေးသည့်ရက်စွဲ အစရှိသည့် အချက်အလက်များအား ဝန်ကြီးထံတင်ပြရပြီး ဆောက်လုပ်ရေးလုပ်ငန်းစဉ် အသေးစိတ်များမှစ၍ သက်မှတ်ချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ အရည်အသွေး ပြည့်မီခြင်းရှိ/မရှိတို့ကို မှတ်တမ်းတင်ထားရကြောင်း သိရသည်။

“တင်ဒါခေါ်ပြီဆိုရင် ကုမ္ပဏီတွေရဲ့ profile ကို စစ်ရမှာပေမဲ့ အဲဒီတစ်ခုတည်းနဲ့ မပြည့်စုံတော့ဘူး။ စာရွက်ထဲမှာတော့ profile ကို လှအောင်ရေးကြမှာပဲ။ ဒါကြောင့် QC record တွေကို ကိုင်ထားပြီး သေ ချာစိစစ်သွားတော့မှာပါ” ဟု ဝန်ကြီးက ပြောသည်။

QC မှတ်တမ်းကို အခြေခံ၍ တင်ဒါရွေးချယ်မည့်စနစ်ဖြစ်ရာ လုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများအား အရည်အသွေး ပြည့်မီစွာ လုပ်ဆောင်ထားသည့်မှတ်တမ်းများရှိရန် လိုအပ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~