စတံုႀကိဳးဝိုင္းအတြင္းမွ တရားမဝင္သစ္စက္ႏွင့္ သစ္ခဲြသားမ်ား သိမ္းဆည္းရမိ

စတံုႀကိဳးဝိုင္းအတြင္းမွ တရားမဝင္သစ္စက္ႏွင့္ သစ္ခဲြသားမ်ား သိမ္းဆည္းရမိ
မေ 1, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕နယ္၊ စတံုႀကိဳးဝိုင္းအတြင္းမွ တရားမဝင္ သစ္စက္နွင့္အတူ ခဲြသားသစ္မ်ားကို ဧၿပီလ (၃၀)ရက္ေန႔က သိမ္းဆည္းရမိခဲ့ေၾကာင္း ၿမိဳ႕သစ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနထံမွ သိရသည္။

"ကြ်န္ေတာ္တုိ႔အဖြဲ႔ ကြင္းဆင္းစစ္ေဆးတာမွာ တရားမဝင္သစ္ခြဲေနေၾကာင္း သတင္းရရွိတဲ့အတြက္ ေနာက္ခ်န္အင္အား (၈)ဦးကို ေခၚယူျဖည့္တင္းၿပီး သိမ္းဆည္းရမိခဲ့တာျဖစ္ပါတယ္။ တရားမဝင္သစ္စက္ လုပ္ ကိုင္ေဆာင္ရြက္ေနတဲ့ ပိုင္ရွင္ကိုေတာ့ ဖမ္းဆီးရမိနုိင္ေရးအတြက္ ေတာနင္းရွာေဖြလွ်က္ရွိပါတယ္"ဟု ၿမိဳ႕ နယ္သစ္ေတာဦးစီးဌာနမွ သစ္ေတာအရာရိွတစ္ဦးက ေျပာသည္။

ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွတာဝန္ရိွသူမ်ားသည္ ဧၿပီလ (၃၀) ရက္၊ ေန႔လယ္ (၁၂)နာရီအခ်ိန္ခန္႔တြင္ စတံုႀကိဳးဝိုင္းအတြင္းသုိ႔ ဓမၼတာမ်ိဳးဆက္အတြက္ ကြင္းဆင္းစစ္ေဆးရာမွ အကြက္အမွတ္(၂၀၂/၂၀၃) ေဂြးခ်ိဳရိုးအတြင္း၌ တရားမဝင္သစ္စက္ (CHANG CHAI Since-1939) ဒီဇယ္အင္ဂ်င္(၁)လံုး ရွပ္တန္းပါ ေလွ်ာက္လမ္း(၁)စံု၊ (၃)ေပလႊဝိုင္း (၁)ခ်ပ္၊ (၄)ေပလႊဝိုင္း (၁)ခ်ပ္၊ (၃၄)ေပရွည္ပတၱားႀကိဳး(၁)ေခ်ာင္း၊ သစ္(၂)တန္ခန္႔ ေတြ႔ရွိသိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္နွင့္ပတ္သက္၍ တရားမဝင္သစ္စက္နွင့္သစ္မ်ားအား သစ္ေတာဥပေဒနွင့္အညီ သိမ္းဆည္း၍ ပိုင္ရွင္ကို အျမန္ဆံုးေဖာ္ထုတ္ဖမ္းဆီးရမိနို္င္ေရးအတြက္ ေတာနင္းရွာေဖြေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - သစ္ေတာဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ စတုံကြိုးဝိုင်းအတွင်းမှ တရားမဝင် သစ်စက်နှင့်အတူ ခွဲသားသစ်များကို ဧပြီလ (၃၀)ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။

"ကျွန်တော်တို့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာမှာ တရားမဝင်သစ်ခွဲနေကြောင်း သတင်းရရှိတဲ့အတွက် နောက်ချန်အင်အား (၈)ဦးကို ခေါ်ယူဖြည့်တင်းပြီး သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ တရားမဝင်သစ်စက် လုပ် ကိုင်ဆောင်ရွက်နေတဲ့ ပိုင်ရှင်ကိုတော့ ဖမ်းဆီးရမိနိုင်ရေးအတွက် တောနင်းရှာဖွေလျှက်ရှိပါတယ်"ဟု မြို့ နယ်သစ်တောဦးစီးဌာနမှ သစ်တောအရာရှိတစ်ဦးက ပြောသည်။

မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများသည် ဧပြီလ (၃၀) ရက်၊ နေ့လယ် (၁၂)နာရီအချိန်ခန့်တွင် စတုံကြိုးဝိုင်းအတွင်းသို့ ဓမ္မတာမျိုးဆက်အတွက် ကွင်းဆင်းစစ်ဆေးရာမှ အကွက်အမှတ်(၂၀၂/၂၀၃) ဂွေးချိုရိုးအတွင်း၌ တရားမဝင်သစ်စက် (CHANG CHAI Since-1939) ဒီဇယ်အင်ဂျင်(၁)လုံး ရှပ်တန်းပါ လျှောက်လမ်း(၁)စုံ၊ (၃)ပေလွှဝိုင်း (၁)ချပ်၊ (၄)ပေလွှဝိုင်း (၁)ချပ်၊ (၃၄)ပေရှည်ပတ္တားကြိုး(၁)ချောင်း၊ သစ်(၂)တန်ခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်သစ်စက်နှင့်သစ်များအား သစ်တောဥပဒေနှင့်အညီ သိမ်းဆည်း၍ ပိုင်ရှင်ကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနို်င်ရေးအတွက် တောနင်းရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သစ်တောဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~