
မေ 26, 2018
By 🌸




~~~~~~~~⊰❂ unicode ~~~~~~~~
ကရင်နီပြည်နယ် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ လွိုင်ကော်တွင် သုံးရက်ကြာကျင်းပနေ
****************
ကရင်နီပြည်နယ် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲအား ၂၀၁၈ ခုနှစ် မေလ (၂၆) ရက်နေ့မှ (၂၈)ရက်နေ့အထိ လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပနေကြောင်း သိရသည်။

အဆိုပါနှီးနှောဖလှယ်ပွဲတွင် လူထုသဘောထားများကို အခြေခံသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်အချို့၊ ကယားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ကယားပြည်နယ်တွင်းမှ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံလူထု တက်ရောက်ဆွေးနွေးနေကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~