ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းမ်ားကို ဇူလိုင္လ ၂ ရက္ေန႔တြင္ စတင္ တင္သြင္းရမည္

ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းမ်ားကို ဇူလိုင္လ ၂ ရက္ေန႔တြင္ စတင္ တင္သြင္းရမည္
မေ 27, 2018
By 🌸
မဲဆႏၵနယ္ (၁၃)ေနရာအတြက္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၃)ရက္ေန႔တြင္က်င္းပမည့္ ၾကားျဖတ္ေရြးေကာက္ပြဲ အတြက္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းမ်ားကို ဇူလိုင္လ(၂)ရက္ေန႔မွ ဇူလုိင္လ (၁၁)ရက္ေန႔အထိ တင္သြင္းႏုိင္ၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္လ ေမလ (၂၅)ရက္ေန႔တြင္ ေၾကညာလုိက္သည္။

သက္ဆုိင္ရာလႊတ္ေတာ္အသီးသီး၏ မဲဆႏၵနယ္မ်ားအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းျခင္းကို ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၂)ရက္ေန႔မွ ဇူလုိင္လ(၁၁)ရက္ေန႔အထိ အမည္စာရင္း တင္သြင္းႏုိင္ၿပီး အမည္စာရင္း တင္သြင္းလႊာမ်ား ရုပ္သိမ္းလုိပါက ရုပ္သိမ္းျခင္းကို ဇူလုိင္လ (၁၃)ရက္ေန႔ ေနာက္ဆံုးထား၍ ရုပ္သိမ္းႏုိင္ကာ ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းလႊာမ်ား စိစစ္ျခင္းကို ဇူလုိင္လ (၁၆)ရက္ေန႔မွ (၂၂)ရက္ေန႔အထိ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေကာ္မရွင္က ေၾကညာခ်က္အမွတ္ (၇၃/၂၀၁၈) ျဖင့္ ေမလ (၂၅)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာလုိက္ျခင္းျဖစ္သည္။

လႊတ္ေတာ္အသီးသီးတြင္ လႊတ္ေတာ္ကိုယ္စားလွယ္လစ္လပ္ေနေသာ မဲဆႏၵနယ္ (၁၃)ေနရာအတြက္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၃)ရက္ေန႔တြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား က်င္းပမည္ျဖစ္ေၾကာင္း ေမလ (၈)ရက္ေန႔တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားျခင္းျဖစ္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္လစ္လပ္ေနသည့္ မဲဆႏၵနယ္မ်ားျဖစ္သည့္ ျပည္သူ႔လႊတ္ေတာ္အတြက္ ကန္ပက္လက္၊ လဲခ်ား၊ တာေမြ ႏွင့္ ျမင္းၿခံတို႔တြင္ လည္းေကာင္း၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ကခ်င္ျပည္နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၂) ျမစ္ႀကီးနားၿမိဳ႕တြင္ လည္းေကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အတြက္ မတူပီ၊ တမူး၊ အုတ္တြင္း၊ သပိတ္က်င္း၊ ရေသ့ေတာင္၊ မင္းဘူး၊ ဆိပ္ကမ္းႏွင့္ မႏၱေလးတုိင္းေဒသႀကီးလႊတ္ေတာ္ ရွမ္းတုိင္းရင္းသားလူမ်ိဳးမဲဆႏၵနယ္အတြက္ မႏၱေလးတုိင္းေဒသႀကီး (ျပည္ေထာင္စုနယ္ေျမမွအပ)တုိ႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ဇူလိုင်လ ၂ ရက်နေ့တွင် စတင် တင်သွင်းရမည်
***************
မဲဆန္ဒနယ် (၁၃)နေရာအတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ဇူလိုင်လ(၂)ရက်နေ့မှ ဇူလိုင်လ (၁၁)ရက်နေ့အထိ တင်သွင်းနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လ မေလ (၂၅)ရက်နေ့တွင် ကြေညာလိုက်သည်။

သက်ဆိုင်ရာလွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ(၁၁)ရက်နေ့အထိ အမည်စာရင်း တင်သွင်းနိုင်ပြီး အမည်စာရင်း တင်သွင်းလွှာများ ရုပ်သိမ်းလိုပါက ရုပ်သိမ်းခြင်းကို ဇူလိုင်လ (၁၃)ရက်နေ့ နောက်ဆုံးထား၍ ရုပ်သိမ်းနိုင်ကာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းကို ဇူလိုင်လ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်က ကြေညာချက်အမှတ် (၇၃/၂၀၁၈) ဖြင့် မေလ (၂၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ် (၁၃)နေရာအတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း မေလ (၈)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသည့် မဲဆန္ဒနယ်များဖြစ်သည့် ပြည်သူ့လွှတ်တော်အတွက် ကန်ပက်လက်၊ လဲချား၊ တာမွေ နှင့် မြင်းခြံတို့တွင် လည်းကောင်း၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) မြစ်ကြီးနားမြို့တွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် မန္တလေးတိုင်းဒေသကြီး (ပြည်ထောင်စုနယ်မြေမှအပ)တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~