နတ္ေမာက္ၿမိဳ႕ စည္ပင္သာယာေစ်းအနီးရိွ ေနအိမ္တစ္လံုးေရွ႕မွ လက္ပစ္ဗံုးႏွစ္လံုးေတြ႔ရိွ

နတ္ေမာက္ၿမိဳ႕ စည္ပင္သာယာေစ်းအနီးရိွ ေနအိမ္တစ္လံုးေရွ႕မွ လက္ပစ္ဗံုးႏွစ္လံုးေတြ႔ရိွ
မေ 28, 2018
By 🌸
မေကြးတုိင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕၊ ေစ်းရပ္ကြက္ရွိ ေနအိမ္တစ္လံုးေရွ႕တြင္ ၂၀၁၈ ခုႏွစ္ ေမလ(၂၈)ရက္ေန႔ နံနက္(၈)နာရီဝန္းက်င္က လက္ပစ္ဗံုးႏွစ္လံုး ေတြ႔ရွိရေၾကာင္း သိရသည္။

နတ္ေမာက္ၿမိဳ႕၊ ေစ်းရပ္ကြက္၊ ၿမိဳ႕မစည္ပင္သာယာေစ်းအေရွ႕ဘက္ရွိ ဦးေအာင္ဆယ္၏ ေနအိမ္ေစ်းဆုိင္ေရွ႕၌ တံျမက္စည္းလွည္းေနစဥ္ ေနအိမ္ေရွ႕ ရွိ တမာပင္ေအာက္ေျခမွ လက္ပစ္ဗံုးႏွစ္လံုးအား ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ပစ္ဗံုးႏွစ္လံုးေတြ႔ရွိေၾကာင္း နတ္ေမာက္ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားသျဖင့္ စခန္းမွဴး ဒုရဲမွဴးေက်ာ္ေက်ာ္စိုးနွင့္ တပ္ဖဲြ႔ဝင္မ်ား၊ ပင္မစစ္လက္နက္ပစၥည္းတပ္(နတ္ေမာက္)မွ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးရာ တမာပင္အျမစ္ေအာက္ေျခ၌ လက္ပစ္ဗံုး(၂)လံုးအား ေတြ႔ရွိရ၍ စစ္ေဆးရာ အသံုးျပဳမရသည့္ သံေခ်းတက္ေနသည့္ (၃၆)ခြင္းဗံုးမ်ားျဖစ္ေၾကာင္း သိရသည္။

အဆုိပါလက္ပစ္ဗံုးႏွစ္လံုးအား မေကြးၿမိဳ႕၊ အမွတ္(၉၁၀)၊ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ရင္း တပ္ခြဲ(၃)မွ တာဝန္ရွိသူထံသို႔ မြန္းလြဲ(၁၂)နာရီဝန္းက်င္တြင္ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
နတ်မောက်မြို့ စည်ပင်သာယာဈေးအနီးရှိ နေအိမ်တစ်လုံးရှေ့မှ လက်ပစ်ဗုံးနှစ်လုံးတွေ့ရှိ
***************
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့တွင် ၂၀၁၈ ခုနှစ် မေလ(၂၈)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်က လက်ပစ်ဗုံးနှစ်လုံး တွေ့ရှိရကြောင်း သိရသည်။

နတ်မောက်မြို့၊ ဈေးရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးအရှေ့ဘက်ရှိ ဦးအောင်ဆယ်၏ နေအိမ်ဈေးဆိုင်ရှေ့၌ တံမြက်စည်းလှည်းနေစဉ် နေအိမ်ရှေ့ ရှိ တမာပင်အောက်ခြေမှ လက်ပစ်ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ပစ်ဗုံးနှစ်လုံးတွေ့ရှိကြောင်း နတ်မောက်မြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် စခန်းမှူး ဒုရဲမှူးကျော်ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပင်မစစ်လက်နက်ပစ္စည်းတပ်(နတ်မောက်)မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ တမာပင်အမြစ်အောက်ခြေ၌ လက်ပစ်ဗုံး(၂)လုံးအား တွေ့ရှိရ၍ စစ်ဆေးရာ အသုံးပြုမရသည့် သံချေးတက်နေသည့် (၃၆)ခွင်းဗုံးများဖြစ်ကြောင်း သိရသည်။

အဆိုပါလက်ပစ်ဗုံးနှစ်လုံးအား မကွေးမြို့၊ အမှတ်(၉၁၀)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တပ်ခွဲ(၃)မှ တာဝန်ရှိသူထံသို့ မွန်းလွဲ(၁၂)နာရီဝန်းကျင်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~