မိုင္းေယာင္းၿမိဳ႕တြင္ အေျခခံစာၾကည့္တိုက္ပညာ ရက္တိုသင္တန္း ဖြင့္လွစ္ပို႔ခ်

မိုင္းေယာင္းၿမိဳ႕တြင္ အေျခခံစာၾကည့္တိုက္ပညာ ရက္တိုသင္တန္း ဖြင့္လွစ္ပို႔ခ်
မေ 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္တြင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံစာၾကည့္တိုက္မ်ားေဖာင္ေဒးရွင္းတို႔ ပူးေပါင္း ဖြင့္လွစ္သည့္ အေျခခံ စာၾကည့္တိုက္ ပညာ သင္တန္း (၁/၂၀၁၈) ကို မိုင္းေယာင္းၿမိဳ႕နယ္ ျပန္/ဆက္ရံုးရွိ Community Centre၌ ေမလ (၁၅) ရက္ေန႔က ဖြင့္လွစ္လုိက္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း စာၾကည့္တိုက္မ်ားေဖာင္ေဒးရွင္းသည္ ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္းရွိ ရပ္ကြက္ႏွင့္ ေက်းရြာစာၾကည့္တိုက္မ်ား တိုးပြားေရး၊ စံ(၅)ရပ္ညီ စာၾကည့္တိုက္မ်ား အျဖစ္ ရွင္သန္ ဖြံ႔ၿဖိဳးေရးအတြက္ ျပန္/ဆက္ဦးစီးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိရာ အေျခခံ စာၾကည့္တိုက္ပညာ သင္တန္းကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၌ ယခုႏွစ္အတြင္း ပထမဦးဆံုးအႀကိမ္အျဖစ္ မိုင္းေယာင္းၿမိဳ႕တြင္ ရက္တိုသင္တန္း အျဖစ္ တစ္ရက္ၾကာ လာေရာက္ ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

သင္တန္းဖြင့္ပြဲတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း စာၾကည့္တိုက္မ်ား ေဖာင္ေဒးရွင္း ဒုတိယဥကၠ႒ ဦးစိုင္းဆမ္တစ္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ အတြင္းေရးမွဴး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အား ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးမွဴး ဦးဝင္းေအာင္၊ က်ိဳင္းတံုခရိုင္ျပန္/ဆက္ဦးစီးမွဴး ဦးသန္းျမင့္၊ မိုင္းေယာင္းၿမိဳ႕နယ္ျပန္/ဆက္ ဦးစီးမွဴး ဦးစိုင္းေအာင္ေဇာ္လင္းႏွင့္ စာၾကည့္တိုက္လက္ေထာက္(၃) ေဒၚနန္းပန္တို႔ႏွင့္ အတူ မုိင္းေယာင္းၿမိဳ႕နယ္အတြင္းမွ ရပ္ကြက္ႏွင့္ ေက်းရြာစာၾကည့္တိုက္မ်ားမွ စာၾကည့္တိုက္မွဴး (၃၀)ဦး တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - အားခ်ာ(မုိင္းေယာင္း)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံ စာကြည့်တိုက် ပညာ သင်တန်း (၁/၂၀၁၈) ကို မိုင်းယောင်းမြို့နယ် ပြန်/ဆက်ရုံးရှိ Community Centre၌ မေလ (၁၅) ရက်နေ့က ဖွင့်လှစ်လိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း စာကြည့်တိုက်များဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ တိုးပွားရေး၊ စံ(၅)ရပ်ညီ စာကြည့်တိုက်များ အဖြစ် ရှင်သန် ဖွံ့ဖြိုးရေးအတွက် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အခြေခံ စာကြည့်တိုက်ပညာ သင်တန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း၌ ယခုနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မိုင်းယောင်းမြို့တွင် ရက်တိုသင်တန်း အဖြစ် တစ်ရက်ကြာ လာရောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းအောင်၊ ကျိုင်းတုံခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးသန်းမြင့်၊ မိုင်းယောင်းမြို့နယ်ပြန်/ဆက် ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းနှင့် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်တို့နှင့် အတူ မိုင်းယောင်းမြို့နယ်အတွင်းမှ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူး (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~