MPT ဆက္သြယ္ေရးကုမၸဏီမွ တာဝါတိုင္မ်ား သယ္လာသည့္ကား မီးေလာင္မႈျဖစ္ပြား

MPT ဆက္သြယ္ေရးကုမၸဏီမွ တာဝါတိုင္မ်ား သယ္လာသည့္ကား မီးေလာင္မႈျဖစ္ပြား
မေ 30, 2018
By 🌸
MPT ဆက္သြယ္ေရးကုမၸဏီမွ တာဝါတိုင္ပစၥည္းမ်ား သယ္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္တစ္စီး  ၂၀၁၈ခုႏွစ္၊ ေမလ (၂၉) ရက္ေန႔တြင္ ရန္ကုန္ - စစ္ေတြ ကားလမ္း၌ မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

ရန္ကုန္ - စစ္ေတြ ကားလမ္း မိုင္တိုင္(၉၀/၇)ႏွင့္ (၉၁)ၾကား ဖားေပ်ာ္(ရခိုင္)ေက်း႐ြာအနီးတြင္ နံနက္ (၉)နာရီ မိနစ္ (၂၀)ဝန္းက်င္က  ယာဥ္ေမာင္း ေအးေသာင္း ေမာင္းႏွင္ၿပီး ငေတာက္ (ခ)ေနေအာင္ လိုက္ပါလာသည့္ Canter (၆) ဘီးယာဥ္သည္ ကားဘတၳရီေရွာ့ျဖစ္၍ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး မိနစ္(၂၀)ခန္႔အၾကာတြင္ မီးၿငိမ္းသြားခဲ့ကာ ထိခိုက္ဒဏ္ရာရမႈမရိွေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေအးေသာင္းအား မင္းျပားၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၁၅/ ၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ (မီးေလာင္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
MPT ဆက်သွယ်ရေးကုမ္ပဏီမှ တာဝါတိုင်များ သယ်လာသည့်ကား မီးလောင်မှုဖြစ်ပွား
*****************
MPT ဆက်သွယ်ရေးကုမ္ပဏီမှ တာဝါတိုင်ပစ္စည်းများ သယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီး  ၂၀၁၈ခုနှစ်၊ မေလ (၂၉) ရက်နေ့တွင် ရန်ကုန် - စစ်တွေ ကားလမ်း၌ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန် - စစ်တွေ ကားလမ်း မိုင်တိုင်(၉၀/၇)နှင့် (၉၁)ကြား ဖားပျော်(ရခိုင်)ကျေးရွာအနီးတွင် နံနက် (၉)နာရီ မိနစ် (၂၀)ဝန်းကျင်က  ယာဉ်မောင်း အေးသောင်း မောင်းနှင်ပြီး ငတောက် (ခ)နေအောင် လိုက်ပါလာသည့် Canter (၆) ဘီးယာဉ်သည် ကားဘတ္ထရီရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မိနစ်(၂၀)ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကာ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း အေးသောင်းအား မင်းပြားမြို့မရဲစခန်းတွင် (ပ) ၁၁၅/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~