
မေ 26, 2018
By 🌸


သတင်း၊ဓါတ်ပုံ #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မှ ဌာနဆိုင်ရာများနှင့် တပ်မတော်၊ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့တို့ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် မေလ(၂၆)ရက်နေ့တွင် မိုင်းဖြတ်မြို့ရှိ ဌာနဆိုင်ရာများနှင့် တပ်မတော်၊ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့တို့ စုပေါင်းရှင်းလင်းကြကြောင်း သိရသည်။
ကျောင်းဖွင့်ရာသီတွင် ကျောင်းဝင်းများအတွင်း စုပေါင်းရှင်းလင်းခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများ ပူးပေါင်းဆောင်ရွက်ကြပြီး အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုးတင့်နှင့် တပ်မတော်အရာရှိများ၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လံကြည့်ရှုကြကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ကိုသာ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~