က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ သြားဘက္ဆုိင္ရာေဆးႏွင့္ ေဆးပစၥည္း အတုမ်ား တင္သြင္းသည့္ ကုမၸဏီကို အမ်ိဳးသားေဆးဝါးဥပေဒအျပင္ တရားမေၾကာင္းအရလည္း တရားစြဲဆိုမည္

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ သြားဘက္ဆုိင္ရာေဆးႏွင့္ ေဆးပစၥည္း အတုမ်ား တင္သြင္းသည့္ ကုမၸဏီကို အမ်ိဳးသားေဆးဝါးဥပေဒအျပင္ တရားမေၾကာင္းအရလည္း တရားစြဲဆိုမည္
မေ 30, 2018
By 🌸
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ သြားဘက္ဆုိင္ရာေဆးႏွင့္ ေဆးပစၥည္း အတုမ်ား တင္သြင္းသည့္ ကုမၸဏီကို အမ်ိဳးသားေဆးဝါးဥပေဒပါ ျပစ္မႈေၾကာင္းအရ လည္းေကာင္း၊ တရားမေၾကာင္းအရ လည္းေကာင္း တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာၾကားသည္။

အဆိုပါ သြားဘက္ဆုိင္ရာေဆးႏွင့္ ေဆးပစၥည္းအတုမ်ားအား တိုင္းႏွင့္ျပည္နယ္အသီးသီးရိွ ေဆးရံုမ်ားတြင္ ျဖန္႔ျဖဴးထားသျဖင့္ အတုမွန္းသိခ်ိန္တြင္ အသံုးျပဳမႈရပ္ဆုိင္းထားရျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ေမလ (၂၉) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ပန္ေတာင္းမဲဆႏၵနယ္မွ ေဒၚခင္ႏွင္းသစ္က သြားဘက္ဆိုင္ရာေဆးႏွင့္ ေဆးပစၥည္းအတုမ်ားကို တိုင္းႏွင့္ျပည္နယ္ အသီးသီးရွိ ေဆး႐ုံမ်ားသို႔ ျဖန္႔ျဖဴးထားျခင္း၊ အတုမွန္းသိ၍ သုံးစြဲျခင္း မျပဳလုပ္ရန္ ရပ္ဆိုင္းထားရျခင္းတို႔ ျဖစ္ခဲ့ျခင္းေၾကာင့္ အဆိုပါ အတုသြင္းသူ၊ အတုမွန္းသိလ်က္ႏွင့္ လက္ခံၿပီး ျဖန္႔ေဝေပးေသာ သက္ဆိုင္သူတို႔အား ေဖာ္ထုတ္ အေရးယူေဆာင္႐ြက္ရန္ႏွင့္ ေနာင္တြင္ အလားတူကိစၥမ်ား လုံး၀ထပ္မံမျဖစ္ေပၚေစရန္ မည္သို႔ စီစဥ္ေဆာင္ ႐ြက္ထားသည္ကို သိလိုျခင္းႏွင့္ စပ္လ်ဥ္း၍ေမးျမန္းခဲ့ျခင္းအား ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေဆးႏွင့္ေဆးပစၥည္းအတုမ်ား တင္သြင္းသည့္ကိစၥႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၂၈) ရက္ေန႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ စီမံခန္႔ခြဲေရး ေကာ္မတီ အမွတ္စဥ္ (၂/၂၀၁၈)တြင္ ေရွ႕ေနခ်ဳပ္႐ုံး၏ျပန္ၾကားခ်က္အတိုင္း အမ်ိဳးသားေဆး ဝါးဥပေဒပါ ျပစ္မႈ ေၾကာင္းအရ လည္းေကာင္း၊ တရားမေၾကာင္းအရ လည္းေကာင္း တရားစြဲဆိုေဆာင္႐ြက္ရန္ ဆုံးျဖတ္ခဲ့ပါေၾကာင္း အဆိုပါေမးခြန္းႏွင့္ စပ္လ်ဥ္း၍ က်န္းမာေရးႏွင့္အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက လႊတ္ေတာ္တြင္ ေျဖၾကားသည္။

ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္၊ ဘုရားကုန္းရဲစခန္းတြင္ အမ်ိဳးသားေဆးဝါး ဥပေဒပါ ျပစ္မႈေၾကာင္းအရ အမႈဖြင့္အေရးယူေပးရန္ အေၾကာင္းၾကားထားၿပီျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္လည္း ေဆးႏွင့္ေဆးပစၥည္းမ်ားလက္ခံေရးေကာ္မတီကို စနစ္တက်ဖြဲ႔စည္းထားၿပီး တင္ဒါလာေရာက္သြင္းစဥ္က ေပးေသာနမူနာပစၥည္းမ်ားႏွင့္ ကုိက္ညီျခင္းရွိ/မရွိ အထူးဂ႐ုျပဳ၍ တိုက္ဆုိင္စစ္ေဆးျခင္းကို ေဆာင္ရြက္ေနကာ ပစၥည္းတင္သြင္းသည့္ကုမၸဏီကိုလည္း တင္ဒါတင္သြင္းစဥ္ သတ္မွတ္ထားသည့္ အရည္အေသြး၊ စံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီရန္အတြက္ တာဝန္ယူေၾကာင္း လက္မွတ္ ထိုးခိုင္းထားေၾကာင္း သိရသည္။

၎အျပင္ လာေရာက္ယွဥ္ၿပိဳင္စဥ္ မူလထုတ္လုပ္သည့္ တရားဝင္ကိုယ္စား လွယ္လႊဲစာ(Letter of Authorization) ကိုေတာင္းခံျခင္း၊ စိစစ္ျခင္းတို႔ကိုျပဳလုပ္သည့္အျပင္ လိုအပ္ပါက Letter of Authorization ေပးေသာကုမၸဏီကို ဆက္သြယ္စိစစ္ျခင္းမ်ား ဆက္လက္ေတာင္းမည္ျဖစ္ေၾကာင္း သိရသည္။

ဝယ္ယူရာတြင္ အမ်ိဳးသားေဆးဝါးဥပေဒအရ မွတ္ပုံတင္ရွိထားေသာေဆးဝါးျဖစ္ရန္ႏွင့္ ေဆးဝါးတင္သြင္းခြင့္ လုပ္ငန္းလုပ္ခြင့္ လက္မွတ္ရ တရားဝင္ကိုယ္စားလွယ္မ်ားသာ လက္ခံၿပီး ပစၥည္းဖြင့္ေဖာက္စိစစ္လက္ခံရာတြင္ လိုက္နာရမည့္ Standard Operation Producer မ်ားေရးဆြဲျခင္း၊ Check List မ်ားျပဳစု၍ ပစၥည္းမ်ားကို လက္ခံျခင္း၊ ေဆးဝါးပစၥည္းမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဂိုေဒါင္မ်ားတြင္ ထားသိုႏိုင္ရန္ ဂိုေဒါင္မ်ားကို တိုးခ်ဲ႕ရန္ ၂၀၁၈-၁၉ ဘတ္ဂ်က္ႏွစ္တြင္ လ်ာထားေဆာင္ရြက္ျခင္းမ်ား လုပ္ေဆာင္ထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ သွားဘက်ဆိုင်ရာဆေးနှင့် ဆေးပစ္စည်း အတုများ တင်သွင်းသည့် ကုမ္ပဏီကို အမျိုးသားဆေးဝါးဥပဒေအပြင် တရားမကြောင်းအရလည်း တရားစွဲဆိုမည်
*****************
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ သွားဘက်ဆိုင်ရာဆေးနှင့် ဆေးပစ္စည်း အတုများ တင်သွင်းသည့် ကုမ္ပဏီကို အမျိုးသားဆေးဝါးဥပဒေပါ ပြစ်မှုကြောင်းအရ လည်းကောင်း၊ တရားမကြောင်းအရ လည်းကောင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

အဆိုပါ သွားဘက်ဆိုင်ရာဆေးနှင့် ဆေးပစ္စည်းအတုများအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် ဖြန့်ဖြူးထားသဖြင့် အတုမှန်းသိချိန်တွင် အသုံးပြုမှုရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပန်တောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က သွားဘက်ဆိုင်ရာဆေးနှင့် ဆေးပစ္စည်းအတုများကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ဖြူးထားခြင်း၊ အတုမှန်းသိ၍ သုံးစွဲခြင်း မပြုလုပ်ရန် ရပ်ဆိုင်းထားရခြင်းတို့ ဖြစ်ခဲ့ခြင်းကြောင့် အဆိုပါ အတုသွင်းသူ၊ အတုမှန်းသိလျက်နှင့် လက်ခံပြီး ဖြန့်ဝေပေးသော သက်ဆိုင်သူတို့အား ဖော်ထုတ် အရေးယူဆောင်ရွက်ရန်နှင့် နောင်တွင် အလားတူကိစ္စများ လုံးဝထပ်မံမဖြစ်ပေါ်စေရန် မည်သို့ စီစဉ်ဆောင် ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍မေးမြန်းခဲ့ခြင်းအား ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆေးနှင့်ဆေးပစ္စည်းအတုများ တင်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲရေး ကော်မတီ အမှတ်စဉ် (၂/၂၀၁၈)တွင် ရှေ့နေချုပ်ရုံး၏ပြန်ကြားချက်အတိုင်း အမျိုးသားဆေး ဝါးဥပဒေပါ ပြစ်မှု ကြောင်းအရ လည်းကောင်း၊ တရားမကြောင်းအရ လည်းကောင်း တရားစွဲဆိုဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လွှတ်တော်တွင် ဖြေကြားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းတွင် အမျိုးသားဆေးဝါး ဥပဒေပါ ပြစ်မှုကြောင်းအရ အမှုဖွင့်အရေးယူပေးရန် အကြောင်းကြားထားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်လည်း ဆေးနှင့်ဆေးပစ္စည်းများလက်ခံရေးကော်မတီကို စနစ်တကျဖွဲ့စည်းထားပြီး တင်ဒါလာရောက်သွင်းစဉ်က ပေးသောနမူနာပစ္စည်းများနှင့် ကိုက်ညီခြင်းရှိ/မရှိ အထူးဂရုပြု၍ တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်နေကာ ပစ္စည်းတင်သွင်းသည့်ကုမ္ပဏီကိုလည်း တင်ဒါတင်သွင်းစဉ် သတ်မှတ်ထားသည့် အရည်အသွေး၊ စံချိန်စံညွှန်းနှင့် ကိုက်ညီရန်အတွက် တာဝန်ယူကြောင်း လက်မှတ် ထိုးခိုင်းထားကြောင်း သိရသည်။

၎င်းအပြင် လာရောက်ယှဉ်ပြိုင်စဉ် မူလထုတ်လုပ်သည့် တရားဝင်ကိုယ်စား လှယ်လွှဲစာ(Letter of Authorization) ကိုတောင်းခံခြင်း၊ စိစစ်ခြင်းတို့ကိုပြုလုပ်သည့်အပြင် လိုအပ်ပါက Letter of Authorization ပေးသောကုမ္ပဏီကို ဆက်သွယ်စိစစ်ခြင်းများ ဆက်လက်တောင်းမည်ဖြစ်ကြောင်း သိရသည်။
ဝယ်ယူရာတွင် အမျိုးသားဆေးဝါးဥပဒေအရ မှတ်ပုံတင်ရှိထားသောဆေးဝါးဖြစ်ရန်နှင့် ဆေးဝါးတင်သွင်းခွင့် လုပ်ငန်းလုပ်ခွင့် လက်မှတ်ရ တရားဝင်ကိုယ်စားလှယ်များသာ လက်ခံပြီး ပစ္စည်းဖွင့်ဖောက်စိစစ်လက်ခံရာတွင် လိုက်နာရမည့် Standard Operation Producer များရေးဆွဲခြင်း၊ Check List များပြုစု၍ ပစ္စည်းများကို လက်ခံခြင်း၊ ဆေးဝါးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဂိုဒေါင်များတွင် ထားသိုနိုင်ရန် ဂိုဒေါင်များကို တိုးချဲ့ရန် ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် လျာထားဆောင်ရွက်ခြင်းများ လုပ်ဆောင်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~