ရွဥ့္ႏွစ္ေကာင္ေၾကာင့္ ထရန္စေဖာ္မာအသစ္လဲေနရသည့္ မက်ည္းကန္ဓာတ္အားခဲြရံု ခန္႔မွန္းရက္ထက္ ေနာက္က်ၿပီး ဓါတ္အားေပးႏုိင္မည္

ရွဥ့္ႏွစ္ေကာင္ေၾကာင့္ ထရန္စေဖာ္မာအသစ္လဲေနရသည့္ မက်ည္းကန္ဓာတ္အားခဲြရံု ခန္႔မွန္းရက္ထက္ ေနာက္က်ၿပီး ဓါတ္အားေပးႏုိင္မည္
မေ 4, 2018
By 🌸
မေကြးၿမိဳ႕ မက်ည္းကန္ဓာတ္အားခဲြရံုတြင္ ရွဥ့္ႏွစ္ေကာင္ေၾကာင့္ ေလာင္ကၽြမ္းသြားသည့္ ထရန္စေဖာ္မာမ်ား ေနရာတြင္ အစားထိုးတပ္ဆင္မည့္စက္မ်ား ေမလ (၄)ရက္ေန႔တြင္ ေရာက္ရိွလာၿပီျဖစ္ေသာ္လည္း မူလခန္႔မွန္းရက္ျဖစ္သည့္ ေမလ (၅)ရက္ေန႔အမီ လွ်ပ္စစ္ဓါတ္အား ေပးႏုိင္ဖြယ္မရိွေသးေၾကာင္း သိရသည္။

" မူလက ေမလ(၅)ရက္ ညေနပိုင္းေလာက္ လွ်ပ္စစ္မီးျပန္ေပးႏိုင္လိမ္႔မယ္လို႔ ခန္႔မွန္းခဲ႔ေပမဲ့ ထရန္စေဖာ္မာေတြ သယ္ေဆာင္လာတဲ႔ ယာဥ္တန္းက ေမလ(၃)ရက္ေန႔ေရာက္ရိွရမွာကို အခက္အခဲေၾကာင္႔ ေမလ(၄)ရက္ေန႔ မနက္ပိုင္းက်မွ ေရာက္လာႏိုင္တာေၾကာင့္ရယ္၊ အျခားေမွ်ာ္မွန္းမထားတဲ႔ အခက္အခဲေတြနဲ႔လည္း ရင္ဆိုင္ေနရတာေၾကာင္႔ ေန႔မအားညမနားလုပ္ေဆာင္ေနၾကေပမဲ့ ခန္႔မွန္းရက္ထက္ အနည္းငယ္ ေနာက္က်ႏိုင္ဖြယ္ေတာ႔ရိွပါတယ္"ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီး ဦးျမင္႔ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဓါတ္အားခြဲရံုတြင္ ေလာင္ကၽြမ္းသြားသည့္ ထရန္စေဖာ္မာႏွစ္လံုးႏွင့္ က်န္သည့္ ထရန္စေဖာ္မာတစ္လံုးကို အသစ္သံုးလံုးျဖင့္ အစားထိုးတပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ပူအိုက္တဲ႔ရာသီကလည္းျဖစ္ေတာ႔ ေရမီးျပႆနာေတြက ရိွတယ္ေလ။ ဒါေၾကာင္႔ အျမန္ဆံုး လွ်ပ္စစ္မီး ျပန္လည္ရရိွေအာင္ လွ်ပ္စစ္က တာဝန္ရိွသူေတြကလည္း ေနပူႀကီးထဲမွာကိုပဲ မနားမေန ေဆာင္ရြက္ေနၿပီး ေအာင္ေျမရတနာဆရာေတာ္မ်ားနဲ႔ ဦးေအးကိုကိုတို႔ ဦးေဆာင္တဲ႔ ေအာင္ေျမပရဟိတအဖဲြ႔နဲ႔ အျခားအလွဴရွင္ျပည္သူေတြကလည္း ဓာတ္ဆားေတြ၊ အားျဖည္႔အခ်ိဳရည္နဲ႔ အစားအေသာက္ေတြ လွဴဒါန္း ၾကပါတယ္"ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီး ဦးျမင္႔ေဇာ္က ေျပာသည္။

မက်ည္းကန္ဓာတ္အားခြဲရံုမွ ထရန္စေဖာ္မာေလာင္ကၽြမ္းမႈေၾကာင့္ ဧၿပီလ (၃၀)ရက္ေန႔မွစ၍ မေကြးၿမိဳ႕၏ သံုးပံုႏွစ္ပံုနွင့္ ေရနံေခ်ာင္းၿမိဳ႕တစ္ၿမိဳ႕လံုး လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္ကာ ေသာက္သံုးေရ အခက္အခဲလည္းရိွေနေၾကာင္း သိရသည္။

မေကြးၿမိဳ႕ႏွင္႔ ေရနံေခ်ာင္းၿမိဳ႕တို႔အား အုပ္စုေလးစုခြဲ၍ (၆)နာရီစီ အလွည့္က် လွ်ပ္စစ္ဓာတ္အား ျဖန္႔ေဝေပးခဲ႔ရာမွ လက္ရိွတြင္ (၃)နာရီစီ အလွည့္က်ေပးေနရေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ေအးကိုကို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှဉ့်နှစ်ကောင်ကြောင့် ထရန်စဖော်မာအသစ်လဲနေရသည့် မကျည်းကန်ဓာတ်အားခွဲရုံ ခန့်မှန်းရက်ထက် နောက်ကျပြီး ဓါတ်အားပေးနိုင်မည်
***********
မကွေးမြို့ မကျည်းကန်ဓာတ်အားခွဲရုံတွင် ရှဉ့်နှစ်ကောင်ကြောင့် လောင်ကျွမ်းသွားသည့် ထရန်စဖော်မာများ နေရာတွင် အစားထိုးတပ်ဆင်မည့်စက်များ မေလ (၄)ရက်နေ့တွင် ရောက်ရှိလာပြီဖြစ်သော်လည်း မူလခန့်မှန်းရက်ဖြစ်သည့် မေလ (၅)ရက်နေ့အမီ လျှပ်စစ်ဓါတ်အား ပေးနိုင်ဖွယ်မရှိသေးကြောင်း သိရသည်။

" မူလက မေလ(၅)ရက် ညနေပိုင်းလောက် လျှပ်စစ်မီးပြန်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ထရန်စဖော်မာတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းက မေလ(၃)ရက်နေ့ရောက်ရှိရမှာကို အခက်အခဲကြောင့် မေလ(၄)ရက်နေ့ မနက်ပိုင်းကျမှ ရောက်လာနိုင်တာကြောင့်ရယ်၊ အခြားမျှော်မှန်းမထားတဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် နေ့မအားညမနားလုပ်ဆောင်နေကြပေမဲ့ ခန့်မှန်းရက်ထက် အနည်းငယ် နောက်ကျနိုင်ဖွယ်တော့ရှိပါတယ်"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဓါတ်အားခွဲရုံတွင် လောင်ကျွမ်းသွားသည့် ထရန်စဖော်မာနှစ်လုံးနှင့် ကျန်သည့် ထရန်စဖော်မာတစ်လုံးကို အသစ်သုံးလုံးဖြင့် အစားထိုးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ပူအိုက်တဲ့ရာသီကလည်းဖြစ်တော့ ရေမီးပြဿနာတွေက ရှိတယ်လေ။ ဒါကြောင့် အမြန်ဆုံး လျှပ်စစ်မီး ပြန်လည်ရရှိအောင် လျှပ်စစ်က တာဝန်ရှိသူတွေကလည်း နေပူကြီးထဲမှာကိုပဲ မနားမနေ ဆောင်ရွက်နေပြီး အောင်မြေရတနာဆရာတော်များနဲ့ ဦးအေးကိုကိုတို့ ဦးဆောင်တဲ့ အောင်မြေပရဟိတအဖွဲ့နဲ့ အခြားအလှူရှင်ပြည်သူတွေကလည်း ဓာတ်ဆားတွေ၊ အားဖြည့်အချိုရည်နဲ့ အစားအသောက်တွေ လှူဒါန်း ကြပါတယ်"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

မကျည်းကန်ဓာတ်အားခွဲရုံမှ ထရန်စဖော်မာလောင်ကျွမ်းမှုကြောင့် ဧပြီလ (၃၀)ရက်နေ့မှစ၍ မကွေးမြို့၏ သုံးပုံနှစ်ပုံနှင့် ရေနံချောင်းမြို့တစ်မြို့လုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်ကာ သောက်သုံးရေ အခက်အခဲလည်းရှိနေကြောင်း သိရသည်။

မကွေးမြို့နှင့် ရေနံချောင်းမြို့တို့အား အုပ်စုလေးစုခွဲ၍ (၆)နာရီစီ အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးခဲ့ရာမှ လက်ရှိတွင် (၃)နာရီစီ အလှည့်ကျပေးနေရကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #အေးကိုကို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~