အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ၿပီး ထြက္ေျပးသြားသူအား ရဲတပ္ဖြဲ႕ နာရီပိုင္းအတြင္း ဖမ္းဆီးရမိ

အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ၿပီး ထြက္ေျပးသြားသူအား ရဲတပ္ဖြဲ႕ နာရီပိုင္းအတြင္း ဖမ္းဆီးရမိ
မေ 16, 2018
By Tachileik News Agency

အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္၍ ထြက္ေျပး တိမ္းေရွာင္သြားသူအား ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းက နာရီပိုင္းအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္ ေလးတိုင္စင္ေက်းရြာအုပ္စုမွ အသက္(၁၈)ႏွစ္အရြယ္မိန္းကေလးက ေမလ (၁၅)ရက္ေန႔ ည (၇)နာရီခြဲဝန္းက်င္တြင္ ေနအိမ္မွ (၅)ဖာလုံခန္႔အကြာရိွ  ဦးေလးျဖစ္သူ၏ ေနအိမ္သုိ႔ အလည္သြားေရာက္စဥ္ လမ္း၌ အဆိုပါရြာတြင္ေနထုိင္သည့္ အသက္ (၂၂)ႏွစ္အရြယ္ ေဌးေအာင္ဆိုသူက ယာကြင္းမ်ားဘက္ ပါးစပ္ပိတ္၍ ဆြဲေခၚသြားၿပီး အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အဓမၼျပဳက်င့္ၿပီး ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သတင္းအရ ၿမိဳ႕သစ္ၿမိဳ႕မရဲတပ္ဖြဲ႕က လိုက္လံ ရွာေဖြဖမ္းဆီးရာ နာရီပိုင္းအတြင္း ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဓမၼျပဳက်င့္သူ ေဌးေအာင္အား ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈၆/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်၍ ထွက်ပြေး တိမ်းရှောင်သွားသူအား မြို့သစ်မြို့မရဲစခန်းက နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အရွယ်မိန်းကလေးက မေလ (၁၅)ရက်နေ့ ည (၇)နာရီခွဲဝန်းကျင်တွင် နေအိမ်မှ (၅)ဖာလုံခန့်အကွာရှိ ဦးလေးဖြစ်သူ၏ နေအိမ်သို့ အလည်သွားရောက်စဉ် လမ်း၌ အဆိုပါရွာတွင်နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် ဌေးအောင်ဆိုသူက ယာကွင်းများဘက် ပါးစပ်ပိတ်၍ ဆွဲခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းအရ မြို့သစ်မြို့မရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေဖမ်းဆီးရာ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်သူ ဌေးအောင်အား မြို့သစ်မြို့မရဲစခန်းတွင် (ပ)၁၈၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~