မေကြးတြင္ ယခုႏွစ္အတြင္း စမံုနက္ႏွမ္းအစား ႏွမ္းအျဖဴစိုက္ပ်ိဳးသူမ်ားလာ

မေကြးတြင္ ယခုႏွစ္အတြင္း စမံုနက္ႏွမ္းအစား ႏွမ္းအျဖဴစိုက္ပ်ိဳးသူမ်ားလာ
မေ 26, 2018
By 🌸
မေကြးၿမိဳ႕နယ္အတြင္း ယခင္ႏွစ္က စိုက္ပ်ိဳးမႈမ်ားခဲ့သည့္ စမံုနက္ႏွမ္းမွာ ေစ်းေကာင္းမရခဲ့သျဖင့္ ယခုႏွစ္စိုက္ပ်ိဳးရာသီတြင္ ႏွမ္းျဖဴကို စိုက္ပ်ိဳးသူမ်ားလာေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။

"စမံုနက္ႏွမ္းက ေစ်းေကာင္းတုန္းကဆုိ က်ပ္(၇)ေသာင္းအထိ ျဖစ္ခဲ့ဖူးတယ္။ အဲဒီေနာက္ (၅) ေသာင္းေက်ာ္ ကေန (၃)ေသာင္းေက်ာ္ေလာက္အထိ ျဖစ္သြားတယ္။ ေျပာၾကတာကေတာ့ ဂ်ပန္ဝယ္လက္က ဓာတ္ၾကြင္းက်န္တာမ်ားလို႔ မဝယ္ဘူးျဖစ္သြားတယ္ ေျပာတာပဲ။ ဒါေၾကာင့္ ဒီနွစ္ေတာ့ ေရဆင္းစိုက္ပ်ိဳးေရးက ျဖန္႔တဲ့ နွမ္းအျဖဴမ်ိဳးေတြ အစိုက္မ်ားၿပီး စမံုနက္နဲ႔ နွမ္းနီကေတာ့ စုိက္ပ်ိဳးသူအေတာ္နည္းသြားတယ္"ဟု မေကြးၿမိဳ႕နယ္ ျမစ္သာစည္ေက်းရြာမွ ေတာင္သူ ဦးျမင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕နယ္အတြင္းရွိ ေတာင္သူအမ်ားစုမွာ ေမလပထမပတ္က မိုးရြာသြန္းခဲ့သျဖင့္ ေမလဒုတိယပတ္တြင္ နွမ္းကိုစတင္စုိက္ပ်ိဳးေနၾကၿပီေသာ္လည္း မိုးဆက္မရြာသျဖင့္ အခ်ိဳ႕ေက်းရြာမ်ားတြင္ စိုက္ပ်ိဳးမႈမၿပီးေသးေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတွင် ယခုနှစ်အတွင်း စမုံနက်နှမ်းအစား နှမ်းအဖြူစိုက်ပျိုးသူများလာ
****************
မကွေးမြို့နယ်အတွင်း ယခင်နှစ်က စိုက်ပျိုးမှုများခဲ့သည့် စမုံနက်နှမ်းမှာ ဈေးကောင်းမရခဲ့သဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် နှမ်းဖြူကို စိုက်ပျိုးသူများလာကြောင်း တောင်သူများထံမှ သိရသည်။

"စမုံနက်နှမ်းက ဈေးကောင်းတုန်းကဆို ကျပ်(၇)သောင်းအထိ ဖြစ်ခဲ့ဖူးတယ်။ အဲဒီနောက် (၅) သောင်းကျော် ကနေ (၃)သောင်းကျော်လောက်အထိ ဖြစ်သွားတယ်။ ပြောကြတာကတော့ ဂျပန်ဝယ်လက်က ဓာတ်ကြွင်းကျန်တာများလို့ မဝယ်ဘူးဖြစ်သွားတယ် ပြောတာပဲ။ ဒါကြောင့် ဒီနှစ်တော့ ရေဆင်းစိုက်ပျိုးရေးက ဖြန့်တဲ့ နှမ်းအဖြူမျိုးတွေ အစိုက်များပြီး စမုံနက်နဲ့ နှမ်းနီကတော့ စိုက်ပျိုးသူအတော်နည်းသွားတယ်"ဟု မကွေးမြို့နယ် မြစ်သာစည်ကျေးရွာမှ တောင်သူ ဦးမြင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ မေလပထမပတ်က မိုးရွာသွန်းခဲ့သဖြင့် မေလဒုတိယပတ်တွင် နှမ်းကိုစတင်စိုက်ပျိုးနေကြပြီသော်လည်း မိုးဆက်မရွာသဖြင့် အချို့ကျေးရွာများတွင် စိုက်ပျိုးမှုမပြီးသေးကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~