မႏၱေလးၿမိဳ႕တြင္ ေရႊဆိုင္အား ေန႔ခင္းပိုင္း ဝင္ေရာက္လုယက္သူႏွစ္ဦး လြတ္ေျမာက္ေန

မႏၱေလးၿမိဳ႕တြင္ ေရႊဆိုင္အား ေန႔ခင္းပိုင္း ဝင္ေရာက္လုယက္သူႏွစ္ဦး လြတ္ေျမာက္ေန
မေ 29, 2018
By 🌸
မႏၱေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကၽြန္းလုံးဥေသၽွာင္ရပ္ကြက္ စစ္ကိုင္း-မႏၲေလး ကားလမ္းေဘးရွိ ေရႊစင္ျမင့္မိုရ္ေရႊဆိုင္အတြင္း နံနက္ပိုင္းတြင္ဝင္ေရာက္ လုယက္ထြက္ေျပးသူႏွစ္ဦးအား ဖမ္းဆီးရမိေရး ရဲတပ္ဖြဲ႕က ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

ကၽြန္းလုံးဥေသၽွာင္ရပ္ကြက္ စစ္ကိုင္း-မႏၲေလး ကားလမ္းေဘးရွိ ေရႊစင္ျမင့္မိုရ္ေရႊဆိုင္တြင္ ၂၀၁၈ ခုႏွစ္၊ ေမလ (၂၈) ရက္ေန႔ နံနက္ (၁၀)နာရီ မိနစ္ (၄၀) အခ်ိန္က အမ်ိဳးသား ႏွစ္ဦး ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာကာ တစ္ဦးမွာ ဆိုင္အျပင္တြင္ ေစာင့္ေနၿပီး က်န္တစ္ဦးက ေရႊဆိုင္တြင္းသို႔ ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ၎၏အမ်ိဳးသမီးအတြက္ လက္ေကာက္ဝယ္ေပးခ်င္သည္ဟု ေျပာ၍ ေရႊလက္ေကာက္မ်ား ျပသခိုင္းသည္ကို ဆိုင္ရွင္က မသကၤာ၍ ထုတ္မျပခဲ့ရာ ၎အမ်ိဳးသားက ေကာင္တာအတြင္းသို႔ ဝင္ေရာက္ကာ အသင့္ပါလာေသာ ဓါးေျမာင္ျဖင့္ ေရႊလက္ေကာက္မ်ား ထည့္ထားသည့္ မွန္ေကာင္တာအား ရိုက္ခြဲယူေဆာင္ကာ စစ္ကိုင္းၿမိဳ႕ဘက္သို႔ ေမာင္းႏွင္သြားသျဖင့္  ေရႊလက္ေကာက္ (၆) ကြင္း ကာလတန္ဖိုး က်ပ္ (၆၃) သိန္းခန္႔ ပါသြားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးရာ ဆိုင္အတြင္း၌ ကြင္းထိုးဖိနပ္တစ္ရံ၊ (၉) လက္မခန္႔ရွိ ဓားေျမာင္အိမ္ (၁) ခုအား သိမ္းဆည္းရမိခဲ့ၿပီး  အခင္းျဖစ္ခ်ိန္မတိုင္မီ (၄၅) မိနစ္ခန္႔က မီးျပတ္ေတာက္သြား၍ CCTV မွတ္တမ္းမ်ားမရွိေၾကာင္း သိရသည္။

ဆိုင္အတြင္းဝင္ေရာက္လာသူမွာ ခႏၶာကိုယ္ပိန္ အကၤ်ီအနက္လက္ရွည္၊ ေဘာင္းဘီတို ဝတ္ဆင္ထားၿပီး ဝဲေျခေထာက္မသန္(ဆေန)သူတစ္ဦးျဖစ္ၿပီး ဆိုင္ကယ္ေပၚတြင္ က်န္ေနသူမွာ ခႏၶာကိုယ္ဝ၊ အကၤ်ီအနက္၊ ေဘာင္းဘီတို ဝတ္ဆင္ထားၿပီး ၄င္းတို႔ ၂ဦးစလုံး ဆိုင္ကယ္စီးဦးထုပ္မ်ား ေဆာင္းထားကာ ဆိုင္ကယ္မွာ ေအာ္တိုအနက္ေရာင္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါလုယက္မႈအား ခ်မ္းျမသာစည္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၅၅/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၂ (လုယက္မႈ)ျဖင့္ အမႈဖြင့္ထားၿပီး လုယက္သူမ်ားအား ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးမြို့တွင် ရွှေဆိုင်အား နေ့ခင်းပိုင်း ဝင်ရောက်လုယက်သူနှစ်ဦး လွတ်မြောက်နေ
*****************
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ ရွှေစင်မြင့်မိုရ်ရွှေဆိုင်အတွင်း နံနက်ပိုင်းတွင်ဝင်ရောက် လုယက်ထွက်ပြေးသူနှစ်ဦးအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ကျွန်းလုံးဥသျှောင်ရပ်ကွက် စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ ရွှေစင်မြင့်မိုရ်ရွှေဆိုင်တွင် ၂၀၁၈ ခုနှစ်၊ မေလ (၂၈) ရက်နေ့ နံနက် (၁၀)နာရီ မိနစ် (၄၀) အချိန်က အမျိုးသား နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ တစ်ဦးမှာ ဆိုင်အပြင်တွင် စောင့်နေပြီး ကျန်တစ်ဦးက ရွှေဆိုင်တွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၎င်း၏အမျိုးသမီးအတွက် လက်ကောက်ဝယ်ပေးချင်သည်ဟု ပြော၍ ရွှေလက်ကောက်များ ပြသခိုင်းသည်ကို ဆိုင်ရှင်က မသင်္ကာ၍ ထုတ်မပြခဲ့ရာ ၎င်းအမျိုးသားက ကောင်တာအတွင်းသို့ ဝင်ရောက်ကာ အသင့်ပါလာသော ဓါးမြောင်ဖြင့် ရွှေလက်ကောက်များ ထည့်ထားသည့် မှန်ကောင်တာအား ရိုက်ခွဲယူဆောင်ကာ စစ်ကိုင်းမြို့ဘက်သို့ မောင်းနှင်သွားသဖြင့်  ရွှေလက်ကောက် (၆) ကွင်း ကာလတန်ဖိုး ကျပ် (၆၃) သိန်းခန့် ပါသွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးရာ ဆိုင်အတွင်း၌ ကွင်းထိုးဖိနပ်တစ်ရံ၊ (၉) လက်မခန့်ရှိ ဓားမြောင်အိမ် (၁) ခုအား သိမ်းဆည်းရမိခဲ့ပြီး  အခင်းဖြစ်ချိန်မတိုင်မီ (၄၅) မိနစ်ခန့်က မီးပြတ်တောက်သွား၍ CCTV မှတ်တမ်းများမရှိကြောင်း သိရသည်။

ဆိုင်အတွင်းဝင်ရောက်လာသူမှာ ခန္ဓာကိုယ်ပိန် အင်္ကျီအနက်လက်ရှည်၊ ဘောင်းဘီတို ဝတ်ဆင်ထားပြီး ဝဲခြေထောက်မသန်(ဆနေ)သူတစ်ဦးဖြစ်ပြီး ဆိုင်ကယ်ပေါ်တွင် ကျန်နေသူမှာ ခန္ဓာကိုယ်ဝ၊ အင်္ကျီအနက်၊ ဘောင်းဘီတို ဝတ်ဆင်ထားပြီး ၎င်းတို့ ၂ဦးစလုံး ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားကာ ဆိုင်ကယ်မှာ အော်တိုအနက်ရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုယက်မှုအား ချမ်းမြသာစည်မြို့မရဲစခန်းတွင် (ပ) ၁၅၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့်ထားပြီး လုယက်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~