မေကြးတိုင္း မႀကီးထူးေက်းရြာတြင္ ဇနီးအပါအဝင္ အမ်ိဳးသမီးေလးဦးကို ဓါးျဖင့္ခုတ္သူအား ဖမ္းဆီးအေရးယူထား

မေကြးတိုင္း မႀကီးထူးေက်းရြာတြင္ ဇနီးအပါအဝင္ အမ်ိဳးသမီးေလးဦးကို ဓါးျဖင့္ခုတ္သူအား ဖမ္းဆီးအေရးယူထား
မေ 5, 2018
By 🌸
မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕နယ္၊ မႀကီးထူးေက်းရြာအုပ္စု၌ ေမလ (၄)ရက္ေန႔တြင္ အမ်ိဳးသားတစ္ဦးက ေနအိမ္တြင္ ကေလးႏို႔တုိက္ေနသည့္ဇနီးျဖစ္သူအား ဓါးျဖင့္ခုတ္ရာ ဝင္ေရာက္တားဆီးသည့္ အမ်ိဳးသမီး (၃)ဦးပါ ဓါးခုတ္ခံရသျဖင့္ (၃)ဦးေသဆံုးသြားၿပီး တစ္ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

မႀကီးထူးေက်းရြာေန အသက္(၃၀)နွစ္အရြယ္ရွိ ေက်ာ္နုိင္ေထြးသည္ ေမလ(၄)ရက္ေန႔ ညေန(၆) နာရီအခ်ိန္ခန္႔တြင္ ရြာထဲမွေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာၿပီး ပုခက္အတြင္း၌ အိမ္ေနေသာ၎၏ သားျဖစ္သူ အသက္(၂)နွစ္အရြယ္ ေမာင္ေကာင္းခန္႔သူအား အိပ္ယာမွနႈိးရာ ဇနီးျဖစ္သူ မရီရီခ်ိဳက ကေလးအားေခၚယူနို႔တိုက္သျဖင့္ ေက်ာ္နုိင္ေထြးက ေဒါသျဖစ္ကာ ေလွကားတြင္ေထာင္ထားေသာ အရိုး/အသြား (၂၅)လက္မခန္႔ရွိ ဝါးရိုးတပ္ဓားမအားယူ၍ မရီရီခ်ိဳအား ခုတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေယာကၡမျဖစ္သူ ေဒၚခ်ိဳႏြဲ႕ဝင္းက ဝင္ေရာက္ဆြဲရာ ၎ကိုပါ ထပ္မံခုတ္ခဲ့ၿပီး ဆက္လက္၍ ဝင္ေရာက္တားျမစ္ၾကသည့္ မရီရီခ်ိဳ၏ အဖြားျဖစ္သူ ေဒၚခင္ပု၊ အေဒၚျဖစ္သူ ေဒၚျမင့္ျမင့္စန္းတို႔ကိုလည္း ဓားျဖင့္ခုတ္ခဲ့ေၾကာင္း သိရသည္။

တစ္ရြာတည္းေန ဦးေလးျဖစ္သူ ဦးရဲညြန္႔ကိုလည္း ဓားျဖင့္ခုတ္မည္ျပဳရာ ဦးရဲညြန္႔က လွည္းေထာက္ခြျဖင့္ ကာနုိင္ခဲ့၍ အခုတ္ခံရျခင္းမရွိေသာ္လည္း မရီရီခ်ိဳ၊ ေဒၚခ်ိဳႏြဲ႕ဝင္းနွင့္ ေဒၚျမင့္ျမင့္စန္းတုိ႔မွာ ဓားခုတ္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားခဲ့ၿပီး ေဒၚခင္ပုမွာလည္း ဒဏ္ရာမ်ားရရွိသြားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္နွင့္ပတ္သက္၍ ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းမွ သတင္းရရွိွလွ်င္ရရွိျခင္း အခင္းျဖစ္ေက်းရြာသို႔ သြားေရာက္ကာ ေက်ာ္နိုင္ေထြးအား ပိတ္ဆို႔ရွာေဖြဖမ္းဆီးနိုင္ခဲ့ေၾကာင္းသိရၿပီး ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆ အမႈေရးဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်း မကြီးထူးကျေးရွာတွင် ဇနီးအပါအဝင် အမျိုးသမီးလေးဦးကို ဓါးဖြင့်ခုတ်သူအား ဖမ်းဆီးအရေးယူထား
**************
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ မကြီးထူးကျေးရွာအုပ်စု၌ မေလ (၄)ရက်နေ့တွင် အမျိုးသားတစ်ဦးက နေအိမ်တွင် ကလေးနို့တိုက်နေသည့်ဇနီးဖြစ်သူအား ဓါးဖြင့်ခုတ်ရာ ဝင်ရောက်တားဆီးသည့် အမျိုးသမီး (၃)ဦးပါ ဓါးခုတ်ခံရသဖြင့် (၃)ဦးသေဆုံးသွားပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

မကြီးထူးကျေးရွာနေ အသက်(၃၀)နှစ်အရွယ်ရှိ ကျော်နိုင်ထွေးသည် မေလ(၄)ရက်နေ့ ညနေ(၆) နာရီအချိန်ခန့်တွင် ရွာထဲမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ပုခက်အတွင်း၌ အိမ်နေသော၎င်း၏ သားဖြစ်သူ အသက်(၂)နှစ်အရွယ် မောင်ကောင်းခန့်သူအား အိပ်ယာမှနှိုးရာ ဇနီးဖြစ်သူ မရီရီချိုက ကလေးအားခေါ်ယူနို့တိုက်သဖြင့် ကျော်နိုင်ထွေးက ဒေါသဖြစ်ကာ လှေကားတွင်ထောင်ထားသော အရိုး/အသွား (၂၅)လက်မခန့်ရှိ ဝါးရိုးတပ်ဓားမအားယူ၍ မရီရီချိုအား ခုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယောက္ခမဖြစ်သူ ဒေါ်ချိုနွဲ့ဝင်းက ဝင်ရောက်ဆွဲရာ ၎င်းကိုပါ ထပ်မံခုတ်ခဲ့ပြီး ဆက်လက်၍ ဝင်ရောက်တားမြစ်ကြသည့် မရီရီချို၏ အဖွားဖြစ်သူ ဒေါ်ခင်ပု၊ အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်စန်းတို့ကိုလည်း ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

တစ်ရွာတည်းနေ ဦးလေးဖြစ်သူ ဦးရဲညွန့်ကိုလည်း ဓားဖြင့်ခုတ်မည်ပြုရာ ဦးရဲညွန့်က လှည်းထောက်ခွဖြင့် ကာနိုင်ခဲ့၍ အခုတ်ခံရခြင်းမရှိသော်လည်း မရီရီချို၊ ဒေါ်ချိုနွဲ့ဝင်းနှင့် ဒေါ်မြင့်မြင့်စန်းတို့မှာ ဓားခုတ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဒေါ်ခင်ပုမှာလည်း ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့သစ်မြို့မရဲစခန်းမှ သတင်းရရှှိလျှင်ရရှိခြင်း အခင်းဖြစ်ကျေးရွာသို့ သွားရောက်ကာ ကျော်နိုင်ထွေးအား ပိတ်ဆို့ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပြီး မြို့သစ်မြို့မရဲစခန်းတွင် (ပ)၁၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အမှုရေးဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~