မီဒီယာ အေရၿခံဳကာ ကိုယ္က်ိဳးရွာသူမ်ား

မီဒီယာ အေရၿခံဳကာ ကိုယ္က်ိဳးရွာသူမ်ား
မေ 13, 2018
By Tachileik News Agency
မီဒီယာ အေရၿခံဳကာ ကိုယ္က်ိဳးရွာသူမ်ား
ေရးသားသူ ။  ။ ေနၿဖဳိးျမင့္

ေနရာမွာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ပင္လံုလမ္းနံေဘးရွိ အေတာ္အတန္ နာမည္ႀကီးသည့္ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္၏ မ်က္ႏွာစာရွိ ဒုတိယစားပြဲတြင္ျဖစ္ၿပီး ရာသီဥတုမွာ ေဆာင္းရာသီျဖစ္၍ လက္ဖက္ရည္ဆိုင္တြင္ ေသာက္သံုးသူ မ်ားျပားေနသည့္ မနက္အေစာပိုင္းျဖစ္သည္။

ေျမယာႏွင့္ပတ္သက္သည့္ အခက္အခဲတစ္ခုအား ကူညီေပးရန္အတြက္ ထိုေနရာသို႔ ခ်ိန္းဆိုခံရသည့္ ကၽြန္ေတာ္မွာ ေက်ာက္မဲရွိ ပုဂၢလိကကုမၸဏီ(ခြဲ)တစ္ခုတြင္ ဝန္ထမ္းအျဖစ္ လုပ္ကိုင္ေနၿပီး ဝါသနာအရ ေဒသတြင္း သတင္းမ်ားကို စတင္ေရးသားေနသည္မွာ တစ္ႏွစ္သာသာခန္႔ပင္ရွိေသးသည္။

တစ္ရပ္ကြက္တည္းေနသည့္ မိတ္ေဆြတစ္ဦးက ဖုန္းဆက္အေၾကာင္းၾကားလာသျဖင့္ ေျမယာ ျပသနာ ရင္ဆိုင္ ေနရသူ မိသားစုႏွင့္ ကၽြန္ေတာ့္အား ခ်ိန္းဆိုေပးသူ မိတ္ေဆြ( မိတ္ေဆြဟုဆိုေသာ္ညား ကြ်န္ေတာ့္ဖခင္ အရြယ္)ႏွင့္ ၎တို႔ေတြ႔ႀကံဳေနရသည့္ အခက္အခဲကို နားေထာင္ေပးၿပီး ကူညီႏိုင္မည့္ နည္းလမ္းမ်ား အကူအညီေပးႏိုင္မည့္ ဌာနမ်ား၊ ပုဂၢိဳလ္မ်ားထံ ဆက္သြယ္ရန္ အႀကံျပဳခဲ့ၿပီး၍ ေဆြးေႏြးမႈလည္း ၿပီးဆံုးခ်ိန္ျဖစ္သည္။

“ဆရာ၊ အခုလိုကူညီေပးတဲ့အတြက္ ဆရာ့ကို ပိုက္ဆံဘယ္ေလာက္ေပးရမလဲ”

“ ဗ်ာ ”

အဲဒီစကားကို ၾကားၾကားခ်င္း ေဒါသထြက္သြားသည္။ ေနာက္ခ်က္ခ်င္းမွာပဲ စိတ္မေကာင္းျဖစ္ျခင္း၊ ရွက္ရြံ႕ျခင္း နဲ႔ ကိုယ္ထိုင္ေနတဲ့ လက္ဖက္ရည္ဝိုင္းနံေဘး ပတ္ပတ္လည္မွ အသက္အရြယ္ အမ်ိဳးမ်ိဳးရွိၾကသည့္ လူအမ်ိဳးမ်ိဳးတို႔၏ အၾကည့္အမ်ိဳးမ်ိဳးတို႔ကို ေၾကာက္ျခင္းတို႔ တစ္ၿပိဳင္တည္းမွာပင္ ျဖစ္ေပၚမိသြားသည္။

ေဒါသထြက္မိသြားေသာ္ျငား သတင္းေထာက္ကို အကူညီေတာင္းရင္ ပိုက္ဆံေပးရမယ္ဆိုသည့္ လြဲမွားေနသည့္ ၎တို႔၏ အေတြးကို တစ္ခါတည္းေခ်ဖ်က္ႏိုင္ရန္အတြက္ မီဒီယာ အစစ္အမွန္ဟူသည္ ကူညီဖြယ္ရာ ကိစၥရပ္ႏွင့္ သတင္းရယူမႈ ကိစၥမ်ား အတြက္ေငြေၾကးေတာင္းခံမႈ မျပဳလုပ္ရေၾကာင္းႏွင့္ မီဒီယာက်င့္ဝတ္မ်ားကို ရွင္းလင္း ေျပာျပခဲ့ရေပသည္။

၎လူတစ္စု၏ အဆိုအရ ၿပီးခဲ့သည့္ ႏွစ္အခ်ိဳ႕တြင္ ရွမ္း/ေျမာက္ ေက်ာက္မဲရွိ သတင္းစာဆရာတစ္ဦးအား အခက္အခဲ အခ်ိဳ႕အတြက္ ေခၚယူတိုင္ပင္ရာတြင္ ေငြေၾကးပမာဏတစ္ခု သတ္မွတ္ ေတာင္းခံခဲ့သည့္ အတြက္ သတင္းေထာက္္မ်ားအား အကူညီေတာင္းပါက ေငြေၾကးေပးေဆာင္ရသည္ဟု ပံုေသ မွတ္ယူခဲ ့ျခင္းျဖစ္ေၾကာင္း စိတ္မေကာင္းစြာ သိရသည္။

အဆိုပါ အျဖစ္အပ်က္မွာ ၂၀၁၃ ခုႏွစ္က ျဖစ္ခဲ့သည့္ အေၾကာင္းအရာတစ္ခုျဖစ္ေသာ္လည္း သတင္းေထာက္ တစ္ဦးအျဖစ္ ဝါသနာပါကာ ဆက္လက္ရပ္တည္ေနခဲ့သည့္ ကၽြန္ေတာ့္အတြက္ေတာ့ အၿမဲအမွတ္ရေနမိသည့္ အေတြ႔အႀကံဳဆိုးတစ္ခုျဖစ္သည့္အတြက္ ယေန႔ထက္တိုင္ သတိျပဳမိေနခဲ့ျခင္းပင္ျဖစ္သည္။

လက္ရွိကာလ တြင္လည္း တရားမဝင္ ကုန္စည္သယ္ယူပို႔ေဆာင္ေနသည့္ ကုန္တင္ယာဥ္မ်ားမွ ယာဥ္ေမာင္းမ်ား၊ ကုန္သည္မ်ားကို သတင္းေထာက္ကဒ္ျပသကာ ေငြေၾကးေတာင္းခံေနသည့္ ျဖစ္စဥ္မ်ားမွာ တရားမဝင္ ကုန္စည္ စီးဆင္းမႈရွိသည့္ တိုင္း/ေဒသတိုင္းတြင္ အၿမဲတေစၾကားသိေနရသည့္ အျဖစ္အပ်က္မ်ားပင္ျဖစ္သည္။

သတင္းေထာက္ဟု အမည္ခံကာ သတင္းေထာက္ကဒ္မ်ားကို ေငြေၾကးေပးရယူထားသူမ်ား၊ အထူးသတင္းေထာက္ဟု နာမည္ယူထားသူ အခ်ိဳ႕ႏွင့္ မႈခင္းသတင္းေထာက္ဟု နာမည္ခံယူထားသူမ်ားမွ တရားမဝင္သစ္ သယ္ေဆာင္ေရာင္းခ်သူမ်ားကို ေငြညႇစ္ေတာင္းခံျခင္းတို႔ကို ဖမ္းဆီးရမိမႈမ်ားလည္း ယေန႔ေခတ္ တြင္ ေတြ႔ျမင္ေနရသည့္အတြက္ သတင္းေထာက္ကဒ္ကို အသံုးခ်ကာ ေငြေၾကး ေတာင္းခံျခင္းမ်ားမွာ ရပ္တန္႔ သြားသည္မရွိေပ။

သစ္၊ ကၽြဲ၊ ႏြား မ်ားတင္ေဆာင္ ကုန္သြယ္သူမ်ားသာမကဘဲ မီးေသြးသယ္ယူေရာင္းခ်သူမ်ားထံမွပင္ မက်န္ေအာင္ သတင္းေထာက္ကဒ္ျပသကာ ေငြညႇစ္ေတာင္းခံမႈမ်ားလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္းလို ေဒသမ်ား တြင္ပင္ ၾကားသိေနရၿပီျဖစ္သည္။

ယခုႏွစ္ ေမလ (၆) ရက္ေန႔ကလည္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ႏွင့္ လားရႈိးၿမိဳ႕နယ္အၾကား ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ျဖတ္သန္းသြားလာေနသည့္ ယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ားႏွင့္ တရားမဝင္ ကုန္စည္ သယ္ေဆာင္ေနသည့္ ယာဥ္မ်ားကို ေနျပည္ေတာ္တိုင္းမ္ မီဒီယာအဖြဲ႔၊ မႈခင္းႏွင့္ သတင္းစံုအဖြဲ႔မွ ေငြေၾကးေတာင္းခံမႈျဖစ္ပြားခဲ့သည္။

အမည္မေဖၚလိုသည့္ ကုန္တင္ယာဥ္ေမာင္းမ်ားႏွင့္ တိက်ခိုင္မာသည့္ အသံဖိုင္သက္ေသရွိသည့္ ကုန္သည္ အခ်ိဳ႕၏ အဆိုအရ ၎တို႔ မီဒီယာအဖြဲ႔မွ လားရိႈးၿမိဳ႕တြင္ ရံုးခြဲတစ္ခုဖြင့္လွစ္ရန္ အတြက္ မီဒီယာ ရန္ပံုေငြ အျဖစ္ ယာဥ္တစ္စီးလွ်င္ က်ပ္တစ္သိန္း ေတာင္းခံေနၿပီး အခ်ိဳ႕ကုန္သည္/ကားဆရာမ်ားမွာ က်ပ္ ရွစ္ေသာင္းေပးေဆာင္ခဲ့ရသည္ဟု ဆိုသည္။

အထူးသတင္းေထာက္ဟူ၍ ရွမ္း/ေျမာက္ ေဒသအတြင္း ထိုသို႔ေငြေၾကးေတာင္းခံမႈမ်ား ရွိေနသည့္အတြက္ လားရိႈးၿမိဳ႕နယ္ အတြင္းရွိ ေဒသခံမီဒီယာသမားမ်ားမွာ ဂုဏ္သိကၡာ ထိခိုက္ခံရျခင္း၊ မိမိတို႔ေဒသရွိ မိမိတို႔အား ယံုၾကည္ကိုးစားေနသည့္ ပရိတ္သတ္ ျပည္သူလူထုမွ ေမးျမန္းလာမႈမ်ားရွိေနသည့္အတြက္ အဆိုပါအဖြဲ႔အား ရွာေဖြစံုစမ္းခဲ့ရသည္။

ထို႔ျပင္ လားရိႈးၿမိဳ႕နယ္ အတြင္းရွိ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ သတင္းရဲတပ္ဖြဲ႔ ႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးမွ တာဝန္ရွိသူ မ်ားမွလည္း စဥ္ဆက္မျပတ္ စံုစမ္းေထာက္လွမ္းခဲ့ရာ ေမလ (၉)ရက္ေန႔ နံနက္ပိုင္းတြင္ လားရိႈးၿမိဳ႕ ရပ္ကြက္ ၅ ရွိ မိသားစု ျပသနာတစ္ခုတြင္ ေနျပည္ေတာ္အထူးသတင္းေထာက္ဟူသည့္ အမ်ိဳးသား (၂)ဦး ပါဝင္ပတ္သက္ေနေၾကာင္း စတင္သိရွိခဲ့ရသည္။

သိရလ်င္သိရခ်င္း လားရိႈးၿမိဳ႕တြင္ လက္ရွိေနထိုင္ေနသည့္ သတင္းေထာက္အသီးသီးတို႔ ခ်ိတ္ဆက္ကာ ရပ္ကြက္ (၅) အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ စုရံုးေရာက္ရွိခဲ့ရာမွစ၍ ေငြေၾကးေတာင္းခံသည့္ မီဒီယာအဖြဲ႔သား (၄) ဦးအား ဆက္လက္ေဖၚထုတ္ႏိုင္ခဲ့သည္။

၎တို႔မွာ အေပၚထပ္ လက္ျပတ္ကုတ္မွာ ကြန္မန္ဒိုအကြက္ျဖင့္ျဖစ္ၿပီး ၎အေပၚထပ္အက်ႌ၏ ေနာက္ေက်ာ ဘက္ရွိ ေနျပည္ေတာ္တိုင္းမ္၊ ဗဟို-ရံုးခ်ဳပ္၊ ေနျပည္ေတာ္၊ မႈခင္းႏွင့္ သတင္းစံုအသင္းအဖြဲ႔ခ်ဳပ္ မီဒီယာအဖြဲ႔ ဟူသည့္ စာသားမွာလည္း ကြန္မန္ဒိုကြက္မ်ားေအာက္တြင္ ရုတ္တရက္ျမင္သာထင္သာမႈမရွိသည္ကို ေတြ႔ရသည့္ အတြက္ သာမာန္ျပည္သူမ်ားအေနျဖင့္ ၎ဝတ္စံုကိုျမင္သည့္ အခါ စပ္စပ္စုစု ေမးခြန္းျပန္ မထုတ္ရဲစရာ အဆင္အယင္တစ္မ်ိဳးျဖစ္ေနသည္ကို ျမင္ေတြ႔ရသည္။

ေနျပည္ေတာ္တိုင္းမ္ သတင္းဂ်ာနယ္တိုက္မွ ခြင့္ျပဳခ်က္ေပးထားသည့္ စာရြက္တစ္ရြက္တြင္ “ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ျပည္နယ္ရံုးခြဲဖြင့္လွစ္ႏိုင္ရန္ ရန္ပံုေငြရွာေဖြႏိုင္ရန္ အသိေပးအေၾကာင္းၾကားျခင္း” ေခါင္းစဥ္ျဖင့္ လားရႈိးၿမိဳ႕နယ္ ေခးနင္းေက်းရြာရွိ ေခးနင္းတိုးဂိတ္ ဧရိယာအတြင္း ေနျပည္ေတာ္ တိုင္းမ္ မွဴခင္းႏွင့္ သတင္းစံု ဂ်ာနယ္အား (၆/၅/၂၀၁၈) မွ (၁၂/၅/ ၂၀၁၈) အထိ ရံပုန္ေငြရရွိႏိုင္ေရးအတြက္ ျဖန္႔ေဝခြင့္ျပဳပါရန္ ဟူသည့္ အေၾကာင္းအရာ ပါရွိေလသည္။

အဆိုပါ အေၾကာင္းၾကားစာအား လားရိႈးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနအပါအဝင္ မည္သည့္ သက္ဆိုင္ရာ ဌာနသို႔မွ် တင္ျပကာ ခြင့္ျပဳခ်က္ေတာင္းခံျခင္း မရွိဘဲ ေခးနင္းတိုးဂိတ္တြင္ ျဖတ္သန္း သြားလာေနသည့္ ယာဥ္မ်ား အား ရန္ပံုေငြေကာက္ခံကာ ဂ်ာနယ္ကို လက္ေဆာင္အျဖစ္ျပန္ေပးသည့္ လုပ္ေဆာင္ခ်က္ကို ၎မီဒီယာအဖြဲ႔မွ ဗဟိုအတြင္းေရးမွဴး (ေနျပည္ေတာ္) ေဒၚသီသီႏိုင္မွ ဦးေဆာင္၍ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ဗဟိုအတြင္းေရးမွဴး အပါအဝင္ ပဲခူးတိုင္း၊ ေက်ာက္တံတားၿမိဳ႕မွ အမ်ိဳးသားတစ္ဦး၊ လားရႈိးၿမိဳ႕ ရပ္ကြက္ (၁၀)မွ အမ်ိဳးသားတစ္ဦးႏွင့္ ရွမ္း/ေျမာက္ သီေပါၿမိဳ႕ မွ အမ်ိဳးသမီးတစ္ဦးတို႔အား လားရိႈးၿမိဳ႕ရွိ ျမန္မာႏိုင္ငံ သတင္းရဲ တပ္ဖြဲ႔ႏွင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ လားရႈိးမွ တာဝန္ရွိသူမ်ား ပါဝင္ကာ လားရႈိးၿမိဳ႕ရွိ သတင္းမီဒီယာသမားမ်ားေရွ႕တြင္ စစ္ေဆးေမးျမန္းခဲ့သည္။

ေမးျမန္းခ်က္မ်ားအရ လားရိႈးၿမိဳ႕တြင္ ျပည္နယ္ရံုးခြဲဖြင့္လွစ္ၿပီးပါက တာဝန္ခံအျဖစ္ ေဆာင္ရြက္မည့္ အမ်ိဳးသား မွာ သတင္းေထာက္အျဖစ္ စတင္လုပ္ကိုင္သည္မွာ အခ်ိန္ကာလ မၾကာျမင့္ေသးေၾကာင္း၊ လားရိႈးၿမိဳ႕ခံျဖစ္သူ အမ်ိဳးသားမွာလည္း သတင္းစာပညာႏွင့္ပတ္သက္၍ သင္ၾကားတတ္ကၽြမ္းထားမႈ မရွိေသးေၾကာင္းႏွင့္ သတင္း မီဒီယာ က်င့္ဝတ္မ်ားကိုလည္း သိရွိနားလည္ထားျခင္း မရွိေသးေၾကာင္း ေတြ႔ရွိရေပသည္။

ထို႔ျပင္ ၎အဖြဲ႔၏ ေငြေၾကးေတာင္းခံ ရန္ပံုေငြရွာေဖြသည့္ လုပ္ရပ္ေၾကာင့္ လားရိႈးေဒသခံ သတင္းမီဒီယာ သမားမ်ားမွာ ဂုဏ္သိကၡာ ထိခိုက္ခဲ့ရသည့္ အတြက္ ၎တို႔၏ လုပ္ေဆာင္ခ်က္အား သတင္းစာ ရွင္းလင္းပြဲ တစ္ခု အျမန္ဆံုး ျပဳလုပ္ေပးရန္အတြက္ လားရိႈးေဒသခံမီဒီယာသမားမ်ားက တိုက္တြန္းခဲ့ၿပီး တရားဝင္ ျပဳလုပ္ႏိုင္ရန္ အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ တာဝန္ရွိသူတို႔မွလည္း တိုက္တြန္းခဲ့သည္။

တိုင္းေဒသ တစ္ခုကို ေက်ာ္လြန္၍ အလွဴခံ/ရန္ပံုေငြရွာေဖြေကာက္ခံျခင္း၊ ထိုသို႔လုပ္ေဆာင္ေနသည့္ ေဒသရွိ အာဏာပိုင္ အဖြဲ႔အစည္းမ်ား၊ အုပ္ခ်ဳပ္ေရးဌာနမ်ား၏ ခြင့္ျပဳခ်က္အား ေတာင္းခံျခင္းမျပဳ၊ ခြင့္ျပဳခ်က္ မရရွိထားဘဲ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ျဖတ္သန္းသြားလာသည့္ယာဥ္မ်ားထံ ေငြေၾကး ေကာက္ခံျခင္း၊ ေကာက္ခံထားသည့္ ေငြေၾကးမ်ားကို စာရင္းဇယားႏွင့္တကြ တိတိက်က် တင္ျပႏိုင္မႈ မရွိျခင္းတို႔ကိုလည္း ေတြ႔ရွိရေပသည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၏ အဆိုအရ ထိုသို႔စည္းေဘာင္ေက်ာ္ကာ ေငြေၾကးေကာက္ခံ ရန္ပုံေငြ ရွာေဖြမႈကို အုပ္ခ်ဳပ္ေရးဌာန အေနျဖင့္ တိုက္ရိုက္အေရးယူ၍ မရေသးေသာ္လည္း ဥပေဒအႀကံေပးမႈမ်ားကို ေတာင္းခံကာ ဥပေဒအရဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၎တို႔အား ဂ်ာနယ္ျဖန္႔ေဝကာ ရန္ပံုေငြရွာေဖြျခင္းကို အလြယ္တကူခြင့္ျပဳၿပီး ေနရာထိုင္ခင္း စီစဥ္ေပးခဲ့သည့္ ေခးနင္း တိုးဂိတ္မွတာဝန္ရွိသူမ်ား အေနျဖင့္လည္း အမွားက်ဴးလြန္ျခင္းဟု ယူဆရမည္ ျဖစ္ကာ ထိုအမွား၏ ေနာက္ဆက္တြဲျပသနာရပ္မ်ားကိုလည္း သတိျပဳရန္ လိုအပ္သည္။

ေနာက္ဆက္တြဲ ျပသနာမ်ားဟူသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသ၊ အထူးသျဖင့္ မႏၱေလး-လားရိႈး-မူဆယ္ လမ္းပိုင္းရွိ တိုးဂိတ္မ်ားႏွင့္ ကုန္စည္စစ္ေဆးေရးဂိတ္မ်ားတြင္ အသံဗံုးေပါက္ကြဲျခင္းမ်ား မၾကာခဏ ျဖစ္ပြားတတ္ျခင္းတို႔ေၾကာင့္ မိမိတို႔ ဌာနလံုၿခံဳေရးအတြက္ ေတြ႔ကရာ အဖြဲ႔အစည္းအား စိစစ္မႈမရွိပဲ အလြယ္တကူ ေနရာထိုင္ခင္း ေပးကာ ေထာက္ပံ့ျခင္းတို႔ကို မျပဳလုပ္အပ္ေပ။

၎တို႔ေတာင္းခံခဲ့သည္ဟု ဆိုသည့္ ေငြေၾကးပမာဏကို ေပးခဲ့ရသူမ်ားမွာလည္း ျပည္ေထာင္စုလမ္းမႀကီး ကို အၿမဲတေစ အသံုးျပဳေနၾကသူမ်ားျဖစ္သည့္ အျပင္ အခ်ိဳ႕ေသာကုန္သည္မ်ားမွာ တရားမဝင္ တင္ေဆာင္လာသည့္ ကုန္မ်ား ပါရွိသည့္ အတြက္ ေငြေၾကးေပးေဆာင္ခဲ့ရျခင္းကို ျပန္လည္တိုင္ၾကားျခင္း၊ သက္ေသခံ ေျပာဆိုျခင္းတို႔ကို အလြယ္တကူ မျပဳလုပ္ရဲျခင္းတို႔မွာလည္း အားနည္းခ်က္တစ္ခုပင္ျဖစ္သည္။

ထို႔ျပင္ ရုတ္တရက္ၾကည့္မိပါက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၏ အေဆာင္အေယာင္ႏွင့္ တူညီလုနီးနီးျဖစ္ေနသည့္ ၎တို႔၏ တူညီအက်ႌမ်ားေအာက္မွ အဆင္အယင္မ်ားမွာလည္း ေမွာင္ရီဝိုးတဝါးအခ်ိန္တြင္ သာမန္ျပည္သူ တစ္ဦးက ျပန္လည္ေမးခြန္းထုတ္ရဲမည့္ အေနအထားတြင္ မရွိႏိုင္သည့္ အေျခအေနျဖစ္သည္။

သတင္းေထာက္ကဒ္မ်ားကို ေငြေၾကးသတ္မွတ္ခ်က္ျဖင့္ တာဝန္ခံမႈကင္းမဲ့စြာ ထုတ္ေပးထားမႈမ်ား၊ မိမိတို႔ ထုတ္ေပးထားသည့္ သတင္းေထာက္ကဒ္ကို ကိုင္ေဆာင္ထားသူမ်ားအား ေစာင့္ၾကည့္ေလ့လာျခင္းမရွိ၊ ၾကပ္မတ္ ကြပ္ကဲျခင္းမရွိဘဲ အျဖစ္သာသာ လုပ္ကိုင္ေနသည့္ မီဒီယာအဖြဲ႔မ်ားကိုလည္း သက္ဆိုင္သည့္ ဘက္မွ ၾကပ္မတ္ရန္လိုအပ္သည္။

“တရားမဝင္ကုန္စည္ သယ္ေဆာင္တဲ့သူေတြကို ေငြေတာင္းခံတယ္ဆိုတာေတြက ျမန္မာႏိုင္ငံရဲ့ တစ္ခ်ိဳ႕ ေဒသ ေတြမွာ ၾကားေနရတာမ်ားတယ္။ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီကို တိုင္ၾကားေနတာေတြလည္း ရွိတယ္။ ဒါေပမဲ့ ေကာင္စီက တိုက္ရိုက္အေရးယူလို႔မရဘူး။ အေရးယူလို႔ရတဲ့အဖြဲ႔အစည္းေတြကို တိုက္တြန္းလို႔ပဲ ရတယ္။ မီဒီယာနာမည္ခံၿပီး ေငြေတာင္းတာက မီဒီယာကို သက္သက္ အပုတ္ခ်ဖို႔ လုပ္ေဆာင္ေနတာမ်ိဳးလို႔ထင္တယ္”ဟု ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ( MPC ) မွ ဦးျမင့္ေက်ာ္က ေျပာသည္။

ထို႔ျပင္ မီဒီယာအမည္ခံကာ ေငြေတာင္းေနသူမ်ားမွာ ရဲတပ္ဖြဲ႔ကဲ့သို႔ ဌာနမ်ားႏွင့္ ရင္းႏွီးမႈရွိသည့္ အေနအထားမ်ိဳးတြင္ ေတြ႔ရွိရသည့္ အတြက္ ထိုကဲ့သို႔ေငြညႇစ္ေတာင္းခံသူမ်ားကို သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႔အစည္းမ်ားမွ စံုစမ္းအေရးယူမႈ ျပဳလုပ္ရန္လည္း ေကာင္စီအေနျဖင့္ တိုက္တြန္းသြားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီအေနျဖင့္ ထိုကဲ့သို႔ မီဒီယာအမည္ခံကာ ေငြေၾကးေတာင္းခံမႈမ်ားကို တိုက္ရိုက္ အေရးယူမႈ မျပဳလုပ္ႏိုင္ျခင္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကဲ့သို႔ ဌာနႀကီး တစ္ခုအေနႏွင့္လည္း တိုက္ရိုက္အေရးယူမႈ မျပဳလုပ္ႏိုင္ျခင္းတို႔မွာ မီဒီယာကဒ္ကိုင္ေဆာင္ကာ ေငြေၾကး ေတာင္းခံသူမ်ားအတြက္ အဓိက အားသာခ်က္ႀကီးတစ္ခုပင္ ျဖစ္လို႔ေနသည့္ အလားပင္။

မည္သို႔ပင္ ဆိုေစကာမူ မူလတန္းဖတ္စာအုပ္ထဲတြင္ သင္ၾကားခဲ့ဖူးသည့္ "သိုးေရၿခံဳေသာ ဝံပုေလြ"ကဲ့သို႔ မ်က္ေမွာက္ကာလရွိ “မီဒီယာ အေရၿခံဳေသာ ကိုယ္က်ိဳးရွာသူမ်ား” အား တိက်ျပတ္သားစြာ တိုက္ရိုက္ ကိုင္တြယ္ ေျဖရွင္းႏိုင္မည့္ နည္းလမ္းတစ္ခုေတာ့ လိုအပ္ေနၿပီျဖစ္ေလသည္။

ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
နေရာမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ပင်လုံလမ်းနံဘေးရှိ အတော်အတန် နာမည်ကြီးသည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်၏ မျက်နှာစာရှိ ဒုတိယစားပွဲတွင်ဖြစ်ပြီး ရာသီဥတုမှာ ဆောင်းရာသီဖြစ်၍ လက်ဖက်ရည်ဆိုင်တွင် သောက်သုံးသူ များပြားနေသည့် မနက်အစောပိုင်းဖြစ်သည်။

မြေယာနှင့်ပတ်သက်သည့် အခက်အခဲတစ်ခုအား ကူညီပေးရန်အတွက် ထိုနေရာသို့ ချိန်းဆိုခံရသည့် ကျွန်တော်မှာ ကျောက်မဲရှိ ပုဂ္ဂလိကကုမ္ပဏီ(ခွဲ)တစ်ခုတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နပြေီး ဝါသနာအရ ဒေသတွင်း သတင်းများကို စတင်ရေးသားနေသည်မှာ တစ်နှစ်သာသာခန့်ပင်ရှိသေးသည်။

တစ်ရပ်ကွက်တည်းနေသည့် မိတ်ဆွေတစ်ဦးက ဖုန်းဆက်အကြောင်းကြားလာသဖြင့် မြေယာ ပြသနာ ရင်ဆိုင် နေရသူ မိသားစုနှင့် ကျွန်တော့်အား ချိန်းဆိုပေးသူ မိတ်ဆွေ( မိတ်ဆွေဟုဆိုသော်ညား ကျွန်တော့်ဖခင် အရွယ်)နှင့်၎င်းတို့တွေ့ကြုံနေရသည့် အခက်အခဲကို နားထောင်ပေးပြီး ကူညီနိုင်မည့် နည်းလမ်းများ အကူအညီပေးနိုင်မည့် ဌာနများ၊ ပုဂ္ဂိုလ်များထံ ဆက်သွယ်ရန် အကြံပြုခဲ့ပြီး၍ ဆွေးနွေးမှုလည်း ပြီးဆုံးချိန်ဖြစ်သည်။

“ဆရာ၊ အခုလိုကူညီပေးတဲ့အတွက် ဆရာ့ကို ပိုက်ဆံဘယ်လောက်ပေးရမလဲ”

“ ဗျာ ”

အဲဒီစကားကို ကြားကြားချင်း ဒေါသထွက်သွားသည်။ နောက်ချက်ချင်းမှာပဲ စိတ်မကောင်းဖြစ်ခြင်း၊ ရှက်ရွံ့ခြင်း နဲ့ ကိုယ်ထိုင်နေတဲ့ လက်ဖက်ရည်ဝိုင်းနံဘေး ပတ်ပတ်လည်မှ အသက်အရွယ် အမျိုးမျိုးရှိကြသည့် လူအမျိုးမျိုးတို့၏ အကြည့်အမျိုးမျိုးတို့ကို ကြောက်ခြင်းတို့ တစ်ပြိုင်တည်းမှာပင် ဖြစ်ပေါ်မိသွားသည်။

ဒေါသထွက်မိသွားသော်ငြား သတင်းထောက်ကို အကူညီတောင်းရင် ပိုက်ဆံပေးရမယ်ဆိုသည့် လွဲမှားနေသည့်၎င်းတို့၏ အတွေးကို တစ်ခါတည်းချေဖျက်နိုင်ရန်အတွက် မီဒီယာ အစစ်အမှန်ဟူသည် ကူညီဖွယ်ရာ ကိစ္စရပ်နှင့် သတင်းရယူမှု ကိစ္စများ အတွက်ငွေကြေးတောင်းခံမှု မပြုလုပ်ရကြောင်းနှင့် မီဒီယာကျင့်ဝတ်များကို ရှင်းလင်း ပြောပြခဲ့ရပေသည်။

၎င်းလူတစ်စု၏ အဆိုအရ ပြီးခဲ့သည့် နှစ်အချို့တွင် ရှမ်း/မြောက် ကျောက်မဲရှိ သတင်းစာဆရာတစ်ဦးအား အခက်အခဲ အချို့အတွက် ခေါ်ယူတိုင်ပင်ရာတွင် ငွေကြေးပမာဏတစ်ခု သတ်မှတ် တောင်းခံခဲ့သည့် အတွက် သတင်းထောက်များအား အကူညီတောင်းပါက ငွေကြေးပေးဆောင်ရသည်ဟု ပုံသေ မှတ်ယူခဲ့ခြင်းဖြစ်ကြောင်း စိတ်မကောင်းစွာ သိရသည်။

အဆိုပါ အဖြစ်အပျက်မှာ ၂၀၁၃ ခုနှစ်က ဖြစ်ခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်သော်လည်း သတင်းထောက် တစ်ဦးအဖြစ် ဝါသနာပါကာ ဆက်လက်ရပ်တည်နေခဲ့သည့် ကျွန်တော့်အတွက်တော့ အမြဲအမှတ်ရနေမိသည့် အတွေ့အကြုံဆိုးတစ်ခုဖြစ်သည့်အတွက် ယနေ့ထက်တိုင် သတိပြုမိနေခဲ့ခြင်းပင်ဖြစ်သည်။

လက်ရှိကာလ တွင်လည်း တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများ၊ ကုန်သည်များကို သတင်းထောက်ကဒ်ပြသကာ ငွေကြေးတောင်းခံနေသည့် ဖြစ်စဉ်များမှာ တရားမဝင် ကုန်စည် စီးဆင်းမှုရှိသည့် တိုင်း/ဒေသတိုင်းတွင် အမြဲတစကြေားသိနေရသည့် အဖြစ်အပျက်များပင်ဖြစ်သည်။

သတင်းထောက်ဟု အမည်ခံကာ သတင်းထောက်ကဒ်များကို ငွေကြေးပေးရယူထားသူများ၊ အထူးသတင်းထောက်ဟု နာမည်ယူထားသူ အချို့နှင့် မှုခင်းသတင်းထောက်ဟု နာမည်ခံယူထားသူများမှ တရားမဝင်သစ် သယ်ဆောင်ရောင်းချသူများကို ငွေညှစ်တောင်းခံခြင်းတို့ကို ဖမ်းဆီးရမိမှုများလည်း ယနေ့ခေတ် တွင် တွေ့မြင်နေရသည့်အတွက် သတင်းထောက်ကဒ်ကို အသုံးချကာ ငွေကြေး တောင်းခံခြင်းများမှာ ရပ်တန့် သွားသည်မရှိပေ။

သစ်၊ ကျွဲ၊ နွား များတင်ဆောင် ကုန်သွယ်သူများသာမကဘဲ မီးသွေးသယ်ယူရောင်းချသူများထံမှပင် မကျန်အောင် သတင်းထောက်ကဒ်ပြသကာ ငွေညှစ်တောင်းခံမှုများလည်း ရှမ်းပြည်နယ်မြောက်ပိုင်းလို ဒေသများ တွင်ပင် ကြားသိနေရပြီဖြစ်သည်။

ယခုနှစ် မေလ (၆) ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်နှင့် လားရှိုးမြို့နယ်အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် တရားမဝင် ကုန်စည် သယ်ဆောင်နေသည့် ယာဉ်များကို နပြေည်တော်တိုင်းမ် မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံအဖွဲ့မှ ငွေကြေးတောင်းခံမှုဖြစ်ပွားခဲ့သည်။

အမည်မဖော်လိုသည့် ကုန်တင်ယာဉ်မောင်းများနှင့် တိကျခိုင်မာသည့် အသံဖိုင်သက်သေရှိသည့် ကုန်သည် အချို့၏ အဆိုအရ၎င်းတို့ မီဒီယာအဖွဲ့မှ လားရှိုးမြို့တွင် ရုံးခွဲတစ်ခုဖွင့်လှစ်ရန် အတွက် မီဒီယာ ရန်ပုံငွေ အဖြစ် ယာဉ်တစ်စီးလျှင် ကျပ်တစ်သိန်း တောင်းခံနပြေီး အချို့ကုန်သည်/ကားဆရာများမှာ ကျပ် ရှစ်သောင်းပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

အထူးသတင်းထောက်ဟူ၍ ရှမ်း/မြောက် ဒေသအတွင်း ထိုသို့ငွေကြေးတောင်းခံမှုများ ရှိနေသည့်အတွက် လားရှိုးမြို့နယ် အတွင်းရှိ ဒေသခံမီဒီယာသမားများမှာ ဂုဏ်သိက္ခါ ထိခိုက်ခံရခြင်း၊ မိမိတို့ဒေသရှိ မိမိတို့အား ယုံကြည်ကိုးစားနေသည့် ပရိတ်သတ် ပြည်သူလူထုမှ မေးမြန်းလာမှုများရှိနေသည့်အတွက် အဆိုပါအဖွဲ့အား ရှာဖွေစုံစမ်းခဲ့ရသည်။

ထို့ပြင် လားရှိုးမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့ နှင့် အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူ များမှလည်း စဉ်ဆက်မပြတ် စုံစမ်းထောက်လှမ်းခဲ့ရာ မေလ (၉)ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် ၅ ရှိ မိသားစု ပြသနာတစ်ခုတွင် နပြေည်တော်အထူးသတင်းထောက်ဟူသည့် အမျိုးသား (၂)ဦး ပါဝင်ပတ်သက်နေကြောင်း စတင်သိရှိခဲ့ရသည်။

သိရလျင်သိရချင်း လားရှိုးမြို့တွင် လက်ရှိနေထိုင်နေသည့် သတင်းထောက်အသီးသီးတို့ ချိတ်ဆက်ကာ ရပ်ကွက် (၅) အုပ်ချုပ်ရေးမှူးရုံးသို့ စုရုံးရောက်ရှိခဲ့ရာမှစ၍ ငွေကြေးတောင်းခံသည့် မီဒီယာအဖွဲ့သား (၄) ဦးအား ဆက်လက်ဖော်ထုတ်နိုင်ခဲ့သည်။

၎င်းတို့မှာ အပေါ်ထပ် လက်ပြတ်ကုတ်မှာ ကွန်မန်ဒိုအကွက်ဖြင့်ဖြစ်ပြီး၎င်းအပေါ်ထပ်အင်္ကျီ၏ နောက်ကျော ဘက်ရှိ နပြေည်တော်တိုင်းမ်၊ ဗဟို-ရုံးချုပ်၊ နပြေည်တော်၊ မှုခင်းနှင့် သတင်းစုံအသင်းအဖွဲ့ချုပ် မီဒီယာအဖွဲ့ ဟူသည့် စာသားမှာလည်း ကွန်မန်ဒိုကွက်များအောက်တွင် ရုတ်တရက်မြင်သာထင်သာမှုမရှိသည်ကို တွေ့ရသည့် အတွက် သာမာန်ပြည်သူများအနဖြေင့်၎င်းဝတ်စုံကိုမြင်သည့် အခါ စပ်စပ်စုစု မေးခွန်းပြန် မထုတ်ရဲစရာ အဆင်အယင်တစ်မျိုးဖြစ်နေသည်ကို မြင်တွေ့ရသည်။

နပြေည်တော်တိုင်းမ် သတင်းဂျာနယ်တိုက်မှ ခွင့်ပြုချက်ပေးထားသည့် စာရွက်တစ်ရွက်တွင် “ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်နယ်ရုံးခွဲဖွင့်လှစ်နိုင်ရန် ရန်ပုံငွေရှာဖွေနိုင်ရန် အသိပေးအကြောင်းကြားခြင်း” ခေါင်းစဉ်ဖြင့် လားရှိုးမြို့နယ် ခေးနင်းကျေးရွာရှိ ခေးနင်းတိုးဂိတ် ဧရိယာအတွင်း နပြေည်တော် တိုင်းမ် မှူခင်းနှင့် သတင်းစုံ ဂျာနယ်အား (၆/၅/၂၀၁၈) မှ (၁၂/၅/ ၂၀၁၈) အထိ ရံပုန်ငွေရရှိနိုင်ရေးအတွက် ဖြန့်ဝေခွင့်ပြုပါရန် ဟူသည့် အကြောင်းအရာ ပါရှိလေသည်။

အဆိုပါ အကြောင်းကြားစာအား လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနအပါအဝင် မည်သည့် သက်ဆိုင်ရာ ဌာနသို့မျှ တင်ပြကာ ခွင့်ပြုချက်တောင်းခံခြင်း မရှိဘဲ ခေးနင်းတိုးဂိတ်တွင် ဖြတ်သန်း သွားလာနေသည့် ယာဉ်များ အား ရန်ပုံငွေကောက်ခံကာ ဂျာနယ်ကို လက်ဆောင်အဖြစ်ပြန်ပေးသည့် လုပ်ဆောင်ချက်ကို၎င်းမီဒီယာအဖွဲ့မှ ဗဟိုအတွင်းရေးမှူး (နပြေည်တော်) ဒေါ်သီသီနိုင်မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဗဟိုအတွင်းရေးမှူး အပါအဝင် ပဲခူးတိုင်း၊ ကျောက်တံတားမြို့မှ အမျိုးသားတစ်ဦး၊ လားရှိုးမြို့ ရပ်ကွက် (၁၀)မှ အမျိုးသားတစ်ဦးနှင့် ရှမ်း/မြောက် သီပေါမြို့ မှ အမျိုးသမီးတစ်ဦးတို့အား လားရှိုးမြို့ရှိ မြန်မာနိုင်ငံ သတင်းရဲ တပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လားရှိုးမှ တာဝန်ရှိသူများ ပါဝင်ကာ လားရှိုးမြို့ရှိ သတင်းမီဒီယာသမားများရှေ့တွင် စစ်ဆေးမေးမြန်းခဲ့သည်။

မေးမြန်းချက်များအရ လားရှိုးမြို့တွင် ပြည်နယ်ရုံးခွဲဖွင့်လှစ်ပြီးပါက တာဝန်ခံအဖြစ် ဆောင်ရွက်မည့် အမျိုးသား မှာ သတင်းထောက်အဖြစ် စတင်လုပ်ကိုင်သည်မှာ အချိန်ကာလ မကြာမြင့်သေးကြောင်း၊ လားရှိုးမြို့ခံဖြစ်သူ အမျိုးသားမှာလည်း သတင်းစာပညာနှင့်ပတ်သက်၍ သင်ကြားတတ်ကျွမ်းထားမှု မရှိသေးကြောင်းနှင့် သတင်း မီဒီယာ ကျင့်ဝတ်များကိုလည်း သိရှိနားလည်ထားခြင်း မရှိသေးကြောင်း တွေ့ရှိရပေသည်။

ထို့ပြင်၎င်းအဖွဲ့၏ ငွေကြေးတောင်းခံ ရန်ပုံငွေရှာဖွေသည့် လုပ်ရပ်ကြောင့် လားရှိုးဒေသခံ သတင်းမီဒီယာ သမားများမှာ ဂုဏ်သိက္ခါ ထိခိုက်ခဲ့ရသည့် အတွက်၎င်းတို့၏ လုပ်ဆောင်ချက်အား သတင်းစာ ရှင်းလင်းပွဲ တစ်ခု အမြန်ဆုံး ပြုလုပ်ပေးရန်အတွက် လားရှိုးဒေသခံမီဒီယာသမားများက တိုက်တွန်းခဲ့ပြီး တရားဝင် ပြုလုပ်နိုင်ရန် အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူတို့မှလည်း တိုက်တွန်းခဲ့သည်။

တိုင်းဒေသ တစ်ခုကို ကျော်လွန်၍ အလှူခံ/ရန်ပုံငွေရှာဖွေကောက်ခံခြင်း၊ ထိုသို့လုပ်ဆောင်နေသည့် ဒေသရှိ အာဏာပိုင် အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးဌာနများ၏ ခွင့်ပြုချက်အား တောင်းခံခြင်းမပြု၊ ခွင့်ပြုချက် မရရှိထားဘဲ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသည့်ယာဉ်များထံ ငွေကြေး ကောက်ခံခြင်း၊ ကောက်ခံထားသည့် ငွေကြေးများကို စာရင်းဇယားနှင့်တကွ တိတိကျကျ တင်ပြနိုင်မှု မရှိခြင်းတို့ကိုလည်း တွေ့ရှိရပေသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၏ အဆိုအရ ထိုသို့စည်းဘောင်ကျော်ကာ ငွေကြေးကောက်ခံ ရန်ပုံငွေ ရှာဖွေမှုကို အုပ်ချုပ်ရေးဌာန အနဖြေင့် တိုက်ရိုက်အရေးယူ၍ မရသေးသော်လည်း ဥပဒေအကြံပေးမှုများကို တောင်းခံကာ ဥပဒေအရဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ဂျာနယ်ဖြန့်ဝေကာ ရန်ပုံငွေရှာဖွခြေင်းကို အလွယ်တကူခွင့်ပြုပြီး နေရာထိုင်ခင်း စီစဉ်ပေးခဲ့သည့် ခေးနင်း တိုးဂိတ်မှတာဝန်ရှိသူများ အနဖြေင့်လည်း အမှားကျူးလွန်ခြင်းဟု ယူဆရမည် ဖြစ်ကာ ထိုအမှား၏ နောက်ဆက်တွဲပြသနာရပ်များကိုလည်း သတိပြုရန် လိုအပ်သည်။

နောက်ဆက်တွဲ ပြသနာများဟူသည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ၊ အထူးသဖြင့် မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းရှိ တိုးဂိတ်များနှင့် ကုန်စည်စစ်ဆေးရေးဂိတ်များတွင် အသံဗုံးပေါက်ကွဲခြင်းများ မကြာခဏ ဖြစ်ပွားတတ်ခြင်းတို့ကြောင့် မိမိတို့ ဌာနလုံခြုံရေးအတွက် တွေ့ကရာ အဖွဲ့အစည်းအား စိစစ်မှုမရှိပဲ အလွယ်တကူ နေရာထိုင်ခင်း ပေးကာ ထောက်ပံ့ခြင်းတို့ကို မပြုလုပ်အပ်ပေ။

၎င်းတို့တောင်းခံခဲ့သည်ဟု ဆိုသည့် ငွေကြေးပမာဏကို ပေးခဲ့ရသူများမှာလည်း ပြည်ထောင်စုလမ်းမကြီး ကို အမြဲတစေ အသုံးပြုနကြေသူများဖြစ်သည့် အပြင် အချို့သောကုန်သည်များမှာ တရားမဝင် တင်ဆောင်လာသည့် ကုန်များ ပါရှိသည့် အတွက် ငွေကြေးပေးဆောင်ခဲ့ရခြင်းကို ပြန်လည်တိုင်ကြားခြင်း၊ သက်သေခံ ပြောဆိုခြင်းတို့ကို အလွယ်တကူ မပြုလုပ်ရဲခြင်းတို့မှာလည်း အားနည်းချက်တစ်ခုပင်ဖြစ်သည်။

ထို့ပြင် ရုတ်တရက်ကြည့်မိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဆောင်အယောင်နှင့် တူညီလုနီးနီးဖြစ်နေသည့်၎င်းတို့၏ တူညီအင်္ကျီများအောက်မှ အဆင်အယင်များမှာလည်း မှောင်ရီဝိုးတဝါးအချိန်တွင် သာမန်ပြည်သူ တစ်ဦးက ပြန်လည်မေးခွန်းထုတ်ရဲမည့် အနေအထားတွင် မရှိနိုင်သည့် အခြေအနဖြေစ်သည်။

သတင်းထောက်ကဒ်များကို ငွေကြေးသတ်မှတ်ချက်ဖြင့် တာဝန်ခံမှုကင်းမဲ့စွာ ထုတ်ပေးထားမှုများ၊ မိမိတို့ ထုတ်ပေးထားသည့် သတင်းထောက်ကဒ်ကို ကိုင်ဆောင်ထားသူများအား စောင့်ကြည့်လေ့လာခြင်းမရှိ၊ ကြပ်မတ် ကွပ်ကဲခြင်းမရှိဘဲ အဖြစ်သာသာ လုပ်ကိုင်နေသည့် မီဒီယာအဖွဲ့များကိုလည်း သက်ဆိုင်သည့် ဘက်မှ ကြပ်မတ်ရန်လိုအပ်သည်။

“တရားမဝင်ကုန်စည်သယ်ဆောင်တဲ့သူတွေကို ငွေတောင်းခံတယ်ဆိုတာတွေက မြန်မာနိုင်ငံရဲ့ တစ်ချို့ ဒေသ တွေမှာ ကြားနေရတာများတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်ကြားနေတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ကောင်စီက တိုက်ရိုက်အရေးယူလို့မရဘူး။ အရေးယူလို့ရတဲ့အဖွဲ့အစည်းတွေကို တိုက်တွန်းလို့ပဲ ရတယ်။ မီဒီယာနာမည်ခံပြီး ငွေတောင်းတာက မီဒီယာကို သက်သက် အပုတ်ချဖို့ လုပ်ဆောင်နေတာမျိုးလို့ထင်တယ်”ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ( MPC ) မှ ဦးမြင့်ကျော်က ပြောသည်။

ထို့ပြင် မီဒီယာအမည်ခံကာ ငွေတောင်းနေသူများမှာ ရဲတပ်ဖွဲ့ကဲ့သို့ ဌာနများနှင့် ရင်းနှီးမှုရှိသည့် အနေအထားမျိုးတွင် တွေ့ရှိရသည့် အတွက် ထိုကဲ့သို့ငွေညှစ်တောင်းခံသူများကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ စုံစမ်းအရေးယူမှု ပြုလုပ်ရန်လည်း ကောင်စီအနဖြေင့် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနဖြေင့် ထိုကဲ့သို့ မီဒီယာအမည်ခံကာ ငွေကြေးတောင်းခံမှုများကို တိုက်ရိုက် အရေးယူမှု မပြုလုပ်နိုင်ခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဲ့သို့ ဌာနကြီး တစ်ခုအနေနှင့်လည်း တိုက်ရိုက်အရေးယူမှု မပြုလုပ်နိုင်ခြင်းတို့မှာ မီဒီယာကဒ်ကိုင်ဆောင်ကာ ငွေကြေး တောင်းခံသူများအတွက် အဓိက အားသာချက်ကြီးတစ်ခုပင် ဖြစ်လို့နေသည့် အလားပင်။

မည်သို့ပင် ဆိုစေကာမူ မူလတန်းဖတ်စာအုပ်ထဲတွင် သင်ကြားခဲ့ဖူးသည့် "သိုးရခြေုံသော ဝံပုလွေ"ကဲ့သို့ မျက်မှောက်ကာလရှိ “မီဒီယာ အရခြေုံသော ကိုယ်ကျိုးရှာသူများ” အား တိကျပြတ်သားစွာ တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုတော့ လိုအပ်နပြေီဖြစ်လေသည်။

နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~