က်ိဳင္းတံုၿမိဳ႕ လုပ္သားရြာတြင္ ေနအိမ္တစ္လံုးမီးေလာင္ၿပီး ကေလးႏွစ္ဦးေသဆံုး

က်ိဳင္းတံုၿမိဳ႕ လုပ္သားရြာတြင္ ေနအိမ္တစ္လံုးမီးေလာင္ၿပီး ကေလးႏွစ္ဦးေသဆံုး
မေ 6, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ ရပ္ကြက္(၁)မွ လုပ္သားရြာတြင္ ေမလ (၅)ရက္ေန႔ ည(၁၀)နာရီခြဲဝန္းက်င္တြင္ ေနအိမ္တစ္လုံးမီးေလာင္ကၽြမ္းရာ  ကေလး(၂)ဦး မီးေလာင္ေသဆုံးသြားေၾကာင္း သိရသည္။

"ဘုရားစင္မွာ ထြန္းထားတဲ့ ဖေယာင္းတိုင္မီးကေန စေလာင္တယ္လို႔ေျပာတယ္။ မီးေလာင္တဲ့အခ်ိန္က ကေလးေလးႏွစ္ေယာက္ပဲ အိမ္မွာရိွတာ။ ကေလးအေဖက ခရီးထြက္ေနၿပီးေတာ့ အေမက မီးေလာင္တဲ့အခ်ိန္ အိမ္မွာမရိွဘူး"ဟု မီးေလာင္မႈျဖစ္ပြားရာတြင္ သြားေရာက္ကူညီခဲ့သည့္ ႏွလုံးလွပိုင္ရွင္မ်ားအသင္းမွ ကိုေက်ာ္သူေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္ကၽြမ္းခ်ိန္တြင္ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္ႏွစ္ဦးတည္းရိွေနရာ ကေလးႏွစ္ဦးမွာ မီးေလာင္ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ကေလး၏မိခင္ျဖစ္သူကို အေရးယူ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #ႏွလုံးလွပိုင္ရွင္မ်ားအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့ လုပ်သားရွာတွင် နေအိမ်တစ်လုံးမီးလောင်ပြီး ကလေးနှစ်ဦးသေဆုံး
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက်(၁)မှ လုပ်သားရွာတွင် မေလ (၅)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်တွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းရာ  ကလေး(၂)ဦး မီးလောင်သေဆုံးသွားကြောင်း သိရသည်။

"ဘုရားစင်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးကနေ စလောင်တယ်လို့ပြောတယ်။ မီးလောင်တဲ့အချိန်က ကလေးလေးနှစ်ယောက်ပဲ အိမ်မှာရှိတာ။ ကလေးအဖေက ခရီးထွက်နေပြီးတော့ အမေက မီးလောင်တဲ့အချိန် အိမ်မှာမရှိဘူး"ဟု မီးလောင်မှုဖြစ်ပွားရာတွင် သွားရောက်ကူညီခဲ့သည့် နှလုံးလှပိုင်ရှင်များအသင်းမှ ကိုကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်ကျွမ်းချိန်တွင် အသက်(၅)နှစ်အောက် ကလေးငယ်နှစ်ဦးတည်းရှိနေရာ ကလေးနှစ်ဦးမှာ မီးလောင်သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် ကလေး၏မိခင်ဖြစ်သူကို အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #နှလုံးလှပိုင်ရှင်များအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~