ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ KNPP တုိ႔ လစဥ္ေတြ႔ဆံုေဆြးေႏြးမည္

ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ KNPP တုိ႔ လစဥ္ေတြ႔ဆံုေဆြးေႏြးမည္
မေ 29, 2018
By 🌸
ကယားျပည္နယ္အစိုးရအဖြဲ႔ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP) တို႔ ၂၀၁၈ ခုႏွစ္ ေမလ (၂၉) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္အစိုးရ႐ုံး၌ တံခါးပိတ္ေဆြးေႏြးမႈ လုပ္ေဆာင္ေနၿပီးေနာက္ လစဥ္ေတြ႔ဆံုေဆြးေႏြးမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယေန႔ေဆြးေႏြးပြဲတြင္ ျပည္နယ္တြင္း ဖြံ႔ၿဖိဳးေရးကိစၥမ်ား၊ တပ္ပိုင္းဆိုင္ရာႏွင့္ က်န္းမားေရး၊ ပညာေရး စသည့္ ကိစၥရပ္မ်ား အဓိကထားေဆြးေႏြးၾကေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ ႏွစ္ဖက္ကေတာ့ တပ္ပိုင္းဆိုင္ရာနည္းနည္း၊ ဖြံ႔ၿဖိဳးေရးကိစၥေတြမွာ နယ္ေျမသတ္မွတ္ထားတဲ့ ေနရာေတြမွာ ဖြ႔ံၿဖိဳးေရးလုပ္ေဆာင္ၾကရတဲ့အပိုင္းေတြ ေနာက္ပညာေရးပိုင္းလည္း နည္းနည္းေဆြးေႏြးျဖစ္တယ္။ က်န္းမာေရးအပိုင္းကေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံတကာအဖြဲ႔စည္းေတြနဲ႔ တြဲလုပ္ေနတဲ့ က်န္းမာေရးဌာနေတြ႐ွိတယ္။ ကၽြန္ေတာ္တို႔ သုံးတဲ့ေဆးေတြက ထိုင္းဖက္ကမ်ားေတာ့ ေဆးသယ္ယူေရး ကိစၥေတြ ေဆြးေႏြးျဖစ္တယ္။ ေပါ့ေပါ့ပါးပါးပဲ။ တပ္ပိုင္းဆိုင္ရာလည္း ေဆြးေႏြးျဖစ္ပါတယ္။ အားလုံးကအဆင္ေျပေျပပါပဲ " ဟု ေဆြးေႏြးပြဲတြင္ တတ္ေရာက္ခဲ့သည့့္ KNPP မွတာဝန္႐ွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေတြ႔ဆုံပြဲအား ကယားျပည္နယ္အစိုးရဖက္မွ ဒုဗိုလ္မွဴးႀကီး မ်ိဳးဝင္းလိႈင္ ဦးေဆာင္၍ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး KNPP ဖက္မွ ဗဟိုေကာ္မတီဝင္မ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်နယ်အစိုးရအဖွဲ့နှင့် KNPP တို့ လစဉ်တွေ့ဆုံဆွေးနွေးမည်
***************
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ၂၀၁၈ ခုနှစ် မေလ (၂၉) ရက်နေ့တွင် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံး၌ တံခါးပိတ်ဆွေးနွေးမှု လုပ်ဆောင်နေပြီးနောက် လစဉ်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ဆွေးနွေးပွဲတွင် ပြည်နယ်တွင်း ဖွံ့ဖြိုးရေးကိစ္စများ၊ တပ်ပိုင်းဆိုင်ရာနှင့် ကျန်းမားရေး၊ ပညာရေး စသည့် ကိစ္စရပ်များ အဓိကထားဆွေးနွေးကြကြောင်း သိရသည်။

"ကျွန်တော်တို့ နှစ်ဖက်ကတော့ တပ်ပိုင်းဆိုင်ရာနည်းနည်း၊ ဖွံ့ဖြိုးရေးကိစ္စတွေမှာ နယ်မြေသတ်မှတ်ထားတဲ့ နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ဆောင်ကြရတဲ့အပိုင်းတွေ နောက်ပညာရေးပိုင်းလည်း နည်းနည်းဆွေးနွေးဖြစ်တယ်။ ကျန်းမာရေးအပိုင်းကတော့ ကျွန်တော်တို့ နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ တွဲလုပ်နေတဲ့ ကျန်းမာရေးဌာနတွေရှိတယ်။ ကျွန်တော်တို့ သုံးတဲ့ဆေးတွေက ထိုင်းဖက်ကများတော့ ဆေးသယ်ယူရေး ကိစ္စတွေ ဆွေးနွေးဖြစ်တယ်။ ပေါ့ပေါ့ပါးပါးပဲ။ တပ်ပိုင်းဆိုင်ရာလည်း ဆွေးနွေးဖြစ်ပါတယ်။ အားလုံးကအဆင်ပြေပြေပါပဲ " ဟု ဆွေးနွေးပွဲတွင် တတ်ရောက်ခဲ့သည့့် KNPP မှတာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါတွေ့ဆုံပွဲအား ကယားပြည်နယ်အစိုးရဖက်မှ ဒုဗိုလ်မှူးကြီး မျိုးဝင်းလှိုင် ဦးဆောင်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး KNPP ဖက်မှ ဗဟိုကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~