KNPP ၏ NCA လက္မွတ္ေရးထိုးႏိုင္ေရး ႀကိဳးပမ္းမႈႏွင့္ ၿငိမ္းခ်မ္းေရးအား ေထာက္ခံသည့္ လူထုဆႏၵ ထုတ္ေဖၚ

KNPP ၏ NCA လက္မွတ္ေရးထိုးႏိုင္ေရး ႀကိဳးပမ္းမႈႏွင့္ ၿငိမ္းခ်မ္းေရးအား ေထာက္ခံသည့္ လူထုဆႏၵ ထုတ္ေဖၚ
မေ 15, 2018
By 🌸
KNPP က တစ္ႏိုင္ငံလံုးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးႏိုင္ေရး  ဆက္လက္ႀကိဳးပမ္း ေဆာင္ရြက္သြားမည့္ ဆံုးျဖတ္ခ်က္ႏွင့္ ၿငိမ္းခ်မ္းေရးကို ေထာက္ခံသည့္ ျပည္သူ တစ္ေသာင္းခြဲေက်ာ္က လိြဳင္ေကာ္ၿမိဳ႕တြင္ လူထုဆႏၵထုတ္ေဖၚျခင္းအား ၂၀၁၈ ခုႏွစ္ ေမလ (၁၅)ရက္ေန႔က ျပဳလုပ္ေၾကာင္းသိရသည္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီတို႔ ဧၿပီလ (၂၇) ရက္ေန႔က ထုတ္ျပန္ေၾကျငာ ထားေသာ ပူးတြဲထုတ္ျပန္ေၾကျငာခ်က္ထဲမွ အပိုဒ္(၃) အရ KNPP အေနျဖင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA တြင္ လက္မွတ္ေရးထိုးသြားႏိုင္ေရး ႀကိဳးပမ္းသြားမည္ဆိုသည့္အေပၚ ေထာက္ခံသည့္အေနျဖင့္ လူထုဆႏၵထုတ္ေဖၚျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ ကယားျပည္နယ္ရဲ႕ တိုင္းရင္းေပါင္းစုံေပါ့ေနာ္။ ၿငိမ္းခ်မ္းေရးအတြက္ အားေပးေထာက္ခံႀကိဳဆိုတဲ့ အခမ္းအနားေပါ့။ ၿပီးေတာ့ စီတန္းလွည့္လည္တဲ့ အစီစဥ္ေလးပဲျဖစ္ပါတယ္ " ဟု  ဆႏၵထုတ္ေဖၚသည့္အဖြဲ႕မွ ဦးသက္ေနာင္ထြန္းက တာခ်ီီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရးႏွင့္ ေဒသဖြ႔ံၿဖိဳးေရးမ်ားကို ျပည္သူမ်ားအေနျဖင့္ လိုလားလွ်က္႐ွိၿပီး အေျခခံအက်ဆုံးျဖစ္သည့္ ထာဝရၿငိမ္းခ်မ္းျခင္းကို လိုအပ္ေသာေၾကာင့္ အခုလိုပါဝင္ရျခင္းျဖစ္ေၾကာင္း ဖ႐ူဆိုၿမိဳ႕နယ္ ဟိုယာတိုက္နယ္မွ ဓမၼဆရာ ဦးေစာကဲအီက ေျပာသည္။

" တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး ေဆြးေႏြးေနတာကို NCA လို႔ သိထားတယ္ေပါ့ ။ အဓိကက ၿငိမ္းခ်မ္းေစခ်င္လို႔ ကြၽန္ေတာ္တို႔ မၿငိမ္းခ်မ္းတဲ့ အရသာကို ႏွစ္ေပါင္းမ်းာစြာ ခံခဲ့ၿပီးၿပီ။ လာမယ့္ ကြၽန္ေတာ္တို႔ သားသမီးေတြ အနာဂတ္အတြက္ တစ္ႏိုင္ငံလုံးအတြက္ ၿငိ္မ္းခ်မ္းဖို႔လိုတယ္ ။ ၿငိမ္းခ်မ္းခ်င္လို႔ စစ္ပြဲေတြမျဖစ္ေစခ်င္ေတာ့လို႔ အခုလိုလာခဲ့တာ " ဟု တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ အခမ္းနားျပဳလုပ္ျခင္းမွာ ျပည္နယ္တြင္းမွ အရပ္ဖက္အဖြဲ႕မ်ား ယူဆသည့္ KNPP အား NCA တြင္လက္မွတ္ေရးထိုးရန္ ဖိအားေပးျခင္းမဟုတ္ဘဲ ၿငိမ္းခ်မ္းေရးကို ေထာက္ခံႀကိဳဆိုျခင္းသာ ျဖစ္ေၾကာင္း ဦးသက္ေနာင္ထြန္းက ဆိုသည္။

" ၿငိမ္းခ်မ္းေရးေကာ္မ႐ွင္နဲ႔ KNPP တို႔ပူးတြဲထုတ္ျပန္ထားတဲ့ အပိုဒ္ ၃ မွာ KNPP အေနျဖင့္ NCA တြင္ လက္မွတ္ေရးထိုးႏိုင္ေရး ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားမည့္ သေဘာတူညီခ်က္ကို ဒါသူတို႔အခ်င္းခ်င္းသေဘာ တူထားတဲ့သေဘာတူညီခ်က္။ အဲဒီသေဘာတူညီခ်က္ကို ကယားျပည္နယ္အတြင္း႐ွိ တိုင္းရင္းသား ျပည္သူအေပါင္းက အားေပးပါတယ္ ၊ ေထာက္ခံပါတယ္၊ ႀကိဳဆိုပါတယ္၊ အဲဒီအတြက္ဒီအခမ္းအနားကို လုပ္ျခင္းျဖစ္ပါတယ္။ KNPP ကိုဖိအားေပးျခင္းမဟုတ္ပါဘူး။ အားလုံးကၿငိမ္းခ်မ္းေရးအေပၚတူညီတဲ့ဆႏၵကိုေဖာ္ထုတ္ၾကျခင္း ျဖစ္ပါတယ္။ KNPP ဆိုတာအင္မတန္မွအေတြ႔ၾကံဳရင့္က်က္တဲ့အဖြဲ႔အစည္းပါ။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အခက္အခဲေတြ အမ်ားႀကီးသူေက်ာ္ျဖတ္လာခဲ့ရပါတယ္။ KNPP လိုအေတြ႔ၾကံဳရင့္က်က္တဲ့အဖြဲ႔အစည္းဟာ ျပည္သူလူထုေတြဖိအားေပးတိုင္းလည္း သူလုပ္ခ်င္မွလုပ္မယ္။ ဒီလိုပဲယုံၾကည္တယ္။ ျပည္သူရဲ႕ဆႏၵကိုလည္း ထည့္သြင္းစဥ္စားမယ္လို႔ယုံုၾကည္တယ္။ ကြၽန္ေတာ္တို႔က လက္မွတ္ထိုးပါလ ို႔ေျပာတာလည္း မဟုတ္ပါဘူး။ တည္ၿငိမ္ေအးခ်မ္းဖို႔ ေ႐ွ႕ကိုဘယ္လိုသြားၾကမလဲ ဆိုတဲ့ ရည္ရြယ္ခ်က္ေလးေတြနဲ႔လုပ္ခဲ့တာပါ။ ဘယ္သူ႔ဖိအား ပါတီအေရာင္အေသြးေတြလည္း တစ္ခုမွမပါပါဘူး။ အားလုံးက ျပည္နယ္သားေတြအျဖစ္ ၿငိမ္းခ်မ္းခ်င္တဲ့ဆႏၵေတြနဲ႔ အ႐ုိးသားဆုံး ပါဝင္ခဲ့ၾကျခင္းသာျဖစ္ပါတယ္လို႔ ေျပာခ်င္ပါတယ္ " ဟု ေျပာသည္။

အဆုိပါ စီတန္းလွည့္လည္ ပြဲသုိ႔ ၿမိဳ႕နယ္အသီးသီးမွ ေဒသခံျပည္သူမ်ား၊ ဘာသာႀကီး ေလးခုမွ ဆရာေတာ္ ၊ သံဃာေတာ္မ်ား ႏွင့္ စုစုေပါင္း လူဦးေရ တစ္ေသာင္းခြဲေက်ာ္ ပါဝင္ခဲ့ေၾကာင္း သိရၿပီး လိြဳင္ေကာ္ၿမိဳ႕ ခ်ိကယ္ေက်းရြာ႐ွိ ေက့ထ်ိဳးဘိုး ကြင္းမွ ၿမိဳ႕လယ္ အာဇာနည္းေက်ာက္တိုင္ကြင္းထိ စီတန္းလွည့္လည္ ခဲ့ၾကေၾကာင္းသိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
KNPP ၏ NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းမှုနှင့် ငြိမ်းချမ်းရေးအား ထောက်ခံသည့် လူထုဆန္ဒ ထုတ်ဖေါ်
********
KNPP က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး  ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် ဆုံးဖြတ်ချက်နှင့် ငြိမ်းချမ်းရေးကို ထောက်ခံသည့် ပြည်သူ တစ်သောင်းခွဲကျော်က လွိုင်ကော်မြို့တွင် လူထုဆန္ဒထုတ်ဖေါ်ခြင်းအား ၂၀၁၈ ခုနှစ် မေလ (၁၅)ရက်နေ့က ပြုလုပ်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ဧပြီလ (၂၇) ရက်နေ့က ထုတ်ပြန်ကြေငြာ ထားသော ပူးတွဲထုတ်ပြန်ကြေငြာချက်ထဲမှ အပိုဒ်(၃) အရ KNPP အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးသွားနိုင်ရေး ကြိုးပမ်းသွားမည်ဆိုသည့်အပေါ် ထောက်ခံသည့်အနေဖြင့် လူထုဆန္ဒထုတ်ဖေါ်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကယားပြည်နယ်ရဲ့ တိုင်းရင်းပေါင်းစုံပေါ့နော်။ ငြိမ်းချမ်းရေးအတွက် အားပေးထောက်ခံကြိုဆိုတဲ့ အခမ်းအနားပေါ့။ ပြီးတော့ စီတန်းလှည့်လည်တဲ့ အစီစဉ်လေးပဲဖြစ်ပါတယ် " ဟု  ဆန္ဒထုတ်ဖေါ်သည့်အဖွဲ့မှ ဦးသက်နောင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို ပြည်သူများအနေဖြင့် လိုလားလျှက်ရှိပြီး အခြေခံအကျဆုံးဖြစ်သည့် ထာဝရငြိမ်းချမ်းခြင်းကို လိုအပ်သောကြောင့် အခုလိုပါဝင်ရခြင်းဖြစ်ကြောင်း ဖရူဆိုမြို့နယ် ဟိုယာတိုက်နယ်မှ ဓမ္မဆရာ ဦးစောကဲအီက ပြောသည်။

" တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတာကို NCA လို့ သိထားတယ်ပေါ့ ။ အဓိကက ငြိမ်းချမ်းစေချင်လို့ ကျွန်တော်တို့ မငြိမ်းချမ်းတဲ့ အရသာကို နှစ်ပေါင်းမျးာစွာ ခံခဲ့ပြီးပြီ။ လာမယ့် ကျွန်တော်တို့ သားသမီးတွေ အနာဂတ်အတွက် တစ်နိုင်ငံလုံးအတွက် ငြိမ်းချမ်းဖို့လိုတယ် ။ ငြိမ်းချမ်းချင်လို့ စစ်ပွဲတွေမဖြစ်စေချင်တော့လို့ အခုလိုလာခဲ့တာ " ဟု တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ အခမ်းနားပြုလုပ်ခြင်းမှာ ပြည်နယ်တွင်းမှ အရပ်ဖက်အဖွဲ့များ ယူဆသည့် KNPP အား NCA တွင်လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးကို ထောက်ခံကြိုဆိုခြင်းသာ ဖြစ်ကြောင်း ဦးသက်နောင်ထွန်းက ဆိုသည်။

" ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP တို့ပူးတွဲထုတ်ပြန်ထားတဲ့ အပိုဒ် ၃ မှာ KNPP အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့် သဘောတူညီချက်ကို ဒါသူတို့အချင်းချင်းသဘော တူထားတဲ့သဘောတူညီချက်။ အဲဒီသဘောတူညီချက်ကို ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအပေါင်းက အားပေးပါတယ် ၊ ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ အဲဒီအတွက်ဒီအခမ်းအနားကို လုပ်ခြင်းဖြစ်ပါတယ်။ KNPP ကိုဖိအားပေးခြင်းမဟုတ်ပါဘူး။ အားလုံးကငြိမ်းချမ်းရေးအပေါ်တူညီတဲ့ဆန္ဒကိုဖော်ထုတ်ကြခြင်း ဖြစ်ပါတယ်။ KNPP ဆိုတာအင်မတန်မှအတွေ့ကြုံရင့်ကျက်တဲ့အဖွဲ့အစည်းပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခက်အခဲတွေ အများကြီးသူကျော်ဖြတ်လာခဲ့ရပါတယ်။ KNPP လိုအတွေ့ကြုံရင့်ကျက်တဲ့အဖွဲ့အစည်းဟာ ပြည်သူလူထုတွေဖိအားပေးတိုင်းလည်း သူလုပ်ချင်မှလုပ်မယ်။ ဒီလိုပဲယုံကြည်တယ်။ ပြည်သူရဲ့ဆန္ဒကိုလည်း ထည့်သွင်းစဉ်စားမယ်လို့ယုံကြည်တယ်။ ကျွန်တော်တို့က လက်မှတ်ထိုးပါလ ို့ပြောတာလည်း မဟုတ်ပါဘူး။ တည်ငြိမ်အေးချမ်းဖို့ ရှေ့ကိုဘယ်လိုသွားကြမလဲ ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့လုပ်ခဲ့တာပါ။ ဘယ်သူ့ဖိအား ပါတီအရောင်အသွေးတွေလည်း တစ်ခုမှမပါပါဘူး။ အားလုံးက ပြည်နယ်သားတွေအဖြစ် ငြိမ်းချမ်းချင်တဲ့ဆန္ဒတွေနဲ့ အရိုးသားဆုံး ပါဝင်ခဲ့ကြခြင်းသာဖြစ်ပါတယ်လို့ ပြောချင်ပါတယ် " ဟု ပြောသည်။

အဆိုပါ စီတန်းလှည့်လည် ပွဲသို့ မြို့နယ်အသီးသီးမှ ဒေသခံပြည်သူများ၊ ဘာသာကြီး လေးခုမှ ဆရာတော် ၊ သံဃာတော်များ နှင့် စုစုပေါင်း လူဦးရေ တစ်သောင်းခွဲကျော် ပါဝင်ခဲ့ကြောင်း သိရပြီး လွိုင်ကော်မြို့ ချိကယ်ကျေးရွာရှိ ကေ့ထျိုးဘိုး ကွင်းမှ မြို့လယ် အာဇာနည်းကျောက်တိုင်ကွင်းထိ စီတန်းလှည့်လည် ခဲ့ကြကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~