ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႕ဝင္ႏွစ္ဦးအား မီးသတ္တပ္ဖြဲ႕ေန႔ႏွင့္ မီးသတ္စြမ္းရည္ သရုပ္ျပပြဲအခမ္းအနားတြင္ ဂုဏ္ျပဳ

ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႕ဝင္ႏွစ္ဦးအား မီးသတ္တပ္ဖြဲ႕ေန႔ႏွင့္ မီးသတ္စြမ္းရည္ သရုပ္ျပပြဲအခမ္းအနားတြင္ ဂုဏ္ျပဳ
မေ 5, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနတြင္ ေမလ (၅) ရက္ေန႔က က်င္းပသည့္ (၇၂) ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ေန႔အခမ္းအနားႏွင့္ မီးသတ္စြမ္းရည္ သရုပ္ျပပြဲတြင္ မီးသတ္တပ္ဖြဲ႕ဝင္ႏွစ္ဦးအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္က ေရတြင္းထဲျပဳတ္က်သူအား ရွာေဖြကယ္ဆယ္ေရး ႀကိဳးစားေဆာင္ရြက္ခဲ့သည့္ မီးသတ္တပ္ဖြဲ႕မွ တပ္ၾကပ္ႀကီးသန္းလႈိင္အား စြမ္းေဆာင္ရည္ဆုႏွင့္ တစ္ႏွစ္တာအတြင္း ယူနီေဖာင္းဝတ္ဆင္မႈ အသပ္ရပ္ဆံုးႏွင့္ စနစ္အက်ဆံုးဆုကို မီးသတ္တပ္ဖြဲ႕မွ တပ္ၾကပ္ႀကီးသိန္းထြန္းေအာင္တို႔ကို ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာငး္ သိရသည္။

မီးသတ္သရုပ္ျပပြဲတြင္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခ်ိန္ အေရးေပၚကယ္ဆယ္ေရးသရုပ္ျပကြက္အား တိုက္ေၾကေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ လက္ေတြ႕သရုပ္ျပခဲ့ေၾကာင္း သိရသည္။

“အရင္ႏွစ္ေတြကေတာ့ ယာဥ္အတြင္းပိတ္မိေနသူကို ကယ္ဆယ္ေရးသရုပ္ျပျပဳလုပ္တဲ့အခါ ကယ္ဆယ္ေရး ပစၥည္းအသံုးျပဳတာကိုပဲ သရုပ္ျပႏိုင္တယ္။ ဒီႏွစ္မွာ ေက်ာက္မဲရဲတပ္ဖြဲ႔ထံကေန တိုက္ေၾကကားတစ္စီးကို ေတာင္းခံၿပီးေတာ့ လက္ေတြ႔သရုပ္ျပမႈ ျပဳလုပ္ပါတယ္ ” ဟု ေက်ာက္မဲခရိုင္ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေဇာ္မင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခမ္းအနားတြင္ မီးသတ္တပ္ဖြဲ႔ဝင္မ်ားက ရွာေဖြကယ္ဆယ္ေရးစြမ္းရည္၊ လက္ေတြ႔မီးၿငိမ္းသတ္စြမ္းရည္၊ အသက္ကယ္စြမ္းရည္ႏွင့္ ယာဥ္မေတာ္တဆမႈျဖစ္စဥ္ျဖစ္ပြားပါက ယာဥ္အတြင္းပိတ္မိေနသူကို ကယ္ဆယ္ေရးျပဳလုပ္သည့္ စြမ္းရည္မ်ားကို လက္ေတြ႔ျပသခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ေက်ာက္မဲၿမိဳ႕ရွိ ဌာနဆိုင္ရာမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား တက္ေရာက္ခ့ဲေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ခရိုင္မီးသတ္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးအား မီးသတ်တပ်ဖွဲ့နေ့နှင့် မီးသတ်စွမ်းရည် သရုပ်ပြပွဲအခမ်းအနားတွင် ဂုဏ်ပြု
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနတွင် မေလ (၅) ရက်နေ့က ကျင်းပသည့် (၇၂) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့် မီးသတ်စွမ်းရည် သရုပ်ပြပွဲတွင် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်က ရေတွင်းထဲပြုတ်ကျသူအား ရှာဖွေကယ်ဆယ်ရေး ကြိုးစားဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးသန်းလှိုင်အား စွမ်းဆောင်ရည်ဆုနှင့် တစ်နှစ်တာအတွင်း ယူနီဖောင်းဝတ်ဆင်မှု အသပ်ရပ်ဆုံးနှင့် စနစ်အကျဆုံးဆုကို မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးသိန်းထွန်းအောင်တို့ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်သရုပ်ပြပွဲတွင် ယာဉ်မတော်တဆမှုဖြစ်ပွားချိန် အရေးပေါ်ကယ်ဆယ်ရေးသရုပ်ပြကွက်အား တိုက်ကြေမော်တော်ယာဉ်တစ်စီးဖြင့် လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

“အရင်နှစ်တွေကတော့ ယာဉ်အတွင်းပိတ်မိနေသူကို ကယ်ဆယ်ရေးသရုပ်ပြပြုလုပ်တဲ့အခါ ကယ်ဆယ်ရေး ပစ္စည်းအသုံးပြုတာကိုပဲ သရုပ်ပြနိုင်တယ်။ ဒီနှစ်မှာ ကျောက်မဲရဲတပ်ဖွဲ့ထံကနေ တိုက်ကြေကားတစ်စီးကို တောင်းခံပြီးတော့ လက်တွေ့သရုပ်ပြမှု ပြုလုပ်ပါတယ် ” ဟု ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ လက်တွေ့မီးငြိမ်းသတ်စွမ်းရည်၊ အသက်ကယ်စွမ်းရည်နှင့် ယာဉ်မတော်တဆမှုဖြစ်စဉ်ဖြစ်ပွားပါက ယာဉ်အတွင်းပိတ်မိနေသူကို ကယ်ဆယ်ရေးပြုလုပ်သည့် စွမ်းရည်များကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျောက်မဲမြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ခရိုင်မီးသတ်ဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~