ခရိုင္/ၿမိဳ႕နယ္ လ၀က ၀န္ထမ္းမ်ားအား စြမ္းရည္ျမႇင့္ သင္တန္းဖြင့္လွစ္ သင္ၾကား

ခရိုင္/ၿမိဳ႕နယ္ လ၀က ၀န္ထမ္းမ်ားအား စြမ္းရည္ျမႇင့္ သင္တန္းဖြင့္လွစ္ သင္ၾကား
မေ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္လ၀ကဦးစီးမွဴး႐ံုးတြင္ လ၀က ၀န္ထမ္းမ်ား စြမ္းရည္ျမႇင့္ သင္တန္း အမွတ္စဥ္ (၃/၂၀၁၈)အား ေမလ(၃)ရက္ေန႔ နံနက္က စတင္ဖြင့္လွစ္ သင္ၾကားရာ သင္တန္းသား/သူ (၂၀)ဦး တက္ေရာက္ေနေၾကာင္း သိရသည္။

"ကြ်န္ေတာ့္ အေနကေတာ့ ခုသင္တန္းမွာ ဝန္ထမ္း အသစ္ခန္႔တာေတြေရာ တာဝန္ထမ္းေဆာင္တာ ၾကာတဲ့ဝန္ထမ္းေတြေရာ သင္တန္းတက္ ၾကမွာပါ၊ ဥပေဒ လုပ္ထံုးလုပ္နည္း နည္းဥပေဒေတြကို သိၿပီးသား ဝန္ထမ္းေတြေရာ ပိုကြ်မ္းက်င္ေအာင္ မသိေသးတဲ့ဝန္ထမ္းေတြလည္း သိရွိလာေအာင္ဆိုၿပီးေတာ့ ဒီသင္တန္းကို ဖြင့္တာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္လဝက ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း က ေျပာသည္။

အဆိုပါ သင္တန္းသို႔ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္အတြင္းရွိ လ၀က၀န္ထမ္ သင္တန္းသား သင္တန္းသူ စုစုေပါင္း (၂၀)ဦးမွ တက္ေရာက္ေနၾကၿပီး သင္တန္းကာလာအား ေမလ(၃)ရက္ေန႔မွ စတင္ကာ ေမလ(၇)ရက္ေန႔အထိ (၅)ရက္တိတိ သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ

 




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်လဝကဦးစီးမှူးရုံးတွင် လဝက ဝန်ထမ်းများ စွမ်းရည်မြှင့် သင်တန်း အမှတ်စဉ် (၃/၂၀၁၈)အား မေလ(၃)ရက်နေ့ နံနက်က စတင်ဖွင့်လှစ် သင်ကြားရာ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်နေကြောင်း သိရသည်။

"ကျွန်တော့် အနေကတော့ ခုသင်တန်းမှာ ဝန်ထမ်း အသစ်ခန့်တာတွေရော တာဝန်ထမ်းဆောင်တာ ကြာတဲ့ဝန်ထမ်းတွေရော သင်တန်းတက် ကြမှာပါ၊ ဥပဒေ လုပ်ထုံးလုပ်နည်း နည်းဥပဒေတွေကို သိပြီးသား ဝန်ထမ်းတွေရော ပိုကျွမ်းကျင်အောင် မသိသေးတဲ့ဝန်ထမ်းတွေလည်း သိရှိလာအောင်ဆိုပြီးတော့ ဒီသင်တန်းကို ဖွင့်တာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း က ပြောသည်။

အဆိုပါ သင်တန်းသို့ တာချီလိတ်ခရိုင်/မြို့နယ်အတွင်းရှိ လဝကဝန်ထမ် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၀)ဦးမှ တက်ရောက်နကြပြေီး သင်တန်းကာလာအား မေလ(၃)ရက်နေ့မှ စတင်ကာ မေလ(၇)ရက်နေ့အထိ (၅)ရက်တိတိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~