ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂၈ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂၈ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
မေ 29, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းလုပ္သား (၂၈)ဦးအား ၂၀၁၈ ခုႏွစ္ ေမလ(၂၉)ရက္ေန႔တြင္ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ျမန္မာ - ထုိင္း အမွတ္(၂) ခ်စ္ၾကည္ေရးတံတားတြင္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ား လာေရာက္လႊဲေျပာင္းေပးသူအေရအတြက္မွာ အမ်ိဳးသား(၁၅)ဦး၊ အမ်ိဳးသမီး(၉)ဦးႏွင့္ ကေလး (၄)ဦး စုစုေပါင္း (၂၈)ဦးျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံဖက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမားလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရးရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ၀င္( CNCMC ) တုိ႔မွ လက္ခံႀကိဳဆိုၾကၿပီး ၄င္းတုိ႔၏ မူလေနရပ္ေဒသမ်ားသုိ႔ ျပန္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း
သိရသည္။

ထုိင္းနုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားတြင္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက လႊဲေျပာင္းေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔ ေမလ(၂၉)ရက္ေန႔အထိ လႊဲေျပာင္းလာသူအေရအတြက္မွာ အမ်ိဳးသား (၂၂၆)ဦး၊ အမ်ိဳးသမီး( ၉၈)ဦးႏွင့္ ကေလး(၁၅) ဦး စုစုေပါင္း ( ၃၃၉) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ဦးကို တာချီလိတ်သို့ လွှဲပြောင်း
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား (၂၈)ဦးအား ၂၀၁၈ ခုနှစ် မေလ (၂၉)ရက်နေ့တွင် လွှဲပြောင်းပေးလာကြောင်း သိရသည်။

မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ လာရောက်လွှဲပြောင်းပေးသူအရေအတွက်မှာ အမျိုးသား(၁၅)ဦး၊ အမျိုးသမီး(၉)ဦးနှင့် ကလေး (၄)ဦး စုစုပေါင်း (၂၈)ဦးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဖက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်( CNCMC ) တို့မှ လက်ခံကြိုဆိုကြပြီး ၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လွှဲပြောင်းလေ့ရှိရာ တာချီလိတ်မြို့သို့ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ မေလ(၂၉)ရက်နေ့အထိ လွှဲပြောင်းလာသူအရေအတွက်မှာ အမျိုးသား (၂၂၆)ဦး၊ အမျိုးသမီး( ၉၈)ဦးနှင့် ကလေး(၁၅) ဦး စုစုပေါင်း ( ၃၃၉) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~