ရွမ္းျပည္နယ္တြင္း တရုတ္အာလူး တရားမဝင္တင္သြင္းမႈ ျပည္နယ္အစိုးရ တားဆီးမည္

ရွမ္းျပည္နယ္တြင္း တရုတ္အာလူး တရားမဝင္တင္သြင္းမႈ ျပည္နယ္အစိုးရ တားဆီးမည္
မေ 26, 2018
By 🌸
ရွမ္းျပည္နယ္ႏွင့္ တရုတ္ႏုိင္ငံနယ္စပ္မွ တရုတ္အာလူးမ်ား တရားမဝင္တင္သြင္းေနမႈကို တားဆီးေပးသြားမည္ျဖစ္ၿပီး ေဒသတြင္းေတာင္သူမ်ားအတြက္ စိုက္ပ်ိဳးေရးသြင္းအားစုမ်ား ပံ့ပိုးေပးေရး ကူညီေပးသြားမည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ဝင္  စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေတာင္သူမ်ားအား ေျပာၾကားလုိက္သည္။

တရုတ္ႏုိင္ငံမွ အာလူးမ်ား တရားမဝင္တင္သြင္းမႈေၾကာင့္ ေဒသတြင္း အာလူးစိုက္ေတာင္သူမ်ား အရံႈးေပၚေနသျဖင့္ ျပည္နယ္အစိုးရထံ တင္ျပလာရာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရိွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီးရံုးခန္း အစည္းအေဝးခန္းမတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဟဲဟိုးအာလူးအစုအဖြဲ႕မွ အာလူးစိုက္ေတာင္သူမ်ား ၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔၌ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္သူမ်ား၏ တင္ျပခ်က္အရ ျပည္နယ္အစိုးရအေနျဖင့္ နယ္စပ္မွ တရားမဝင္ အာလူးတင္သြင္းေနမႈမ်ားအား တားဆီးသြားမည့္အျပင္ ေဒသတြင္း အာလူးစိုက္ေတာင္သူမ်ားအေနျဖင့္ မ်ိဳးေကာင္းမ်ိဳးသန္႔ရရိွေရး၊ SME ေခ်းေငြမ်ား ပိုမိုရရိွေရး၊ လယ္ယာသံုးစက္ကိရိယာမ်ား အရစ္က်စနစ္ျဖင့္ ဝယ္ယူခြင့္ရရိွေရးတို႔ကို ျပည္နယ္အစိုးရအေနျဖင့္ ကူညီေပးသြားမည္ျဖစ္ၿပီး တရုတ္အစိုးရႏွင့္ အစိုးရအဆင့္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ဝင္  စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က အဆိုပါေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့သည္။

ေဒသတြင္း စိုက္ပ်ိဳးေျမမ်ားအေျခအေနကို စိုက္ပ်ိဳးေရးဦးစီးဌာနမွ စစ္ေဆးေပးရန္ အာလူးစိုက္ေတာင္သူမ်ားက ျပည္နယ္အစိုးရထံ တင္ျပေတာင္းဆိုထားၿပီး ေဒသတြင္း စိုက္ပ်ိဳးေရးက႑ကို ထိခိုက္ေစသည့္ ရွမ္းျပည္နယ္တြင္း စိုက္ပ်ိဳးေရးသံုး ဓါတ္ေျမၾသဇာႏွင့္ ပိုးသတ္ေဆးအတုမ်ားေရာင္းခ်မႈ၊ အရည္အေရြးမမီမႈမ်ားကိုလည္း စိုက္ပ်ိဳးေရးဦးစီးဌာန၊ စားသံုးသူေရးရာဦးစီးဌာနႏွင့္ FDA တို႔ ပူးေပါင္းစစ္ေဆးမႈမ်ား ျပဳလုပ္ျခင္း၊ အေရးယူျခင္းမ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တွင်း တရုတ်အာလူး တရားမဝင်တင်သွင်းမှု ပြည်နယ်အစိုးရ တားဆီးမည်
****************
ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံနယ်စပ်မှ တရုတ်အာလူးများ တရားမဝင်တင်သွင်းနေမှုကို တားဆီးပေးသွားမည်ဖြစ်ပြီး ဒေသတွင်းတောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးရေး ကူညီပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင်  စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က တောင်သူများအား ပြောကြားလိုက်သည်။

တရုတ်နိုင်ငံမှ အာလူးများ တရားမဝင်တင်သွင်းမှုကြောင့် ဒေသတွင်း အာလူးစိုက်တောင်သူများ အရှုံးပေါ်နေသဖြင့် ပြည်နယ်အစိုးရထံ တင်ပြလာရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးရုံးခန်း အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟဲဟိုးအာလူးအစုအဖွဲ့မှ အာလူးစိုက်တောင်သူများ ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူများ၏ တင်ပြချက်အရ ပြည်နယ်အစိုးရအနေဖြင့် နယ်စပ်မှ တရားမဝင် အာလူးတင်သွင်းနေမှုများအား တားဆီးသွားမည့်အပြင် ဒေသတွင်း အာလူးစိုက်တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ SME ချေးငွေများ ပိုမိုရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိရေးတို့ကို ပြည်နယ်အစိုးရအနေဖြင့် ကူညီပေးသွားမည်ဖြစ်ပြီး တရုတ်အစိုးရနှင့် အစိုးရအဆင့်ဆွေးနွေးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင်  စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဒေသတွင်း စိုက်ပျိုးမြေများအခြေအနေကို စိုက်ပျိုးရေးဦးစီးဌာနမှ စစ်ဆေးပေးရန် အာလူးစိုက်တောင်သူများက ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားပြီး ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်စေသည့် ရှမ်းပြည်နယ်တွင်း စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးအတုများရောင်းချမှု၊ အရည်အရွေးမမီမှုများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် FDA တို့ ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဇာနှင်း


 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~