လားရႈိးၿမိဳ႕ရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ခရီးသည္တင္ယာဥ္ ႏွင့္ ဆရာေတာ္(၂)ပါး ပါလာသည့္ ကားတို႔ တိုက္မိရာမွ ဆရာေတာ္(၁)ပါး မ်က္လံုးတစ္လံုး ကြ်တ္ထြက္

လားရႈိးၿမိဳ႕ရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ခရီးသည္တင္ယာဥ္ ႏွင့္ ဆရာေတာ္(၂)ပါး ပါလာသည့္ ကားတို႔ တိုက္မိရာမွ ဆရာေတာ္(၁)ပါး မ်က္လံုးတစ္လံုး ကြ်တ္ထြက္
မေ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕နယ္ ပုန္းထြန္ေက်းရြာအနီးရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ တရားပြဲမွ ျပန္လာၿပီး ဆရာေတာ္ (၂)ပါး လိုက္ပါလာသည့္ ကားႏွင့္ ခရီးသည္တင္ ယာဥ္တို႔ တိုက္မိရာမွ ဆရာေတာ္(၁)ပါး မ်က္လံုးတစ္လံုး ကြ်တ္ထြက္သြားေၾကာင္း သိရသည္။

ေမလ(၃)ရက္ေန႔ နံနက္ပုိင္းက မူဆယ္တရားပြဲမွ ျပန္လာသည့္ ယာဥ္ ႏွင့္ သီေပါဘက္မွ လာသည့္ ခရီးသည္တင္ ယာဥ္ငယ္တစ္စီးတို႔ တိုက္မႈျဖစ္ပြားရာမွာ ဆရာေတာ္(၁)ပါး ယာဘက္မ်က္လံုး ကြ်တ္ထြက္သြားခဲ့ၿပီး ယာဥ္ေမာင္းမွာ ဒဏ္ရာ အနည္းအငယ္ရရွိခဲ့ေၾကာင္း သိရသည္။

"မနက္ (၉)နာရီေလာက္မွာ ျဖစ္တာ။ ဘုန္းႀကီးက (၂)ပါး ပါတယ္။ အ့ဲဒီကားက မေန႕ကမွ မူဆယ္ကလွဴလိုက္တာလို႔ သိရတယ္။ မ်က္လံုးထြက္တ့ဲ ဆရာေတာ္နဲ႕ ဒဏ္ရာနည္းနည္းရတ့ဲ ကားဒရိုင္ဘာကို လားရႈိးျပည္သူ႔ေဆးရံုမွာ တင္ေပးထားတယ္"ဟု လားရႈိးၿမိဳ႕ ေပးေသာလက္ လူမႈကူညီေရးအသင္းမွ ကိုျမင့္ေမာ္က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဘက္မ်က္လံုးထြက္သြားသည့္ ဆရာေတာ္ႏွင့္ ၎ယာဥ္မွ ယာဥ္ေမာင္းအား လားရႈိးျပည္သူ႔ေဆးရံုတြင္ ကနဦး ပို႔ေဆာင္ေပးထားၿပီး ဆရာေတာ္မ်ား၏ ဘြဲ႔ေတာ္အမည္မ်ားႏွင့္ ေနရပ္မ်ားအား မသိရွိရေသး ေၾကာင္း ႏွင့္ ခရီးသည္တင္ယာဥ္ငယ္မွာ ယာဥ္ေမာင္းႏွင့္ ခရီးသည္မ်ားမွာ ပြန္းပဲ့ဒဏ္ရာ အနည္း အငယ္သာ ရရွိခဲ့ေၾကာင္း လားရႈိးၿမိဳ႕ ေပးေသာလက္လူမႈကူညီေရးအသင္းထံက သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လားရႈိးယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သြားေရာက္ စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု -  ေပးေသာလက္လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တရားပွဲမှ ပြန်လာပြီး ဆရာတော် (၂)ပါး လိုက်ပါလာသည့် ကားနှင့် ခရီးသည်တင် ယာဉ်တို့ တိုက်မိရာမှ ဆရာတော်(၁)ပါး မျက်လုံးတစ်လုံး ကျွတ်ထွက်သွားကြောင်း သိရသည်။

မေလ(၃)ရက်နေ့ နံနက်ပိုင်းက မူဆယ်တရားပွဲမှ ပြန်လာသည့် ယာဉ် နှင့် သီပေါဘက်မှ လာသည့် ခရီးသည်တင် ယာဉ်ငယ်တစ်စီးတို့ တိုက်မှုဖြစ်ပွားရာမှာ ဆရာတော်(၁)ပါး ယာဘက်မျက်လုံး ကျွတ်ထွက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ဒဏ်ရာ အနည်းအငယ်ရရှိခဲ့ကြောင်း သိရသည်။

"မနက် (၉)နာရီလောက်မှာ ဖြစ်တာ။ ဘုန်းကြီးက (၂)ပါး ပါတယ်။ အဲ့ဒီကားက မနေ့ကမှ မူဆယ်ကလှူလိုက်တာလို့ သိရတယ်။ မျက်လုံးထွက်တဲ့ ဆရာတော်နဲ့ ဒဏ်ရာနည်းနည်းရတဲ့ ကားဒရိုင်ဘာကို လားရှိုးပြည်သူ့ဆေးရုံမှာ တင်ပေးထားတယ်"ဟု လားရှိုးမြို့ ပေးသောလက် လူမှုကူညီရေးအသင်းမှ ကိုမြင့်မော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဘက်မျက်လုံးထွက်သွားသည့် ဆရာတော်နှင့်၎င်းယာဉ်မှ ယာဉ်မောင်းအား လားရှိုးပြည်သူ့ဆေးရုံတွင် ကနဦး ပို့ဆောင်ပေးထားပြီး ဆရာတော်များ၏ ဘွဲ့တော်အမည်များနှင့် နေရပ်များအား မသိရှိရသေး ကြောင်း နှင့် ခရီးသည်တင်ယာဉ်ငယ်မှာ ယာဉ်မောင်းနှင့် ခရီးသည်များမှာ ပွန်းပဲ့ဒဏ်ရာ အနည်း အငယ်သာ ရရှိခဲ့ကြောင်း လားရှိုးမြို့ ပေးသောလက်လူမှုကူညီရေးအသင်းထံက သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ပေးသောလက်လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~