လွည္းကူးၿမိဳ႕နယ္၌ ေပါက္ကြဲမႈျဖစ္ပြားသည့္ေနရာတြင္ ဗံုးသီး ၂၁ လံုးအျပင္ က်ည္ထိပ္ဖူး ၁၁၅ ခု ထပ္မံေတြ႕ရိွ

လွည္းကူးၿမိဳ႕နယ္၌ ေပါက္ကြဲမႈျဖစ္ပြားသည့္ေနရာတြင္ ဗံုးသီး ၂၁ လံုးအျပင္ က်ည္ထိပ္ဖူး ၁၁၅ ခု ထပ္မံေတြ႕ရိွ
မေ 11, 2018
By 🌸
ရန္ကုန္တုိင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းေတာင္ေက်း႐ြာတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားသည့္ သံတိုသံစဝယ္ယူသည့္ေနအိမ္၌ ဗံုးသီး (၂၁)လံုးေတြ႔ရိွထားရာမွ ၂၀၁၈ ခုႏွစ္ ေမလ (၁၀)ရက္ေန႔တြင္ ပြိဳင့္-၅ က်ည္ထိပ္ဖူး အေဟာင္း (၁၁၅) ေတာင့္အားထပ္မံ ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ အင္းတိုင္တိုက္နယ္ စအရ(၉၀၅)မွ တပ္မေတာ္သားမ်ား၊ ေဖာင္ႀကီးနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ ဟိုင္းကူးေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴးတို႔ပါဝင္သည့္ပူးေပါင္းအဖြဲ႔က ေမလ (၁၀) ရက္ေန႔က ထပ္မံရွာေဖြရာ ေနအိမ္မီးဖိုေခ်ာင္အဖီေအာက္ဘက္ စဥ့္အိုးမ်ားအနီးမွ ပြိဳင့္-၅ က်ည္ထိပ္ဖူး အေဟာင္း (၁၁၅) ေတာင့္အားထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႀကိဳ႕ကုန္းေတာင္ေက်းရြာမွ အသက္ (၅၁)ႏွစ္အရြယ္ ဦးေအးသြင္၏ေနအိမ္တြင္ ေပါက္ကြဲမႈျဖစ္ပြားေၾကာင္း သတင္းအရ ေမလ (၉)ရက္ေန႔ ညေန (၄)နာရီေက်ာ္တြင္ ေဖာင္ႀကီးနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား သြားေရာက္စစ္ေဆးရာ ဦးေအးသြင္သည္ ၎ေနအိမ္ေရွ႕ေပ (၂၀) ခန္႔အကြာ ေနအိမ္ၿခံဝန္းဝင္ေပါက္အနီး၌  ေပါက္ကြဲမႈမွရရိွသည့္ဒဏ္ရာမ်ားျဖင့္ ေသဆုံး ေနသည္ကိုေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးေအးသြင္သည္ ေရခဲထုပ္ေရာင္းျခင္း၊ သံတိုသံစမ်ားအား ေရခဲထုပ္ျဖင့္ လဲလွယ္ျခင္း၊ သံတိုသံစမ်ား ေကာက္ျခင္းတို႔ လုပ္ကိုင္ေနသူတစ္ဦးျဖစ္ၿပီး ယင္းေန႔ ညေန(၂)နာရီဝန္းက်င္က ၎ယူေဆာင္လာေသာ သံတိုသံစမ်ားအား ခြာေနသည္ကို အိမ္နီးခ်င္းျဖစ္သူ ေဒၚအုန္းၫြန္႔ကေတြ႔သျဖင့္ ဦးေအးသြင္ထံလာေနစဥ္ ခြာေနေသာသံထည္ပစၥည္းမွ မီးခိုးမ်ား ထြက္လာသည္ကိုေတြ႕ရ၍ ေနာက္ျပန္ေျပးသြားစဥ္ ေပါက္ကြဲသံႏွင့္အတူ ေဒၚအုန္းညႊန္႔၏ ယာဘက္ေပါင္တြင္ ထိမွန္ဒဏ္ရာရရိွသြားေၾကာင္း သိရသည္။

ေသဆုံးသူ ဦးေအးသြင္ႏွင့္ ဒဏ္ရာရရွိသူ ေဒၚအုန္းၫြန္႔တို႔အား ေဖာင္ႀကီးတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ရဲတပ္ဖြဲ႕က အင္းတိုင္တပ္နယ္မႉး ဗိုလ္မႉးႀကီး သန္းႏိုင္ဝင္း ဦးစီးအဖြဲ႕၊ စအရ (၉၀၅)မွ ဗိုလ္ႀကီး ထက္ေဝဦး ဦးစီးအဖြဲ႕၊ လွည္းကူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ရဲမႉး ေသာင္းေငြ ဦးစီးပူးေပါင္းအဖြဲ႕တို႔ျဖင့္ အခင္းျဖစ္ေနအိမ္တြင္ အေသးစိတ္စစ္ေဆးရွာေဖြခဲ့ရာ ဦးေအးသြင္၏ ေနအိမ္ေရွ႕ သံတိုသံစအေဟာင္းပုံအတြင္းမွ (၈၄) မမ ဗုံးသီး (၄) လုံး၊ (၈၂) မမဗုံးသီး (၅) လုံး၊ (၇၅) မမဗုံးသီး (၂) လုံး၊ (၆၀) မမ ဗုံးသီး (၁) လုံး၊ (၈၄) မမ ဒုံးက်ည္ (၂) လုံး၊ အာပီဂ်ီ ဗုံးသီးအေဟာင္း (၇) လုံး၊ စုစုေပါင္း ဗုံးသီး (၂၁) လုံးအား ထပ္မံရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္
ေမလ (၁၀)ရက္ေန႔တြင္ ထပ္မံရွာေဖြရာ က်ည္ထိပ္ဖူးမ်ားအား ထပ္မံေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေပါက္ကြဲမႈႏွင့္ပတ္သက္၍ ေဖာင္ႀကီး နယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၈/၂၀၁၈)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
လှည်းကူးမြို့နယ်၌ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ဗုံးသီး ၂၁ လုံးအပြင် ကျည်ထိပ်ဖူး ၁၁၅ ခု ထပ်မံတွေ့ရှိ
****************
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြို့ကုန်းတောင်ကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် သံတိုသံစဝယ်ယူသည့်နေအိမ်၌ ဗုံးသီး (၂၁)လုံးတွေ့ရှိထားရာမှ ၂၀၁၈ ခုနှစ် မေလ (၁၀)ရက်နေ့တွင် ပွိုင့်-၅ ကျည်ထိပ်ဖူး အဟောင်း (၁၁၅) တောင့်အားထပ်မံ ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် အင်းတိုင်တိုက်နယ် စအရ(၉၀၅)မှ တပ်မတော်သားများ၊ ဖောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဟိုင်းကူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့က မေလ (၁၀) ရက်နေ့က ထပ်မံရှာဖွေရာ နေအိမ်မီးဖိုချောင်အဖီအောက်ဘက် စဉ့်အိုးများအနီးမှ ပွိုင့်-၅ ကျည်ထိပ်ဖူး အဟောင်း (၁၁၅) တောင့်အားထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြို့ကုန်းတောင်ကျေးရွာမှ အသက် (၅၁)နှစ်အရွယ် ဦးအေးသွင်၏နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ မေလ (၉)ရက်နေ့ ညနေ (၄)နာရီကျော်တွင် ဖောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဦးအေးသွင်သည် ၎င်းနေအိမ်ရှေ့ပေ (၂၀) ခန့်အကွာ နေအိမ်ခြံဝန်းဝင်ပေါက်အနီး၌  ပေါက်ကွဲမှုမှရရှိသည့်ဒဏ်ရာများဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဦးအေးသွင်သည် ရေခဲထုပ်ရောင်းခြင်း၊ သံတိုသံစများအား ရေခဲထုပ်ဖြင့် လဲလှယ်ခြင်း၊ သံတိုသံစများ ကောက်ခြင်းတို့ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ယင်းနေ့ ညနေ(၂)နာရီဝန်းကျင်က ၎င်းယူဆောင်လာသော သံတိုသံစများအား ခွာနေသည်ကို အိမ်နီးချင်းဖြစ်သူ ဒေါ်အုန်းညွန့်ကတွေ့သဖြင့် ဦးအေးသွင်ထံလာနေစဉ် ခွာနေသောသံထည်ပစ္စည်းမှ မီးခိုးများ ထွက်လာသည်ကိုတွေ့ရ၍ နောက်ပြန်ပြေးသွားစဉ် ပေါက်ကွဲသံနှင့်အတူ ဒေါ်အုန်းညွှန့်၏ ယာဘက်ပေါင်တွင် ထိမှန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသူ ဦးအေးသွင်နှင့် ဒဏ်ရာရရှိသူ ဒေါ်အုန်းညွန့်တို့အား ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့က အင်းတိုင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ဝင်း ဦးစီးအဖွဲ့၊ စအရ (၉၀၅)မှ ဗိုလ်ကြီး ထက်ဝေဦး ဦးစီးအဖွဲ့၊ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သောင်းငွေ ဦးစီးပူးပေါင်းအဖွဲ့တို့ဖြင့် အခင်းဖြစ်နေအိမ်တွင် အသေးစိတ်စစ်ဆေးရှာဖွေခဲ့ရာ ဦးအေးသွင်၏ နေအိမ်ရှေ့ သံတိုသံစအဟောင်းပုံအတွင်းမှ (၈၄) မမ ဗုံးသီး (၄) လုံး၊ (၈၂) မမဗုံးသီး (၅) လုံး၊ (၇၅) မမဗုံးသီး (၂) လုံး၊ (၆၀) မမ ဗုံးသီး (၁) လုံး၊ (၈၄) မမ ဒုံးကျည် (၂) လုံး၊ အာပီဂျီ ဗုံးသီးအဟောင်း (၇) လုံး၊ စုစုပေါင်း ဗုံးသီး (၂၁) လုံးအား ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီးနောက်
မေလ (၁၀)ရက်နေ့တွင် ထပ်မံရှာဖွေရာ ကျည်ထိပ်ဖူးများအား ထပ်မံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖောင်ကြီး နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၈)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~