ခရီးသည္တင္ ယာဥ္ႏွင့္ (၂၂)ဘီးယာဥ္တို႔ မေတာ္တဆ တိုက္မိရာက (၁)ဦးေသၿပီး (၇)ဦး ဒဏ္ရာရ

ခရီးသည္တင္ ယာဥ္ႏွင့္ (၂၂)ဘီးယာဥ္တို႔ မေတာ္တဆ တိုက္မိရာက (၁)ဦးေသၿပီး (၇)ဦး ဒဏ္ရာရ
မေ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္ စံေလာင္းေက်းရြာအနီးရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ခရီးသည္တင္ မွန္လံုယာဥ္တစ္စီး ႏွင့္ (၂၂)ဘီးယာဥ္တို႔ တိုက္မိရာမွ ခရီးသည္တင္ ယာဥ္တြင္ လိုက္ပါလာသည့္ အမ်ဳိးသမီး(၁)ဦး ေသဆံုးသြားၿပီး (၇)ဦး ထိခိုက္ဒဏ္ရာ ရရွိမႈ ေမလ(၁၈)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“Express ကားက သီေပါဘက္ကေန လားရႈိးဘက္ကို အတက္၊ (၂၂)ဘီးကားက လားရႈိးဘက္ကအဆင္း အဲ့လို ဆံုတဲ့ေနရာမွာ Express ကားက တစ္ဖက္လမ္းေၾကာေပၚ ေရာက္ေနတာ ေတြ႔ရတယ္၊ တိုက္မိထားတဲ့ ေနရာမွာ ခရီးသည္တင္ ယာဥ္က လမ္းေၾကာမွားတဲ့ သေဘာရွိတယ္၊ ခရီးသည္ တစ္ေယာက္ ကေတာ့ ေသသြားတယ္” ဟု ယာဥ္ထိန္း တပ္ၾကပ္ႀကီးဝင္းေဇာ္လတ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

၂၀၁၈ခုႏွစ္ ေမလ(၁၈)ရက္ေန႔ နံနက္(၇)နာရီခြဲ ၀န္းက်င္အခ်ိန္က သီေပါၿမိဳ႕နယ္ စံေလာင္းေက်းရြာအနီးရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚ မိုင္တိုင္ အမွတ္ (၁၄၃/၄) ႏွင့္ (၁၄၃/၅)အၾကားတြင္ ခရီးသည္ (၃၀)ေက်ာ္ တင္ေဆာင္လာၿပီး မူဆယ္သို႔ သြားမည့္ ယာဥ္လိုင္း ႏွင့္ (၂၂)ဘီးယာဥ္တို႔ တိုက္မိျခင္းျဖစ္ၿပီး အခင္း ျဖစ္ပြားရာ ေနရာသို႔ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး သီေပါၿမိဳ႕ရွိ လူမႈကူညီေရး အသင္းမ်ားမွ ေရာက္ရွိလာကာ ေသဆံုးသူႏွင့္ဒဏ္ရာရရွိသူတို႔အား သီေပါျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ ေပးထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ေသဆံုးသူမွာ အသက္(၃၅)ႏွစ္ရွိ အမ်ဳိးသမီးတစ္ဦးျဖစ္ၿပီး လတ္တေလာတြင္ ၎၏ ေဆြမ်ဳိးမ်ားႏွင့္ေနထိုင္ရာ လိပ္စာကို မသိရွိရေသးေၾကာင္း ႏွင့္ ဒဏ္ရာရရွိသူမ်ားမွာ မစိုးရိမ္ရေၾကာင္း သိရသည္။

ယခု ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့သည့္ ျပည္ေထာင္စုလမ္းမေပၚ မိုင္တိုင္ (၁၄၃)ႏွင့္ (၁၄၄)အၾကားရွိ စံေလာင္း ေက်းရြာအနီး အဆင္းအေကြ႔ေနရာမ်ား၌ လမ္းက်ဥ္းေျမာင္းေနၿပီး ဆိုင္ကယ္တိမ္းေမွာက္မႈ ႏွင့္ ယာဥ္တိုက္မႈမ်ား မၾကာခဏျဖစ္ပြားတတ္သည့္ ေနရာျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - နယ္စည္းမျခားလူမႈကူညီေရးအသင္း(သီေပါ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် စံလောင်းကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး နှင့် (၂၂)ဘီးယာဉ်တို့ တိုက်မိရာမှ ခရီးသည်တင် ယာဉ်တွင် လိုက်ပါလာသည့် အမျိုးသမီး(၁)ဦး သေဆုံးသွားပြီး (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိမှု မေလ(၁၈)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“Express ကားက သီပေါဘက်ကနေ လားရှိုးဘက်ကို အတက်၊ (၂၂)ဘီးကားက လားရှိုးဘက်ကအဆင်း အဲ့လို ဆုံတဲ့နေရာမှာ Express ကားက တစ်ဖက်လမ်းကြောပေါ် ရောက်နေတာ တွေ့ရတယ်၊ တိုက်မိထားတဲ့ နေရာမှာ ခရီးသည်တင် ယာဉ်က လမ်းကြောမှားတဲ့ သဘောရှိတယ်၊ ခရီးသည် တစ်ယောက် ကတော့ သေသွားတယ်” ဟု ယာဉ်ထိန်း တပ်ကြပ်ကြီးဝင်းဇော်လတ် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်(၇)နာရီခွဲ ဝန်းကျင်အချိန်က သီပေါမြို့နယ် စံလောင်းကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင် အမှတ် (၁၄၃/၄) နှင့် (၁၄၃/၅)အကြားတွင် ခရီးသည် (၃၀)ကျော် တင်ဆောင်လာပြီး မူဆယ်သို့ သွားမည့် ယာဉ်လိုင်း နှင့် (၂၂)ဘီးယာဉ်တို့ တိုက်မိခြင်းဖြစ်ပြီး အခင်း ဖြစ်ပွားရာ နေရာသို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး သီပေါမြို့ရှိ လူမှုကူညီရေး အသင်းများမှ ရောက်ရှိလာကာ သေဆုံးသူနှင့်ဒဏ်ရာရရှိသူတို့အား သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမှာ အသက်(၃၅)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး လတ်တလောတွင်၎င်း၏ ဆွေမျိုးများနှင့်နေထိုင်ရာ လိပ်စာကို မသိရှိရသေးကြောင်း နှင့် ဒဏ်ရာရရှိသူများမှာ မစိုးရိမ်ရကြောင်း သိရသည်။

ယခု ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့် ပြည်ထောင်စုလမ်းမပေါ် မိုင်တိုင် (၁၄၃)နှင့် (၁၄၄)အကြားရှိ စံလောင်း ကျေးရွာအနီး အဆင်းအကွေ့နေရာများ၌ လမ်းကျဉ်းမြောင်းနပြေီး ဆိုင်ကယ်တိမ်းမှောက်မှု နှင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားတတ်သည့် နေရာဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားလူမှုကူညီရေးအသင်း(သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~