ရွဥ့္ႏွစ္ေကာင္ေၾကာင့္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈျဖစ္ပြားခဲ့ျခင္းႏွင့္ ပတ္သက္၍ မက်ီးကန္ ဓါတ္အားခြဲရံုမွဴးႏွင့္ ေတြ႔ဆံုေမးျမန္း

ရွဥ့္ႏွစ္ေကာင္ေၾကာင့္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈျဖစ္ပြားခဲ့ျခင္းႏွင့္ ပတ္သက္၍ မက်ီးကန္ ဓါတ္အားခြဲရံုမွဴးႏွင့္ ေတြ႔ဆံုေမးျမန္း
မေ 7, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မက်ီးကန္ဓာတ္အားခဲြရံုရိွ ထရန္စေဖာ္မာ(၂)လံုးမွာ ရွဥ္႔ဝင္ေရာက္မႈေၾကာင့္ ဧၿပီလ(၃ဝ)ရက္ေန႔က ေလာင္ကၽြမ္းပ်က္စီးမႈ ျဖစ္ပြားခဲ့၍ မေကြးၿမိဳ႕ႏွင့္ ေရနံေခ်ာင္းၿမိဳ႕တို႔တြင္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈျဖစ္ပြားခဲ့ရာ လက္ရိွတြင္ ရပ္ကြက္မ်ားကို အပိုင္းလုိက္ အလွည့္က်စနစ္ျဖင့္ လွ်ပ္စစ္မီး ေပးေဝေနရျခင္းျဖစ္သည္။

ထရန္စေဖာ္မာမ်ား အစားထိုးတပ္ဆင္မႈလုပ္ေဆာင္ေနၿပီျဖစ္ရာ လွ်ပ္စစ္မီးအားကို ပံုမွန္အတုိင္း ျပန္လည္ေပးေဝႏုိင္မည့္အေျခအေနကို သိရိွႏုိင္ရန္ မက်ီးကန္ဓာတ္အားခြဲရံုသို႔ သြားေရာက္ၿပီး မေကြးပင္မဓာတ္အားခြဲရံုမွ ခြဲရံုမွဴး ဦးေဇာ္ဖိုးလိႈင္ႏွင့္ တာခ်ီလိတ္သတင္းေအဂ်င္စီက သြားေရာက္ေတြ႔ဆံုေမးျမန္းထားပါသည္။

TNA : အခုဒီမွာလုပ္ေဆာင္ေနတာေလးေတြနဲ႔ ပတ္သက္ၿပီး ရွင္းျပေပးပါဦးဆရာ။
UZPH: အရင္က ပါဝါထရန္စေဖာ္မာႏွစ္လံုးေလာင္ကၽြမ္းသြားတဲ့အတြက္ အစားထုိးတပ္ဆင္ျခင္းလုပ္ငန္း ေဆာင္ရြက္ေနတာပါ။ ဒီထရန္စေဖာ္မာေတြက စစ္ကိုင္းတုိင္း၊ ေညာင္ပင္ႀကီးဓာတ္အားခြဲရံုက သယ္လာရတာပါ။

TNA : ထရန္စေဖာ္မာႏွစ္လံုး ေလာင္ကၽြမ္းပ်က္စီးရတာက ဘယ္လိုေၾကာင့္ျဖစ္သြားတယ္ဆိုတာ သိပါရေစ။
UZPH: ရွဥ့္နွစ္ေကာင္ဝင္ေရာက္လာမႈေၾကာင့္ အခန္႔မသင့္ ျဖစ္သြားတဲ့သေဘာပါပဲ။ ထရန္စေဖာ္မာသံုးလံုး ရွိတဲ့အနက္က ႏွစ္လံုးေလာင္ကၽြမ္းသြားတာပါ။

TNA : ရွဥ့္ေၾကာင့္ျဖစ္တယ္ဆိုတဲ့အေပၚမွာ ျပည္သူေတြ လက္မခံနိုင္ၾကဘဲ ျဖစ္ေနတယ္။ အဲဒီအေပၚမွာ ရွင္းျပေပးေစလိုပါတယ္။
UZPH: ဧၿပီလ(၃၀)ရက္ေန႔ မနက္ပိုင္းကျဖစ္တာကို မယံုမွာစိုးလုိ႔ ဓာတ္ပံုရိုက္ထားၿပီး ညေနမိုးခ်ဳပ္ခါနီးမွ အဲဒီ့ရွဥ့္ကိုလႊင့္ပစ္ခဲ့ရပါတယ္။ လွ်ပ္စစ္ဆုိတာက သိတဲ့အတိုင္း ျဖစ္လုိက္တာနဲ႔ ေသသြားတာမ်ိဳးဆိုေတာ့ မီးေလာင္ကၽြမ္းသြားတဲ့အထိ ျဖစ္သြားဖို႔ မလိုဘူးေပါ့။ ျမင္တဲ့အတုိင္းပါပဲ။ ထရန္စေဖာ္မာေတြမွာ ရွဥ့္မတက္ေရး၊ ေျမြမတက္ေရး၊ ၾကြက္မတက္ေရး တုိ႔အတြက္ ကာကြယ္ထားတာေတြရွိပါတယ္။ ရွဥ့္က အကာအကြယ္မရွိတဲ့ တိုင္ႀကီးေတြကတစ္ဆင့္တက္ၿပီး ရွဥ့္ဆိုတဲ့သေဘာက ဒီထရန္စေဖာ္မာထဲကို သြယ္ထားတဲ့ႀကိဳးကေန ဆင္းလာတယ္လုိ႔ ယူဆပါတယ္။ ကိုယ္တုိင္ျမင္ရတာမ်ိဳးမဟုတ္ေတာ့ ျဖစ္နိုင္ေျခကိုပဲ သံုးသပ္လို႔ရပါတယ္။ အျခားအေၾကာင္းအရာကေတာ့ ဘာတစ္ခုမွမေတြ႔ပါဘူး။ ကၽြန္ေတာ္တို႔ ရံုးခ်ဳပ္မွာလည္း ကၽြန္ေတာ္တို႔ထက္ေတာ္တဲ့ ပညာရွင္ေတြအမ်ားႀကီးရွိပါတယ္။ သူတို႔လည္း ဒီမွတ္ခ်က္အေပၚမွာ လက္ခံၾကပါတယ္။

TNA : ေလာင္ကၽြမ္းပ်က္စီးသြားတဲ့ ထရန္စေဖာ္မာေတြရဲ႕ MVA က ဘယ္ေလာက္ေတြလဲဆိုတာနဲ႔ အခု အစားထိုးတပ္ဆင္တဲ့ ထရန္စေဖာ္ေတြကေရာ ဘယ္ေလာက္ရွိလဲသိပါရေစ။
UZPH: မူလ ထရန္စေဖာ္ေတြက တစ္လံုးကို 20MVA (၃)လံုးဆိုေတာ့ 60MVA ျဖစ္ၿပီး အစားထုိး တပ္ဆင္ေနတဲ့ ထရန္စေဖာ္မာေတြက တစ္လံုးကုိ 13.33MVA (၃)လံုးဆုိေတာ့ 40MVA ေလာက္ရွိပါတယ္။ အဲဒီထဲက (၁)လံုးခၽြတ္ယြင္းမႈျဖစ္ပြားရင္ အစားထုိးနုိင္ဖို႔အတြက္ အရံ(၁)လံုး အပိုပါလာပါတယ္။

TNA : မူလ transformer ေတြက 60MVA ရွိၿပီးေတာ့ အစားထုိးတပ္ဆင္တဲ့ အလံုးေတြက 40MVA ပဲရွိ တယ္ဆိုေတာ့ ဓာတ္အားျဖန္႔ေဝဖို႔က လံုေလာက္မႈရွိပါ့မလား။
UZPH: နိုင္ပါတယ္ခင္ဗ်။ အရင္ ထရန္စေဖာ္မာတုန္းက အဝင္ဗို႔အား 60MVA ရွိတယ္ဆုိေပမဲ့ သံုးတာက 21MW ပဲ သံုးတာဆုိေတာ့ နို္င္ပါတယ္။ အခု(၃)လံုးက 40MVA ေလာက္ရွိေတာ့ မဂၢါဝပ္နဲ႔ဆိုရင္ 36 ေလာက္ ရွိပါမယ္။

TNA : ဒီဓာတ္အားခြဲရံုရဲ႕ ကြန္ရက္ကုိလည္း သိပါရေစ။
UZPH: ဓာတ္အားကြန္ရက္စနစ္က ေခ်ာက္ဓာတ္အားလုိင္း၊ ေတာင္တြင္းႀကီးဓာတ္အားလိုင္း၊ မင္းဘူး(မန္း) ဓာတ္အားလုိင္း အဲဒီဓာတ္အားကြန္ရက္ထဲမွာပဲရွိပါတယ္။ အဲဒီဓာတ္အားကြန္ရက္ထဲကမွ မေကြးဓာတ္အားခြဲရံုကို ေရာက္ၿပီး ဒီကမွ မေကြး၊ ေရနံေခ်ာင္း၊ ျမင္ကြန္း၊ မိေက်ာင္းရဲတို႔ကို ဓာတ္အားျဖန္႔ျဖဴးပါတယ္။

TNA : လတ္တေလာ ဓာတ္အားျဖန္႔ျဖဴးေနရတဲ့ အေျခအေနေလးလည္း ေျပာျပေပးပါဦး။
UZPH: 15MVA (၁)လံုးရွိပါတယ္။ အဲဒီကမွ မူလေပးေနတဲ့ေနရာေတြကုိ မၽွၿပီးအခ်ိန္ခြဲေပးေနရတာပါ။

TNA : ေပးေနတဲ့အခ်ိန္ေလးမွာကိုပဲ ဓာတ္အားျပတ္ေတာက္မႈေတြ ျဖစ္ေနတဲ့အတြက္ ျပည္သူေတြမွာ သံုးစြဲရတာ ကသိကေအာက္ျဖစ္ေနၾကပါတယ္။ ဘာေၾကာင့္ အဲလို ဓာတ္အားျပတ္ေတာက္မႈ ျဖစ္ရတာလဲ ဆုိတဲ့အေပၚမွာေရာ ရွင္းျပေပးပါခင္ဗ်။
UZPH: 15 MVA က 9MW ေက်ာ္သြားရင္ ထိန္းရပါတယ္။ အုပ္စု(၄)စုခြဲၿပီးေပးဖုိ႔ အစိုးရအဖဲြ႔က တာဝန္ ရွိသူေတြရယ္ တုိ္င္းလွ်ပ္စစ္အင္ဂ်င္နီယာနဲ႔ ၿမိဳ႔နယ္လွ်ပ္စစ္အင္ဂ်င္နီယာအဖြဲ႔တုိ႔ ညွိနႈိင္းၿပီး ဘယ္အုပ္စုက load ဘယ္ေလာက္မ်ားတယ္ဆိုတာ တြက္ခ်က္ေပးတဲ့အေပၚ ပထမေတာ့ (၆)နာရီမီးေပးစနစ္ လုပ္ခဲ့ေပမဲ့ အခက္အခဲရွိလာတဲ့အတြက္ (၃)နာရီမီးေပးစနစ္ကိုေျပာင္းခဲ့ရပါတယ္။ ဒါလည္းအခက္အခဲေတာ့ရွိတုန္းပါပဲ။ ျပည္သူေတြအေနနဲ႔ ရတဲ့အခ်ိ္န္ေလးမွာ ဝို္င္းဆြဲသံုးၾကရေတာ့ ပံုမွန္ဝန္အားမဟုတ္ေတာ့ဘဲ load မ်ားၿပီး ျပဳတ္ျပဳတ္က်တာမ်ိဳးေတာ့ရွိေနပါေသးတယ္။ အဲလုိျပတ္သြားတဲ့အေပၚမွာလဲ အသံုးနည္းတဲ့ ညဥ့္နက္အ ခ်ိန္မ်ိဳးေတြမွာ ျပန္အစားထိုးေပးပါတယ္။

TNA : ပ်က္စီးဆံုးရႈံးသြားတဲ့ ထရန္စေဖာ္မာေတြရဲ႕တန္ဖိုးနဲ႔ သယ္ယူလာတဲ့ ထရန္စေဖာ္မာေတြအတြက္ကုန္ က်စရိတ္ဘယ္ေလာက္ရွိမလဲ။ ဒါကိုဘယ္ဘက္ဂ်က္ကေန သံုးစြဲသလဲ ဆုိတာေလးလည္းသိပါရေစ။
UZPH: ပ်က္စီးဆံုးရႈံးသြားတဲ့ ထရန္စေဖာ္မာေတြရဲ႕တန္ဖိုးကိုေတာ့ ကၽြန္ေတာ့္အေနနဲ႔မသိပါဘူး။ သယ္ေဆာင္ လာတဲ့ ထရန္စေဖာ္မာေတြအတြက္ကေတာ့ ကၽြန္ေတာ္တုိ႔ဝန္ႀကီးဌာနရဲ႕ စီမံမႈနဲ႔ပဲ ဒီကိုေရႊ႔ေျပာင္းယူလာတာျဖစ္ၿပီး အခုလုပ္ေနတဲ့ဝန္ထမ္းေတြကလည္း ေနျပည္ေတာ္ကကၽြန္ေတာ္တုိ႔ဝန္ႀကီးဌာနကပဲ ျဖစ္ပါတယ္။

TNA : မီးအျပည့္အဝျပန္ေပးနုိင္ဖုိ႔ ရက္ကိုသိပါရေစ။
UZPH: ဒီေန႔ည(ေမလ ၆ ရက္)ဆုိရင္ တစ္ညလံုး(၂၄)နာရီအထိ ဒီေန႔ထည့္ၿပီးတဲ့ ထရန္စေဖာ္မာဆီေတြကို ေရေငြ႔ပ်ံသြားေအာင္၊ ကာဗြန္ဂ်ိဳးေတြထြက္သြားေအာင္ စက္ေမာင္းၾကရမယ္။ ဒါေတြလုပ္ၿပီး ဆီအေျခအေန ရလဒ္ေကာင္းလာၿပီဆိုရင္လည္း နားလုိ႔မရေတာ့ဘူး။ ေနျပည္ေတာ္ရံုးခ်ဳပ္မွာ လွ်ပ္စစ္စမ္းသပ္ေရးဌာန ဆိုတာရွိတယ္။ ေမလ(၈)ရက္ေန႔မွာ အဲဒီအဖြဲ႔ကိုေခၚၿပီး စမ္းသပ္မႈေတြျပဳလုပ္မယ္။ အိုေကတယ္ဆိုရင္ ထရန္စေဖာ္မာေတြကုိ ဓာတ္အားထည့္ၿပီး အနည္းဆံုး(၈)နာရီကေန (၁၂)နာရီေလာက္ထိ ေစာင့္ၾကည့္ရပါအံုးမယ္။ စိတ္ခ်ရၿပီဆိုမွ ေမလ(၉)ရက္ေန႔ေလာက္က်မွ ဓာတ္အားျဖန္႔ျဖဴးနုိင္မယ္လို႔ ခန္႔မွန္းပါတယ္။

TNA : အဲလိုစတင္ၿပီး ဓာတ္အားျပန္လည္ျဖန္႔ျဖဴးၿပီဆုိတဲ့အခါမွာ ဗို႔အားေတြျမင့္ၿပီးဝင္သြားတာမ်ိဳး ျဖစ္နုိင္သ လားဆရာ။
UZPH: မရွိပါဘူး။ အဲလုိမျဖစ္ေအာင္လုိ႔ ratio test ဆုိတာမ်ိဳးကိုစမ္းရပါတယ္။ ဒီကေန ဗို႔အားဘယ္ေလာက္ လႊတ္ရင္ ဟိုကေနဘယ္ေလာက္ထြက္မယ္ဆိုတာ စိတ္ခ်ရၿပီဆုိမွ လႊတ္မွာျဖစ္ပါတယ္။
ေက်းဇူးတင္ပါတယ္။

ေတြ႔ဆံုေမးျမန္းသူ #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှဉ့်နှစ်ကောင်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ မကျီးကန် ဓာတ်အားခွဲရုံမှူးနှင့် တွေ့ဆုံမေးမြန်း
***************
မကွေးတိုင်းဒေသကြီး မကျီးကန်ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာ(၂)လုံးမှာ ရှဉ့်ဝင်ရောက်မှုကြောင့် ဧပြီလ(၃ဝ)ရက်နေ့က လောင်ကျွမ်းပျက်စီးမှု ဖြစ်ပွားခဲ့၍ မကွေးမြို့နှင့် ရေနံချောင်းမြို့တို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့ရာ လက်ရှိတွင် ရပ်ကွက်များကို အပိုင်းလိုက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ပေးဝေနေရခြင်းဖြစ်သည်။

ထရန်စဖော်မာများ အစားထိုးတပ်ဆင်မှုလုပ်ဆောင်နေပြီဖြစ်ရာ လျှပ်စစ်မီးအားကို ပုံမှန်အတိုင်း ပြန်လည်ပေးဝေနိုင်မည့်အခြေအနေကို သိရှိနိုင်ရန် မကျီးကန်ဓာတ်အားခွဲရုံသို့ သွားရောက်ပြီး မကွေးပင်မဓာတ်အားခွဲရုံမှ ခွဲရုံမှူး ဦးဇော်ဖိုးလှိုင်နှင့် တာချီလိတ်သတင်းအေဂျင်စီက သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။

TNA : အခုဒီမှာလုပ်ဆောင်နေတာလေးတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦးဆရာ။
UZPH: အရင်က ပါဝါထရန်စဖော်မာနှစ်လုံးလောင်ကျွမ်းသွားတဲ့အတွက် အစားထိုးတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေတာပါ။ ဒီထရန်စဖော်မာတွေက စစ်ကိုင်းတိုင်း၊ ညောင်ပင်ကြီးဓာတ်အားခွဲရုံက သယ်လာရတာပါ။

TNA : ထရန်စဖော်မာနှစ်လုံး လောင်ကျွမ်းပျက်စီးရတာက ဘယ်လိုကြောင့်ဖြစ်သွားတယ်ဆိုတာ သိပါရစေ။
UZPH: ရှဉ့်နှစ်ကောင်ဝင်ရောက်လာမှုကြောင့် အခန့်မသင့် ဖြစ်သွားတဲ့သဘောပါပဲ။ ထရန်စဖော်မာသုံးလုံး ရှိတဲ့အနက်က နှစ်လုံးလောင်ကျွမ်းသွားတာပါ။

TNA : ရှဉ့်ကြောင့်ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ပြည်သူတွေ လက်မခံနိုင်ကြဘဲ ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ရှင်းပြပေးစေလိုပါတယ်။
UZPH: ဧပြီလ(၃၀)ရက်နေ့ မနက်ပိုင်းကဖြစ်တာကို မယုံမှာစိုးလို့ ဓာတ်ပုံရိုက်ထားပြီး ညနေမိုးချုပ်ခါနီးမှ အဲဒီ့ရှဉ့်ကိုလွှင့်ပစ်ခဲ့ရပါတယ်။ လျှပ်စစ်ဆိုတာက သိတဲ့အတိုင်း ဖြစ်လိုက်တာနဲ့ သေသွားတာမျိုးဆိုတော့ မီးလောင်ကျွမ်းသွားတဲ့အထိ ဖြစ်သွားဖို့ မလိုဘူးပေါ့။ မြင်တဲ့အတိုင်းပါပဲ။ ထရန်စဖော်မာတွေမှာ ရှဉ့်မတက်ရေး၊ မြွေမတက်ရေး၊ ကြွက်မတက်ရေး တို့အတွက် ကာကွယ်ထားတာတွေရှိပါတယ်။ ရှဉ့်က အကာအကွယ်မရှိတဲ့ တိုင်ကြီးတွေကတစ်ဆင့်တက်ပြီး ရှဉ့်ဆိုတဲ့သဘောက ဒီထရန်စဖော်မာထဲကို သွယ်ထားတဲ့ကြိုးကနေ ဆင်းလာတယ်လို့ ယူဆပါတယ်။ ကိုယ်တိုင်မြင်ရတာမျိုးမဟုတ်တော့ ဖြစ်နိုင်ခြေကိုပဲ သုံးသပ်လို့ရပါတယ်။ အခြားအကြောင်းအရာကတော့ ဘာတစ်ခုမှမတွေ့ပါဘူး။ ကျွန်တော်တို့ ရုံးချုပ်မှာလည်း ကျွန်တော်တို့ထက်တော်တဲ့ ပညာရှင်တွေအများကြီးရှိပါတယ်။ သူတို့လည်း ဒီမှတ်ချက်အပေါ်မှာ လက်ခံကြပါတယ်။

TNA : လောင်ကျွမ်းပျက်စီးသွားတဲ့ ထရန်စဖော်မာတွေရဲ့ MVA က ဘယ်လောက်တွေလဲဆိုတာနဲ့ အခု အစားထိုးတပ်ဆင်တဲ့ ထရန်စဖော်တွေကရော ဘယ်လောက်ရှိလဲသိပါရစေ။
UZPH: မူလ ထရန်စဖော်တွေက တစ်လုံးကို 20MVA (၃)လုံးဆိုတော့ 60MVA ဖြစ်ပြီး အစားထိုး တပ်ဆင်နေတဲ့ ထရန်စဖော်မာတွေက တစ်လုံးကို 13.33MVA (၃)လုံးဆိုတော့ 40MVA လောက်ရှိပါတယ်။ အဲဒီထဲက (၁)လုံးချွတ်ယွင်းမှုဖြစ်ပွားရင် အစားထိုးနိုင်ဖို့အတွက် အရံ(၁)လုံး အပိုပါလာပါတယ်။

TNA : မူလ transformer တွေက 60MVA ရှိပြီးတော့ အစားထိုးတပ်ဆင်တဲ့ အလုံးတွေက 40MVA ပဲရှိ တယ်ဆိုတော့ ဓာတ်အားဖြန့်ဝေဖို့က လုံလောက်မှုရှိပါ့မလား။
UZPH: နိုင်ပါတယ်ခင်ဗျ။ အရင် ထရန်စဖော်မာတုန်းက အဝင်ဗို့အား 60MVA ရှိတယ်ဆိုပေမဲ့ သုံးတာက 21MW ပဲ သုံးတာဆိုတော့ နိုင်ပါတယ်။ အခု(၃)လုံးက 40MVA လောက်ရှိတော့ မဂ္ဂါဝပ်နဲ့ဆိုရင် 36 လောက် ရှိပါမယ်။

TNA : ဒီဓာတ်အားခွဲရုံရဲ့ ကွန်ရက်ကိုလည်း သိပါရစေ။
UZPH: ဓာတ်အားကွန်ရက်စနစ်က ချောက်ဓာတ်အားလိုင်း၊ တောင်တွင်းကြီးဓာတ်အားလိုင်း၊ မင်းဘူး(မန်း) ဓာတ်အားလိုင်း အဲဒီဓာတ်အားကွန်ရက်ထဲမှာပဲရှိပါတယ်။ အဲဒီဓာတ်အားကွန်ရက်ထဲကမှ မကွေးဓာတ်အားခွဲရုံကို ရောက်ပြီး ဒီကမှ မကွေး၊ ရေနံချောင်း၊ မြင်ကွန်း၊ မိကျောင်းရဲတို့ကို ဓာတ်အားဖြန့်ဖြူးပါတယ်။

TNA : လတ်တလော ဓာတ်အားဖြန့်ဖြူးနေရတဲ့ အခြေအနေလေးလည်း ပြောပြပေးပါဦး။
UZPH: 15MVA (၁)လုံးရှိပါတယ်။ အဲဒီကမှ မူလပေးနေတဲ့နေရာတွေကို မျှပြီးအချိန်ခွဲပေးနေရတာပါ။

TNA : ပေးနေတဲ့အချိန်လေးမှာကိုပဲ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်နေတဲ့အတွက် ပြည်သူတွေမှာ သုံးစွဲရတာ ကသိကအောက်ဖြစ်နေကြပါတယ်။ ဘာကြောင့် အဲလို ဓာတ်အားပြတ်တောက်မှု ဖြစ်ရတာလဲ ဆိုတဲ့အပေါ်မှာရော ရှင်းပြပေးပါခင်ဗျ။
UZPH: 15 MVA က 9MW ကျော်သွားရင် ထိန်းရပါတယ်။ အုပ်စု(၄)စုခွဲပြီးပေးဖို့ အစိုးရအဖွဲ့က တာဝန် ရှိသူတွေရယ် တိုင်းလျှပ်စစ်အင်ဂျင်နီယာနဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့တို့ ညှိနှိုင်းပြီး ဘယ်အုပ်စုက load ဘယ်လောက်များတယ်ဆိုတာ တွက်ချက်ပေးတဲ့အပေါ် ပထမတော့ (၆)နာရီမီးပေးစနစ် လုပ်ခဲ့ပေမဲ့ အခက်အခဲရှိလာတဲ့အတွက် (၃)နာရီမီးပေးစနစ်ကိုပြောင်းခဲ့ရပါတယ်။ ဒါလည်းအခက်အခဲတော့ရှိတုန်းပါပဲ။ ပြည်သူတွေအနေနဲ့ ရတဲ့အချိန်လေးမှာ ဝိုင်းဆွဲသုံးကြရတော့ ပုံမှန်ဝန်အားမဟုတ်တော့ဘဲ load များပြီး ပြုတ်ပြုတ်ကျတာမျိုးတော့ရှိနေပါသေးတယ်။ အဲလိုပြတ်သွားတဲ့အပေါ်မှာလဲ အသုံးနည်းတဲ့ ညဉ့်နက်အ ချိန်မျိုးတွေမှာ ပြန်အစားထိုးပေးပါတယ်။

TNA : ပျက်စီးဆုံးရှုံးသွားတဲ့ ထရန်စဖော်မာတွေရဲ့တန်ဖိုးနဲ့ သယ်ယူလာတဲ့ ထရန်စဖော်မာတွေအတွက်ကုန် ကျစရိတ်ဘယ်လောက်ရှိမလဲ။ ဒါကိုဘယ်ဘက်ဂျက်ကနေ သုံးစွဲသလဲ ဆိုတာလေးလည်းသိပါရစေ။
UZPH: ပျက်စီးဆုံးရှုံးသွားတဲ့ ထရန်စဖော်မာတွေရဲ့တန်ဖိုးကိုတော့ ကျွန်တော့်အနေနဲ့မသိပါဘူး။ သယ်ဆောင် လာတဲ့ ထရန်စဖော်မာတွေအတွက်ကတော့ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ စီမံမှုနဲ့ပဲ ဒီကိုရွှေ့ပြောင်းယူလာတာဖြစ်ပြီး အခုလုပ်နေတဲ့ဝန်ထမ်းတွေကလည်း နေပြည်တော်ကကျွန်တော်တို့ဝန်ကြီးဌာနကပဲ ဖြစ်ပါတယ်။

TNA : မီးအပြည့်အဝပြန်ပေးနိုင်ဖို့ ရက်ကိုသိပါရစေ။
UZPH: ဒီနေ့ည(မေလ ၆ ရက်)ဆိုရင် တစ်ညလုံး(၂၄)နာရီအထိ ဒီနေ့ထည့်ပြီးတဲ့ ထရန်စဖော်မာဆီတွေကို ရေငွေ့ပျံသွားအောင်၊ ကာဗွန်ဂျိုးတွေထွက်သွားအောင် စက်မောင်းကြရမယ်။ ဒါတွေလုပ်ပြီး ဆီအခြေအနေ ရလဒ်ကောင်းလာပြီဆိုရင်လည်း နားလို့မရတော့ဘူး။ နေပြည်တော်ရုံးချုပ်မှာ လျှပ်စစ်စမ်းသပ်ရေးဌာန ဆိုတာရှိတယ်။ မေလ(၈)ရက်နေ့မှာ အဲဒီအဖွဲ့ကိုခေါ်ပြီး စမ်းသပ်မှုတွေပြုလုပ်မယ်။ အိုကေတယ်ဆိုရင် ထရန်စဖော်မာတွေကို ဓာတ်အားထည့်ပြီး အနည်းဆုံး(၈)နာရီကနေ (၁၂)နာရီလောက်ထိ စောင့်ကြည့်ရပါအုံးမယ်။ စိတ်ချရပြီဆိုမှ မေလ(၉)ရက်နေ့လောက်ကျမှ ဓာတ်အားဖြန့်ဖြူးနိုင်မယ်လို့ ခန့်မှန်းပါတယ်။

TNA : အဲလိုစတင်ပြီး ဓာတ်အားပြန်လည်ဖြန့်ဖြူးပြီဆိုတဲ့အခါမှာ ဗို့အားတွေမြင့်ပြီးဝင်သွားတာမျိုး ဖြစ်နိုင်သ လားဆရာ။
UZPH: မရှိပါဘူး။ အဲလိုမဖြစ်အောင်လို့ ratio test ဆိုတာမျိုးကိုစမ်းရပါတယ်။ ဒီကနေ ဗို့အားဘယ်လောက် လွှတ်ရင် ဟိုကနေဘယ်လောက်ထွက်မယ်ဆိုတာ စိတ်ချရပြီဆိုမှ လွှတ်မှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~