တကၠသိုလ္ဝင္တန္းနွင့္ ကေလးမ်ား အဂၤလိပ္စာအတြက္ သင္ေထာက္ကူ ဖုန္း application လားရိႈးတြင္ မိတ္ဆက္

တကၠသိုလ္ဝင္တန္းနွင့္ ကေလးမ်ား အဂၤလိပ္စာအတြက္ သင္ေထာက္ကူ ဖုန္း application လားရိႈးတြင္ မိတ္ဆက္
မေ 11, 2018
By 🌸
တကၠသိုလ္ဝင္တန္းႏွင့္ ကေလးငယ္မ်ား အဂၤလိပ္စာသင္ၾကားေရးအတြက္ သင္ေထာက္ကူပစၥည္းအျဖစ္ 360 ed (Visioneering Learning ) ကုမၸဏီက ထုတ္လုပ္သည့္ ဖုန္း applicationကို ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ေမလ (၁၁)ရက္ေန႔က မိတ္ဆက္ေၾကာင္း သိရသည္။

 “အဓိကရည္ရြယ္တာကေတာ့ ျမန္မာႏိုင္ငံရဲ့ ပညာေရးျပဳျပင္ေျပာင္းလဲမႈမွာ နည္းပညာပိုင္းဆိုင္ရာနဲ႔ ပံ့ပိုးကူညီ ခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ ဒါေတြကို ထုတ္လုပ္တာျဖစ္ပါတယ္။ ေက်ာင္းသူ/သားေတြအတြက္ စာသင္ၾကားတဲ့ ေနရာမွာ စာရြက္ေပၚကစာေတြခ်ည္းပဲ က်က္မွတ္ေနရတာထက္ ဖုန္းအက္ပလီေကးရွင္းအသံုးျပဳၿပီး ဖလက္ရွ္ကတ္( Flashcard) ေတြကို ၾကည့္မယ္ဆိုရင္ သရီးဒီပံုရိပ္နဲ႔ျမင္ရတာျဖစ္တဲ့အတြက္ မွတ္မိဖို႔ ပိုလြယ္ကူတယ္။ ပညာသင္ရာမွာ ပိုေပ်ာ္ဖို႔ေကာင္းေအာင္လုပ္တာျဖစ္ပါတယ္ ”ဟု 360ed တည္ေထာင္သူ မန္ေနဂ်င္းဒါရိုက္တာ ဦးရန္မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ application အား ဓာတ္သင္ပုန္းဟု အမည္ေပးထားၿပီး တကၠသိုလ္ဝင္တန္း ဘာသာရပ္မ်ား၊ ေမးခြန္းေဟာင္းမ်ား၊ ကေလးမ်ားအတြက္ အဂၤလိပ္စာ စာလံုးေပါင္းသတ္ပံုႏွင့္ အသံထြက္မ်ားကို Flashcard မ်ားျဖင့္ ၾကည့္ရႈႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကုမၸဏီကို ၂၀၁၇ ခုႏွစ္ ဧၿပီလတြင္ စတင္တည္ေထာင္ခဲ့ၿပီး အဆိုပါကုန္ပစၥည္းမိတ္ဆက္ကို ရန္ကုန္ၿမိဳ႕၊ ျပင္ဦးလြင္ၿမိဳ႕တို႔တြင္ ျပဳလုပ္ခဲ့ၿပီး လားရိႈးၿမိဳ႕တြင္ လာေရာက္ျပသျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္ေထာက္ကူပစၥည္းမ်ားမွာ တစ္စံုလ်ွင္ အနိမ့္ဆံုး က်ပ္ (၉၅၀၀)မွ  က်ပ္ (၁၄၅၀၀) အထိ ေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပညာသင္ေထာက္ကူပစၥည္းမ်ားႏွင့္ပတ္သက္၍ ယူနက္စကိုမွ စြမ္းေဆာင္ရည္ဆုကို ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလအတြင္းက ရရိွထားေၾကာငး္ သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
တက္ကသိုလ်ဝင်တန်းနှင့် ကလေးများ အင်္ဂလိပ်စာအတွက် သင်ထောက်ကူ ဖုန်း application လားရှိုးတွင် မိတ်ဆက်
****************
တက္ကသိုလ်ဝင်တန်းနှင့် ကလေးငယ်များ အင်္ဂလိပ်စာသင်ကြားရေးအတွက် သင်ထောက်ကူပစ္စည်းအဖြစ် 360 ed (Visioneering Learning ) ကုမ္ပဏီက ထုတ်လုပ်သည့် ဖုန်း applicationကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ (၁၁)ရက်နေ့က မိတ်ဆက်ကြောင်း သိရသည်။

 “အဓိကရည်ရွယ်တာကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ ပံ့ပိုးကူညီ ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒါတွေကို ထုတ်လုပ်တာဖြစ်ပါတယ်။ ကျောင်းသူ/သားတွေအတွက် စာသင်ကြားတဲ့ နေရာမှာ စာရွက်ပေါ်ကစာတွေချည်းပဲ ကျက်မှတ်နေရတာထက် ဖုန်းအက်ပလီကေးရှင်းအသုံးပြုပြီး ဖလက်ရှ်ကတ်( Flashcard) တွေကို ကြည့်မယ်ဆိုရင် သရီးဒီပုံရိပ်နဲ့မြင်ရတာဖြစ်တဲ့အတွက် မှတ်မိဖို့ ပိုလွယ်ကူတယ်။ ပညာသင်ရာမှာ ပိုပျော်ဖို့ကောင်းအောင်လုပ်တာဖြစ်ပါတယ် ”ဟု 360ed တည်ထောင်သူ မန်နေဂျင်းဒါရိုက်တာ ဦးရန်မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ application အား ဓာတ်သင်ပုန်းဟု အမည်ပေးထားပြီး တက္ကသိုလ်ဝင်တန်း ဘာသာရပ်များ၊ မေးခွန်းဟောင်းများ၊ ကလေးများအတွက် အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံနှင့် အသံထွက်များကို Flashcard များဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီကို ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့ပြီး အဆိုပါကုန်ပစ္စည်းမိတ်ဆက်ကို ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့တို့တွင် ပြုလုပ်ခဲ့ပြီး လားရှိုးမြို့တွင် လာရောက်ပြသခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်ထောက်ကူပစ္စည်းများမှာ တစ်စုံလျှင် အနိမ့်ဆုံး ကျပ် (၉၅၀၀)မှ  ကျပ် (၁၄၅၀၀) အထိ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ထောက်ကူပစ္စည်းများနှင့်ပတ်သက်၍ ယူနက်စကိုမှ စွမ်းဆောင်ရည်ဆုကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ရရှိထားကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~