မုန္တိုင္းဝင္ေရာက္ႏိုင္သျဖင့္ ကယ္ဆယ္ေရးအစီအစဥ္မ်ား အသင့္အေနအထားျပင္ဆင္

မုန္တိုင္းဝင္ေရာက္ႏိုင္သျဖင့္ ကယ္ဆယ္ေရးအစီအစဥ္မ်ား အသင့္အေနအထားျပင္ဆင္
မေ 30, 2018
By 🌸
မေကြးတိုင္းသို႔ မုန္တိုင္းဝင္ေရာက္လာႏိုင္သျဖင့္ မင္းဘူးခရုိင္အတြင္းရွိ မင္းဘူး၊ ပြင့္ျဖဴ၊ စလင္း၊ ငဖဲႏွင့္ ေစတုတၱရာၿမိဳ႕နယ္မ်ားတြင္ ခရုိင္မီးသတ္ဦးစီးဌာနမွ ဦးေဆာင္ကာ သဘာဝေဘးအႏၱရာယ္ ကူညီကယ္ဆယ္ေရးအဖဲြ႕မ်ားကို ကယ္္ဆယ္ေရးပစၥည္းမ်ား အသင့္အေနအထားျဖင့္ ျပင္ဆင္ထားေၾကာင္း သိရသည္။

အဆိုပါ ကယ္ဆယ္ေရးအဖြဲ႕မ်ားအား တစ္ၿမိဳ႕နယ္လ်ွင္ (၃၅) ဦးႏႈန္းျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ေမလ (၃၀)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (၅)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ကုန္းတြင္းမုန္တိုင္းငယ္သည္ ေညာင္ဦးၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မိုင္(၂၀)ခန္႔၊ ပခုကၠဴၿမိဳ႕၏ အေနာက္ဘက္ မိုင္(၃၀) ခန္႔၊ ျမင္းၿခံၿမိဳ႕၏ အေနာက္ေတာင္ဘက္ မိုင္(၅၀)ခန္႔အကြာတြင္ ဆက္လက္တည္ရွိေနၿပီး ကပၸလီ ပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလအားေကာင္းရာမွ အားအလြန္ေကာင္းေနေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ေမလ (၃၀)ရက္ေန႔ နံနက္ (၇)နာရီတြင္ ထုတ္ျပန္ထားသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု#မိုးေက်ာ္ခိုင္

~~~~~~~~⊰❂ unicode ~~~~~~~~
မုန်တိုင်းဝင်ရောက်နိုင်သဖြင့် ကယ်ဆယ်ရေးအစီအစဉ်များ အသင့်အနေအထားပြင်ဆင်
*****************
မကွေးတိုင်းသို့ မုန်တိုင်းဝင်ရောက်လာနိုင်သဖြင့် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့များကို ကယ်ဆယ်ရေးပစ္စည်းများ အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များအား တစ်မြို့နယ်လျှင် (၃၅) ဦးနှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်သည် ညောင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀)ခန့်၊ ပခုက္ကူမြို့၏ အနောက်ဘက် မိုင်(၃၀) ခန့်၊ မြင်းခြံမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်အကွာတွင် ဆက်လက်တည်ရှိနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ (၃၀)ရက်နေ့ နံနက် (၇)နာရီတွင် ထုတ်ပြန်ထားသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ#မိုးကျော်ခိုင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~