သိန္းနီတြင္ ေရပူစစ္ေဆးေရးစခန္းမွ အေကာက္ခြန္မွဴး မသကၤာဖြယ္ယာဥ္အား လုိက္ဖမ္းရင္း အရိုက္ခံရ

သိန္းနီတြင္ ေရပူစစ္ေဆးေရးစခန္းမွ အေကာက္ခြန္မွဴး မသကၤာဖြယ္ယာဥ္အား လုိက္ဖမ္းရင္း အရိုက္ခံရ
မေ 27, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕တြင္ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္း အေကာက္ခြန္ဦးစီးဌာနမွ အေကာက္ခြန္မွဴးသည္ မသကၤာဖြယ္ယာဥ္တစ္စီးအား လုိက္လံဖမ္းဆီးရာမွ ရိုက္ႏွက္ခံရသျဖင့္ ေဆးရံုတင္ပို႔ထားရေၾကာင္း သိရသည္။

အေကာက္ခြန္မွဴး ဦးမ်ိဳးျမင့္သြင္ပါႏွစ္ဦးသည္ ၂၀၁၈ ခုႏွစ္၊ ေမလ (၂၆) ရက္ေန႔ နံနက္ (၉)နာရီ (၄၅)မိနစ္ဝန္းက်င္တြင္ သိန္းနီၿမိဳ႕ ေဘာလုံးကြင္းအနီး၌ မသကၤာဖြယ္ေတြ႔ရသည့္ WISH ေမ္ာေတာ္ယာဥ္အား လိုက္လံဖမ္းဆီးရာ အဆိုပါ ယာဥ္ေပၚမွ လူႏွစ္ဦးဆင္းလာၿပီး သံတုတ္ျဖင့္ ရိုက္ႏွက္ကာ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရိုက္ႏွက္ခံရမႈေၾကာင့္ အေကာက္ခြန္မွဴး ဦးမ်ိဳးျမင့္သြင္၊ ၎ႏွင့္လိုက္ပါလာသူတို႔မွာ ဦးေခါင္း၌ ဒဏ္ရာရသြားသျဖင့္ သိန္းနီျပည္သူ႔ေဆးရံုသို႔ တင္ပို႔ထားရျခင္းျဖစ္ေၾကာင္း သိရသည္။

ရိုက္ႏွက္ထြက္ေျပးသူမ်ားအား သိန္းနီၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၀၇/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၃၃/၁၁၄ (တာဝန္ထမ္းေဆာင္ေနသည့္ ျပည္သူ႔ဝန္ထမ္းအား ျပင္းထန္နာက်င္ေစမႈ/ အားေပး ကူညီမႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးေနၿပီး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
သိန်းနီတွင် ရေပူစစ်ဆေးရေးစခန်းမှ အကောက်ခွန်မှူး မသင်္ကာဖွယ်ယာဉ်အား လိုက်ဖမ်းရင်း အရိုက်ခံရ
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူးသည် မသင်္ကာဖွယ်ယာဉ်တစ်စီးအား လိုက်လံဖမ်းဆီးရာမှ ရိုက်နှက်ခံရသဖြင့် ဆေးရုံတင်ပို့ထားရကြောင်း သိရသည်။

အကောက်ခွန်မှူး ဦးမျိုးမြင့်သွင်ပါနှစ်ဦးသည် ၂၀၁၈ ခုနှစ်၊ မေလ (၂၆) ရက်နေ့ နံနက် (၉)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် သိန်းနီမြို့ ဘောလုံးကွင်းအနီး၌ မသင်္ကာဖွယ်တွေ့ရသည့် WISH မေ်ာတော်ယာဉ်အား လိုက်လံဖမ်းဆီးရာ အဆိုပါ ယာဉ်ပေါ်မှ လူနှစ်ဦးဆင်းလာပြီး သံတုတ်ဖြင့် ရိုက်နှက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရိုက်နှက်ခံရမှုကြောင့် အကောက်ခွန်မှူး ဦးမျိုးမြင့်သွင်၊ ၎င်းနှင့်လိုက်ပါလာသူတို့မှာ ဦးခေါင်း၌ ဒဏ်ရာရသွားသဖြင့် သိန်းနီပြည်သူ့ဆေးရုံသို့ တင်ပို့ထားရခြင်းဖြစ်ကြောင်း သိရသည်။

ရိုက်နှက်ထွက်ပြေးသူများအား သိန်းနီမြို့မရဲစခန်းတွင် (ပ) ၁၀၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၁၁၄ (တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာကျင်စေမှု/ အားပေး ကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~