ကျိုင်းတုံမြို့နယ် ဝမ်ကာရွာဘုန်းကြီးကျောင်းအနီးရှိ ငါးကန်နှင့် ဝက်မွေးမြူရေးလုပ်ငန်းအား ရွှေ့ပြောင်းပေးရန် ကျေးရွာလူထုက CICC တိုင်ကြား

ကျိုင်းတုံမြို့နယ် ဝမ်ကာရွာဘုန်းကြီးကျောင်းအနီးရှိ ငါးကန်နှင့် ဝက်မွေးမြူရေးလုပ်ငန်းအား ရွှေ့ပြောင်းပေးရန် ကျေးရွာလူထုက CICC တိုင်ကြား
မေ 31, 2018
By Tachileik News Agency



ဝက်ချေးအနံ့ဆိုးများကြောင့် ဘုန်းကြီးကျောင်းမှ သံဃာတော်များမှာ အဆင်မပြေဖြစ်နေသဖြင့် ရွှေ့ပြောင်းရမည့် အခြေအနေတွင် ဖြစ်နေပြီး အနီးဝန်းကျင် နေအိမ်များမှ လူထုအနေဖြင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးရန် ကျေးရွာလူထုကိုယ်စား ရွာသူကြီးနှင့်အဖွဲ့က ကျိုင်းတုံခရိုင်ရုံးသို့ လာရောက်တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

CICC အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူပြည်သူများ၏ ငွေကြေးနစ်နာ ဆုံးရှုံးမှု၊ လူပုဂ္ဂိုလ်နစ်နာဆုံးရုံးမှုနှင့် စိတ်ပိုင်းဆိုင်ရာနစ်နာဆုံးရှုံးမှုအစရှိသည်များကို စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓါတ်ပုံ - CICC


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဝပ်ဆောင်းအုပ်စု ဝမ်ကာရွာ ဘုန်းကြီးကျောင်းအနီး ရွာလယ်တွင် ငါးကန်နှင့် ဝက်မွေးမြူရေး လုပ်ငန်းကြောင့် ကျေးရွာအတွင်း အနံ့ဆိုးများ ဝင်ရောက်မှုကို ဖြေရှင်းပေးရန် ကျေးရွာလူထုက ကျိုင်းတုံ CICC သို့ ၂၀၁၈ ခုနှစ် မေလ (၃၀)ရက်နေ့တွင် တင်ပြထားကြောင်း သိရသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ခရိုင် CICC ကနေ မြို့နယ်စီခန့်(မြို့နယ်စီမံခန့်ခွဲမှုကော်မတီ)ကို တင်ပြ ထားပါတယ်။ CICC က ကုန်စည်နဲ့ဝန်ဆောင်မှုနဲ့က ဆိုင်တော့ဆိုင်တယ်။ ဒါပေမဲ့ သက်ဆိုင်ရာ တိမွေးကုရယ်၊ ထွေအုပ်ရယ်က အဓိကဖြစ်တယ်။ သူတို့ရယ် ရွာသူရွာသားတွေရယ်၊ လုပ်ငန်းရှင်ရယ် အကုန်လုံး ညှိနှိုင်းပြီးမှ အဖြေက သိမှာ။ လက်ရှိတော့ သူတို့ဆီက အကြောင်းပြန်တာစောင့်နေတယ်။ ဒီရက်ပိုင်း မှာတော့ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်မှာပါ”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့(CICC) အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဝက်ချေးအနံ့ဆိုးများကြောင့် ဘုန်းကြီးကျောင်းမှ သံဃာတော်များမှာ အဆင်မပြဖြေစ်နေသဖြင့် ရွှေ့ပြောင်းရမည့် အခြေအနေတွင် ဖြစ်နပြေီး အနီးဝန်းကျင် နေအိမ်များမှ လူထုအနဖြေင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးရန် ကျေးရွာလူထုကိုယ်စား ရွာသူကြီးနှင့်အဖွဲ့က ကျိုင်းတုံခရိုင်ရုံးသို့ လာရောက်တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

CICC အနဖြေင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူပြည်သူများ၏ ငွေကြေးနစ်နာ ဆုံးရှုံးမှု၊ လူပုဂ္ဂိုလ်နစ်နာဆုံးရုံးမှုနှင့် စိတ်ပိုင်းဆိုင်ရာနစ်နာဆုံးရှုံးမှုအစရှိသည်များကို စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓါတ္ပံု - CICC

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~