
မေ 27, 2018
By 🌸

မုဒိမ်းမှုနှင့်စပ်လျဉ်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်သည့်တရားခံကို ထောင်ဒဏ် အနှစ် (၂၀) ထိဖြစ်စေ၊ (၁၀) နှစ်ထိထောင်ဒဏ်တစ်မျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါကြောင်းနှင့် တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ကိုဖြစ်စေ၊ အရွယ်ရောက်ပြီးသူကိုဖြစ်စေ မုဒိမ်းမှု ပြုကျင့်‌ပြီး ၎င်းမုဒိမ်းပြုကျင့်‌ခံရသူကို သတ်ဖြတ်ခဲ့ကြောင်းပေါ်ပေါက်ပါက ၎င်းတရားခံကို တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (ဃ)အရ သေဒဏ်မှအပ အခြားပြစ်ဒဏ် ချမှတ်နိုင်ခြင်းမရှိသဖြင့်‌ သေဒဏ်ကို မလွဲမသေ ချမှတ်မည်ဖြစ်ရာ သက်ငယ်မုဒိမ်းကျူးလွန်သူများကို တရားရုံးများအနေဖြင့် ဥပဒေကခွင့်ပြုသည့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ဖြစ်ပွားမှုလျော့နည်းအောင် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ဖြေကြားသည်။

သက်ငယ်မုဒိမ်းများအား ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ဥပဒေအား ပြင်ဆင်ရေးဆွဲခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်တားဆီး ကာကွယ်ရေး ဥပဒေကို အသစ်ရေးဆွဲနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သိရသည်။


သတင်း #ဇာနှင်း

~~~~~~~~⊰❂ unicode ~~~~~~~~
ကြီးလေးသည့်အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းဖြင့် သက်ငယ်မုဒိမ်းလျှော့ချနိုင်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်ပြောကြား
***************
သက်ငယ်မုဒိမ်းမှုများ ကျူးလွန်သူများအား ကြီးလေးသည်‌့အမြင်‌့ဆုံး ပြစ်ဒဏ်ချမှတ်ခြင်‌းဖြင့် လျော့နည်းပပျောက်ရန် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

မုဒိမ်းမှုနှင့်စပ်လျဉ်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်သည့်တရားခံကို ထောင်ဒဏ် အနှစ် (၂၀) ထိဖြစ်စေ၊ (၁၀) နှစ်ထိထောင်ဒဏ်တစ်မျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါကြောင်းနှင့် တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ကိုဖြစ်စေ၊ အရွယ်ရောက်ပြီးသူကိုဖြစ်စေ မုဒိမ်းမှု ပြုကျင်‌့ပြီး ၎င်းမုဒိမ်းပြုကျင်‌့ခံရသူကို သတ်ဖြတ်ခဲ့ကြောင်းပေါ်ပေါက်ပါက ၎င်းတရားခံကို တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (ဃ)အရ သေဒဏ်မှအပ အခြားပြစ်ဒဏ် ချမှတ်နိုင်ခြင်းမရှိသဖြင်‌့ သေဒဏ်ကို မလွဲမသေ ချမှတ်မည်ဖြစ်ရာ သက်ငယ်မုဒိမ်းကျူးလွန်သူများကို တရားရုံးများအနေဖြင့် ဥပဒေကခွင့်ပြုသည့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ဖြစ်ပွားမှုလျော့နည်းအောင် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက လွှတ်တော်တွင် ဖြေကြားလိုက်ခြင်းဖြစ်သည်။

သက်ငယ်မုဒိမ်းများအား ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ဥပဒေအား ပြင်ဆင်ရေးဆွဲခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်တားဆီး ကာကွယ်ရေး ဥပဒေကို အသစ်ရေးဆွဲနေပြီဖြစ်ကြောင်း  ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ဖြေကြားသည်။

မေလ (၂၅) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက သက်ငယ် မုဒိမ်းဖြစ်ပွားနေမှုကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်က သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်ပြင်းထန်စွာ အမြန်ဆုံး အပြစ်ပေးနိုင်ရေးနှင့် သက်ငယ်မုဒိမ်းမှုလျော့ကျရေး မည်သို့သော အစီအစဉ်များဖြင့် အရေးယူဆောင်ရွက် နေသည်ကို သိလိုခြင်း နှင့် စပ်လျဉ်း၍မေးမြန်းမှုများအား ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးတို့က ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်း #ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~