ေဘာလခဲၿမိဳ႕တြင္ ေလျပင္းတိုက္ခတ္၍ အေဆာက္အဦးႏွင့္ လွ်ပ္စစ္မီးတုိင္မ်ား ပ်က္စီး

ေဘာလခဲၿမိဳ႕တြင္ ေလျပင္းတိုက္ခတ္၍ အေဆာက္အဦးႏွင့္ လွ်ပ္စစ္မီးတုိင္မ်ား ပ်က္စီး
မေ 11, 2018
By 🌸
ကယားျပည္နယ္ ေဘာလခဲၿမိဳ႕တြင္ ေမလ (၁၁) ရက္ေန႔ မနက္ (၁) နာရီေက်ာ္မွစ၍ မိုးရြာၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္မ်ား၊ ဌာနဆိုင္ရာ အေဆာက္အဦမ်ား၊ အားကစား႐ုံမ်ားႏွင့္ လွ်ပ္စစ္မီးတိုင္မ်ား ပ်က္ဆီးခဲ့ေၾကာင္း သိရသည္။
"ညတစ္နာရီေက်ာ္ေလာက္က စၿပီး မိုးေတြေလေတြႀကီးတာ။ ေလတအားျပင္းတယ္။ မနက္မွ လိုက္ၾကည့္ေတာ့ ၿမိဳ႕ထဲက ဆိုင္အခ်ိဳ႕ေရာ၊ ဓာတ္တိုင္ေတြေရာ အကုန္က်ိဳးကုန္တယ္။ အိမ္ေတြလည္း အမိုးေတြလန္တယ္။ မီးေတြလည္း အခုပ်က္ေနတယ္။ သစ္ပင္ေတြေရာေပါ့ အကုန္လဲကုန္တာ " ဟု ေဘာလခဲၿမိဳ႕မွ ကိုပုံက ေျပာသည္။
လက္ရိွတြင္ ၿမိဳ႕တြင္းမွ အပ်က္အစီးမ်ားကို သက္ဆုိင္ရာက ရွင္းလင္းျပဳျပင္ျခင္းမ်ား လုပ္ေဆာင္ေနၾကေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #pna

~~~~~~~~⊰❂ unicode ~~~~~~~~

ဘောလခဲမြို့တွင် လေပြင်းတိုက်ခတ်၍ အဆောက်အဦးနှင့် လျှပ်စစ်မီးတိုင်များ ပျက်စီး
************
ကယားပြည်နယ် ဘောလခဲမြို့တွင် မေလ (၁၁) ရက်နေ့ မနက် (၁) နာရီကျော်မှစ၍ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အားကစားရုံများနှင့် လျှပ်စစ်မီးတိုင်များ ပျက်ဆီးခဲ့ကြောင်း သိရသည်။
"ညတစ်နာရီကျော်လောက်က စပြီး မိုးတွေလေတွေကြီးတာ။ လေတအားပြင်းတယ်။ မနက်မှ လိုက်ကြည့်တော့ မြို့ထဲက ဆိုင်အချို့ရော၊ ဓာတ်တိုင်တွေရော အကုန်ကျိုးကုန်တယ်။ အိမ်တွေလည်း အမိုးတွေလန်တယ်။ မီးတွေလည်း အခုပျက်နေတယ်။ သစ်ပင်တွေရောပေါ့ အကုန်လဲကုန်တာ " ဟု ဘောလခဲမြို့မှ ကိုပုံက ပြောသည်။
လက်ရှိတွင် မြို့တွင်းမှ အပျက်အစီးများကို သက်ဆိုင်ရာက ရှင်းလင်းပြုပြင်ခြင်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #pna
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~