ကယားျပည္နယ္မွ တဆင့္ ထုိင္းနုိင္ငံသို႔ တရားမဝင္ သြားေရာက္အလုပ္ လုပ္မည့္ (၁၈)ဦးအား အသိပညာေပးၿပီး ေနရပ္ ျပန္လႊတ္

ကယားျပည္နယ္မွ တဆင့္ ထုိင္းနုိင္ငံသို႔ တရားမဝင္ သြားေရာက္အလုပ္ လုပ္မည့္ (၁၈)ဦးအား အသိပညာေပးၿပီး ေနရပ္ ျပန္လႊတ္
မေ 30, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ေဘာလခဲၿမိဳ႕ရွိ ေဘာလခဲခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးေရွ႕ ပူးေပါင္းစစ္ေဆးေရး ဂိတ္၌ ဖမ္းဆီးရမိသည့္ ထုိင္းႏုိင္ငံသုိ႔ တရားမဝင္ အလုပ္သြားေရာက္လုပ္ကိုင္မည့္သူ (၁၈)ဦးအား အသိပညာေပးေဆြးေႏြးၿပီး ျပန္လႊတ္ေပးလုိက္ေၾကာင္း သိရသည္။

ေဘာလခဲခ႐ိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးေဇာ္မင္းထြန္း ဦးစီးေသာ ပူးေပါင္းအဖြဲ႕တို႔သည္ လြိဳင္ေကာ္မွ ေဘာလခဲသို႔ စိုင္းထြြန္း(ခ)ေအာင္ကိုဦး ေမာင္းႏွင္လာၿပီး အမ်ိဳးသား (၅)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦး လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ေက်ာ္ေဇယ်လင္း(ခ)ကစ္ကစ္ေမာင္းႏွင္ၿပီး အမ်ိဳးသား (၆)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦး လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္တုိ႔အား  ၂၀၁၈ခုႏွစ္ ေမလ (၂၉)ရက္ေန႔က ရပ္တန္႔စစ္ေဆးရာ ၎တို႔သည္ ဖယ္ခုံ/ဆီဆိုင္ ၿမိဳ႕နယ္တုိ႔မွ ျဖစ္ၿပီး ေဘာလခဲၿမိဳ႕နယ္၊ ႐ြာသစ္ၿမိဳ႕မွ တစ္ဆင့္ ထိုင္းႏိုင္ငံသို႔ တရားမဝင္ အလုပ္ သြားေရာက္လုပ္ကိုင္မည့္ သူမ်ားျဖစ္ေၾကာင္း စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ (၁၈)ဦးအား ေဘာလခဲခ႐ိုင္ရဲတပ္ဖြဲ႕မွဴးဒုရဲမႉးႀကီး ေဇာ္မင္းထြန္းႏွင့္ ေဘာလခဲၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးလွမ်ိဳးထြန္း ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းတာ၀န္ရွိသူမ်ားက  တစ္ဖက္ႏိုင္ငံသို႔ သြား ေရာက္လိုပါက တရားဝင္ သြားေရာက္ရန္ႏွင့္ လူကုန္ကူးမႈဆိုင္ရာ အသိပညာေပးေဆြးေႏြးၿပီး ၎တို႔ ေနရပ္အသီးသီးသို႔ ျပန္လည္ေစလႊတ္ခဲ့ေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဘောလခဲမြို့ရှိ ဘောလခဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်သွားရောက်လုပ်ကိုင်မည့်သူ (၁၈)ဦးအား အသိပညာပေးဆွေးနွေးပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဘောလခဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်မင်းထွန်း ဦးစီးသော ပူးပေါင်းအဖွဲ့တို့သည် လွိုင်ကော်မှ ဘောလခဲသို့ စိုင်းထွန်း(ခ)အောင်ကိုဦး မောင်းနှင်လာပြီး အမျိုးသား (၅)ဦးနှင့် အမျိုးသမီး(၃)ဦး လိုက်ပါလာသည့် မော်တော်ယာဉ်နှင့် ကျော်ဇေယျလင်း(ခ)ကစ်ကစ်မောင်းနှင်ပြီး အမျိုးသား (၆)ဦးနှင့် အမျိုးသမီး(၄)ဦး လိုက်ပါလာသည့် မော်တော်ယာဉ်တို့အား ၂၀၁၈ခုနှစ် မေလ (၂၉)ရက်နေ့က ရပ်တန့်စစ်ဆေးရာ၎င်းတို့သည် ဖယ်ခုံ/ဆီဆိုင် မြို့နယ်တို့မှ ဖြစ်ပြီး ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ် သွားရောက်လုပ်ကိုင်မည့် သူများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၈)ဦးအား ဘောလခဲခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး ဇော်မင်းထွန်းနှင့် ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း နှင့် သက်ဆိုင်ရာ ပူးပေါင်းတာဝန်ရှိသူများက တစ်ဖက်နိုင်ငံသို့ သွား ရောက်လိုပါက တရားဝင် သွားရောက်ရန်နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပြီး၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း  

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~