တာခ်ီလိတ္ၿမိဳ႕ B.H.S ၏ Pre -School ေက်ာင္းဆင္းပြဲႏွင့္ အဂၤလိပ္စာသင္တန္းဆင္းလက္မွတ္ ခ်ီးျမႇင့္ပြဲက်င္းပ

တာခ်ီလိတ္ၿမိဳ႕ B.H.S ၏ Pre -School ေက်ာင္းဆင္းပြဲႏွင့္ အဂၤလိပ္စာသင္တန္းဆင္းလက္မွတ္ ခ်ီးျမႇင့္ပြဲက်င္းပ
မေ 26, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ Bright House English School ၏ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ Pre-School ေက်ာင္းဆင္းပြဲႏွင့္ အဂၤလိပ္စာသင္တန္းဆင္းလက္မွတ္ခ်ီးျမႇင့္ပြဲအခမ္းအနားကို ၂၀၁၈ ခုႏွစ္ ေမလ (၂၆)ရက္ေန႔ ညေနက ဟုတ္တက္ခန္းမတြင္ က်င္းပသည္။

ေက်ာင္းဆင္းပြဲတြင္ Bright House English School မွ အဂၤလိပ္စာသင္တန္းဆင္း ေက်ာင္းသားေက်ာင္းသူ (၂၄)ဦးႏွင့္ Pre - School ဆင္းသည့္ ေက်ာင္းသားေက်ာင္းသူ (၃၃)ဦး စုစုေပါင္း (၅၇)ဦးအား သင္တန္းဆင္း လက္မွတ္မ်ားႏွင့္ ထူးခၽြန္ဆုအသီးသီးကို ခ်ီးျမႇင့္ေပးျခင္းျဖစ္သည္။

B.H.S Pre School ၏ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္အတြက္ ေက်ာင္းတက္ရက္အမွန္ဆံုးဆု၊ ကိုယ့္အားကိုယ္ကိုးႏုိင္ဆံုးဆု၊ လက္ေရးအလွဆံုးဆု၊ ေဝမွ်ႏိုင္ဆံုးဆု၊ ေလ့လာစူးစမ္းႏုိင္ဆံုးဆု၊ အလွည့္က်ေစာင့္တတ္ေသာဆု၊ နားလည္လုိက္နာႏုိင္စြမ္းအားဆု၊ အကူညီတတ္ဆံုးဆုမ်ား ေရြးခ်ယ္ခ်ီးျမႇင့္သည့္အျပင္ King ႏွင့္ Queen၊ Mr.Smile ႏွင့္ Mrs.Smile တုိ႔ကိုလည္း ေရြးခ်ယ္ခ်ီးျမႇင့္ခဲ့သည္။

Bright House English School သည္ ၂၀၁၄ ခုႏွစ္မွစ၍ တာခ်ီလိတ္ၿမိဳ႕တြင္ ဖြင့္လွစ္ထားၿပီး အသက္ ႏွစ္ႏွစ္ခြဲမွ ငါးႏွစ္အရြယ္ကေလးမ်ားအတြက္ British သင္ရိုးႏွင့္ ျမန္မာစာေပါင္းစပ္သင္ၾကားသည့္ Pre School အျပင္ Basic မွ Intermediate Level အထိ အဂၤလိပ္စာသင္တန္းမ်ားကိုလည္း ဖြင့္လွစ္သင္ၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ B.H.S ၏ Pre -School ကျောင်းဆင်းပွဲနှင့် အင်္ဂလိပ်စာသင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲကျင်းပ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ Bright House English School ၏ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် Pre-School ကျောင်းဆင်းပွဲနှင့် အင်္ဂလိပ်စာသင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ (၂၆)ရက်နေ့ ညနေက ဟုတ်တက်ခန်းမတွင် ကျင်းပသည်။

ကျောင်းဆင်းပွဲတွင် Bright House English School မှ အင်္ဂလိပ်စာသင်တန်းဆင်း ကျောင်းသားကျောင်းသူ (၂၄)ဦးနှင့် Pre - School ဆင်းသည့် ကျောင်းသားကျောင်းသူ (၃၃)ဦး စုစုပေါင်း (၅၇)ဦးအား သင်တန်းဆင်း လက်မှတ်များနှင့် ထူးချွန်ဆုအသီးသီးကို ချီးမြှင့်ပေးခြင်းဖြစ်သည်။

B.H.S Pre School ၏ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းတက်ရက်အမှန်ဆုံးဆု၊ ကိုယ့်အားကိုယ်ကိုးနိုင်ဆုံးဆု၊ လက်ရေးအလှဆုံးဆု၊ ဝေမျှနိုင်ဆုံးဆု၊ လေ့လာစူးစမ်းနိုင်ဆုံးဆု၊ အလှည့်ကျစောင့်တတ်သောဆု၊ နားလည်လိုက်နာနိုင်စွမ်းအားဆု၊ အကူညီတတ်ဆုံးဆုများ ရွေးချယ်ချီးမြှင့်သည့်အပြင် King နှင့် Queen၊ Mr.Smile နှင့် Mrs.Smile တို့ကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့သည်။

Bright House English School သည် ၂၀၁၄ ခုနှစ်မှစ၍ တာချီလိတ်မြို့တွင် ဖွင့်လှစ်ထားပြီး အသက် နှစ်နှစ်ခွဲမှ ငါးနှစ်အရွယ်ကလေးများအတွက် British သင်ရိုးနှင့် မြန်မာစာပေါင်းစပ်သင်ကြားသည့် Pre School အပြင် Basic မှ Intermediate Level အထိ အင်္ဂလိပ်စာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~