ဘဂၤလားေဒ့ရွ္က ႏွစ္ႏုိင္ငံ နယ္နိမိတ္စာခ်ဳပ္ပါ သတ္မွတ္ခ်က္မ်ား ခ်ိဳးေဖါက္မႈကို ျမန္မာဘက္က တရား၀င္ကန္႔ကြက္

ဘဂၤလားေဒ့ရွ္က ႏွစ္ႏုိင္ငံ နယ္နိမိတ္စာခ်ဳပ္ပါ သတ္မွတ္ခ်က္မ်ား ခ်ိဳးေဖါက္မႈကို ျမန္မာဘက္က တရား၀င္ကန္႔ကြက္
မေ 11, 2018
By 🌸
ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံနယ္စပ္တြင္ ဘဂၤလားေဒ့ရွ္ဘက္က သဲအိတ္ အုိဗာဟက္ပစ္က်င္းႏွင့္ ဘန္ကာမ်ားတည္ေဆာက္ထားျခင္းသည္ ႏွစ္ႏုိင္ငံ နယ္နိမိတ္စာခ်ဳပ္ပါ သတ္မွတ္ခ်က္မ်ား ခ်ဳိးေဖာက္ရာေရာက္သည့္အတြက္ ျမန္မာနုိင္ငံဆုိင္ရာ ဘဂၤလားေဒ့႐ွ္ႏုိင္ငံ သံအမတ္ႀကီးအား ေခၚယူေတြ႔ဆုံၿပီး တရားဝင္ ကန္႔ကြက္ထားေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီ၏ ၂၀၁၈ ခုႏွစ္ ေမလ (၁၁)ရက္ေန႔ ေဖၚျပခ်က္အရသိရသည္။

ရခုိင္ျပည္နယ္ ေမာင္ေတာၿမဳိ႕နယ္ ေတာင္ၿပဳိ(လက္ဝဲ)ၿမဳိ႕အနီး ႏွစ္ႏုိင္ငံနယ္နိမိတ္ မွတ္တုိင္အမွတ္ (၃၄) ႏွင့္ မွတ္တုိင္ အမွတ္ (၃၅) တုိ႔ႏွင့္ မ်က္ႏွာခ်င္းဆုိင္႐ွိ ဘဂၤလားေဒ့႐ွ္ႏုိင္ငံ ေတာင္ဘ႐ုိးေက်းရြာမွ ေအာက္ဘာ့႐ွ္ဘာရီေက်းရြာအထိ အမွတ္ (၃၄) BGB တပ္ရင္းက သဲအိတ္ အုိဗာဟက္ပစ္က်င္း( ၂)က်င္း၊ သဲအိတ္/ေျမသား အုိဗာဟက္ပစ္က်င္း (၃) က်င္း၊ ေျမသားဘန္ကာ (၁ )ခု ၊ကြန္ကရစ္ဘန္ကာ( ၁ )ခု တုိ႔ျဖင့္ ကာရံထားသည့္ ေနရာ (၇) ေနရာအား မတ္လ (၁၈) ရက္ မွ(၂၁) ရက္ေန႔အထိ ျပဳလုပ္ခဲ့ၿပီး BGB နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္မ်ားက ေန႔/ည ေစာင့္ၾကပ္လ်က္႐ွိသည့္အျပင္္ ႏွစ္ႏုိင္ငံ နယ္နိမိတ္မ်ဥ္းအနီး ဘဂၤလားေဒ့႐ွ္ ဘက္ျခမ္းတြင္ အမွတ္ (၃၄) BGB တပ္ရင္းက မတ္လ (၆) ရက္ ႏွင့္မတ္လ (၇) ရက္တုိ႔တြင္ CCTV ကင္မရာ (၄) လုံးအားလည္းေကာင္း၊ မတ္လ (၉) ရက္ႏွင့္ မတ္လ (၁၀) ရက္တုိ႔တြင္ လုံျခဳံေရး ဆုိလာမီးတုိင္ (၁၀) တိုင္ကုိလည္းေကာင္း တပ္ဆင္ စုိက္ထူထားေၾကာင္း သိရသည္။

အဆုိပါကိစၥႏွင့္ ပတ္သက္၍ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က ေမလ (၈) ရက္ေန႔တြင္ ျမန္မာနုိင္ငံဆုိင္ရာ ဘဂၤလားေဒ့႐ွ္ႏုိင္ငံ သံအမတ္ႀကီး Mr. Manjurul Karim Khan Chowdhury အား ေခၚယူေတြ႔ဆုံၿပီး ေဆာက္လုပ္ထားသည့္ အေဆာက္အအုံမ်ားသည္ ႏွစ္ႏိုင္ငံအၾကား ခ်ဳပ္ဆိုထားေသာ နယ္နိမိတ္ စာခ်ဳပ္ပါ သတ္မွတ္ခ်က္မ်ားကို ေဖာက္ဖ်က္ရာေရာက္သျဖင့္ ဖယ္ရွားေပးရန္၊ နယ္နိမိတ္မ်ဥ္းအနီးရွိ အေဆာက္အအုံ မေဆာက္လုပ္ရန္ တားျမစ္ထားသည့္ဇုန္အတြင္း ျမန္မာဘက္ျခမ္း၌ ေနအိမ္၊ အေဆာက္အအုံမ်ား ေဆာက္လုပ္ လ်က္ရွိသည္ကိုလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္မွ ပံ့ပိုးေပးေနမႈမ်ား ရပ္ဆိုင္းေပးရန္ႏွင့္ ယင္းဇုန္အတြင္း၌ တရားမဝင္ ေနထိုင္လ်က္ရွိၾကေသာ ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္ထြက္ခြာၾကေရးအတြက္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံက ပူးေပါင္းေဆာင္ရြက္ေပးရန္ ၊လြန္ခဲ့ေသာလမ်ားအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္မွ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာၾကသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားဟု ယူဆရေသာ ရခိုင္၊ ၿမိဳ၊ ခမီ၊ ဒိုင္းနက္လူမ်ိဳး (၃၆၈) ဦးတို႔ႏွင့္ ပတ္သက္၍ အသိေပး ေျပာၾကားခဲ့ၿပီး ၎တို႔အား လိုအပ္ေသာ ႏိုင္ငံသားစိစစ္မႈမ်ား ေဆာလ်င္စြာ ျပဳလုပ္ေရးႏွင့္ ၎တို႔ဆႏၵအေလ်ာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ေနရပ္သို႔ ပို႔ေဆာင္ေရးအတြက္ ေဆာင္ရြက္ရန္ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာငး္ သိရသည္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံအစိုးရအၾကား ရရွိထားသည့္ သေဘာတူညီ ခ်က္မ်ားႏွင့္အညီ ရခိုင္ျပည္နယ္မွ ေနရပ္စြန္႔ခြာသြားၾကသူမ်ားကို ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္အပါအဝင္ အျခားေသာ ႏွစ္ႏိုင္ငံဆိုင္ရာ အက်ိဳးတူကိစၥရပ္မ်ားကို ႏွစ္ဖက္ ေစ့စပ္ညႇိႏိႈင္း ေဆြးေႏြးျခင္း၊ အိမ္နီးခ်င္းေကာင္းစိတ္ဓာတ္ျဖင့္ ပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ ေျဖရွင္းသြားေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက သံအမတ္ႀကီးအား ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဓါတ္ပံု #Information Comittee

~~~~~~~~⊰❂ unicode ~~~~~~~~
ဘင်္ဂလားဒေ့ရှ်က နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များ ချိုးဖေါက်မှုကို မြန်မာဘက်က တရားဝင်ကန့်ကွက်
****************
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်ဘက်က သဲအိတ် အိုဗာဟက်ပစ်ကျင်းနှင့် ဘန်ကာများတည်ဆောက်ထားခြင်းသည် နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များ ချိုးဖောက်ရာရောက်သည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြီး တရားဝင် ကန့်ကွက်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ၂၀၁၈ ခုနှစ် မေလ (၁၁)ရက်နေ့ ဖေါ်ပြချက်အရသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို(လက်ဝဲ)မြို့အနီး နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ် (၃၄) နှင့် မှတ်တိုင် အမှတ် (၃၅) တို့နှင့် မျက်နှာချင်းဆိုင်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘရိုးကျေးရွာမှ အောက်ဘာ့ရှ်ဘာရီကျေးရွာအထိ အမှတ် (၃၄) BGB တပ်ရင်းက သဲအိတ် အိုဗာဟက်ပစ်ကျင်း( ၂)ကျင်း၊ သဲအိတ်/မြေသား အိုဗာဟက်ပစ်ကျင်း (၃) ကျင်း၊ မြေသားဘန်ကာ (၁ )ခု ၊ကွန်ကရစ်ဘန်ကာ( ၁ )ခု တို့ဖြင့် ကာရံထားသည့် နေရာ (၇) နေရာအား မတ်လ (၁၈) ရက် မှ(၂၁) ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး BGB နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက နေ့/ည စောင့်ကြပ်လျက်ရှိသည့်အပြင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းတွင် အမှတ် (၃၄) BGB တပ်ရင်းက မတ်လ (၆) ရက် နှင့်မတ်လ (၇) ရက်တို့တွင် CCTV ကင်မရာ (၄) လုံးအားလည်းကောင်း၊ မတ်လ (၉) ရက်နှင့် မတ်လ (၁၀) ရက်တို့တွင် လုံခြုံရေး ဆိုလာမီးတိုင် (၁၀) တိုင်ကိုလည်းကောင်း တပ်ဆင် စိုက်ထူထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မေလ (၈) ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ခေါ်ယူတွေ့ဆုံပြီး ဆောက်လုပ်ထားသည့် အဆောက်အအုံများသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ် စာချုပ်ပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ရာရောက်သဖြင့် ဖယ်ရှားပေးရန်၊ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့်ဇုန်အတွင်း မြန်မာဘက်ခြမ်း၌ နေအိမ်၊ အဆောက်အအုံများ ဆောက်လုပ် လျက်ရှိသည်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပံ့ပိုးပေးနေမှုများ ရပ်ဆိုင်းပေးရန်နှင့် ယင်းဇုန်အတွင်း၌ တရားမဝင် နေထိုင်လျက်ရှိကြသော နေရပ်စွန့်ခွာသူများ ပြန်လည်ထွက်ခွာကြရေးအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးရန် ၊လွန်ခဲ့သောလများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသော ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်လူမျိုး (၃၆၈) ဦးတို့နှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့ပြီး ၎င်းတို့အား လိုအပ်သော နိုင်ငံသားစိစစ်မှုများ ဆောလျင်စွာ ပြုလုပ်ရေးနှင့် ၎င်းတို့ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်သို့ ပို့ဆောင်ရေးအတွက် ဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ရရှိထားသည့် သဘောတူညီ ချက်များနှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အပါအဝင် အခြားသော နှစ်နိုင်ငံဆိုင်ရာ အကျိုးတူကိစ္စရပ်များကို နှစ်ဖက် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း၊ အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြောကြားခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ #Information Comittee

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~