လားရိႈးတြင္ ဓါးရွည္ကိုင္ေဆာင္လာသည့္ ဆုိင္ကယ္စီးလူငယ္ႏွစ္ဦးအား ရဲတပ္ဖြဲ႕ကဖမ္းဆီး အေရးယူထား

လားရိႈးတြင္ ဓါးရွည္ကိုင္ေဆာင္လာသည့္ ဆုိင္ကယ္စီးလူငယ္ႏွစ္ဦးအား ရဲတပ္ဖြဲ႕ကဖမ္းဆီး အေရးယူထား
မေ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမအနီးတြင္ ေမလ (၇) ရက္ေန႔ ညေနပိုင္းက ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းဘဲ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ဆယ္ေက်ာ္သက္ လူငယ္ႏွစ္ဦးအား စစ္ေဆးရာမွ ဓါးရွည္ တစ္ေခ်ာင္းသယ္ေဆာင္လာသည္ကို ေတြ႔ရသျဖင့္ လားရိႈးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

“ယာဥ္ထိန္းေတြက ဆိုင္ကယ္ဦးထုပ္ေဆာင္း၊ မေဆာင္းစစ္ေဆးရင္းနဲ႔ ဆိုင္ကယ္ေပၚဓါးေဆာင္လာတဲ့ လူငယ္ ႏွစ္ေယာက္ကိုေတြ႔တာ။ အဲဒီမွာ အဝိုင္းပတ္နားမွာရွိတဲ့ ရဲတပ္ဖြဲ႔ကိုအပ္ၿပီး အဲဒီကမွတစ္ဆင့္ ၿမိဳ႕မရဲစခန္းကို ေခၚယူထိန္းသိမ္းလိုက္တာပါ”ဟု လားရိႈးၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုတိယရဲမွဴးေက်ာ္ႏိုင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ လူငယ္ႏွစ္ဦးသည္ အဝိုင္းပတ္အနီး ယာဥ္စည္းကမ္း လမ္းစည္းကမ္း စစ္ေဆးမႈျပဳလုပ္ေနသည့္ ယာဥ္ထိန္းမ်ားေရွ႕တြင္ ၎တို႔ စီးနင္းလာသည့္ ဆိုင္ကယ္ေပၚမွ အရွည္ (အရိုး+အသြား) ႏွစ္ေပခန္႔ရွိသည့္ ဓါးတစ္လက္ကို ဆြဲယူေနစဥ္ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ကေတာ့ ယာဥ္/လမ္း စည္းကမ္းပညာေပးလုပ္ငန္း လုပ္ကိုင္တာသက္သက္ပဲ။ အဲဒီမွာ ဦးထုပ္ ေနာက္ၾကည့္မွန္ စစ္ေဆးေနတုန္းေတြ႔ရွိရတာပါ။ လက္နက္ပါတာက်ေတာ့ ရဲတပ္ဖြဲ႔န႔ဲ သက္ဆိုင္တဲ့ အတြက္ လႊဲေျပာင္းေပးလိုက္တာျဖစ္ပါတယ္”ဟု အမွတ္ ၁၁၉ ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(လားရိႈး)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴး ေက်ာ္ခိုင္က ေျပာသည္။

လက္နက္ကိုင္ေဆာင္လာမႈျဖင့္ အဆိုပါ လူငယ္ႏွစ္ဦးအား လားရိႈးၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ ၁၉ (င) ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ၿမိဳ႕မရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ မြို့တော်ခန်းမအနီးတွင် မေလ (၇) ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်မောင်းနှင်လာသည့် ဆယ်ကျော်သက် လူငယ်နှစ်ဦးအား စစ်ဆေးရာမှ ဓားရှည် တစ်ချောင်းသယ်ဆောင်လာသည်ကို တွေ့ရသဖြင့် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ယာဉ်ထိန်းတွေက ဆိုင်ကယ်ဦးထုပ်ဆောင်း၊ မဆောင်းစစ်ဆေးရင်းနဲ့ ဆိုင်ကယ်ပေါ်ဓားဆောင်လာတဲ့ လူငယ် နှစ်ယောက်ကိုတွေ့တာ။ အဲဒီမှာ အဝိုင်းပတ်နားမှာရှိတဲ့ ရဲတပ်ဖွဲ့ကိုအပ်ပြီး အဲဒီကမှတစ်ဆင့် မြို့မရဲစခန်းကို ခေါ်ယူထိန်းသိမ်းလိုက်တာပါ”ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကျော်နိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးသည် အဝိုင်းပတ်အနီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးမှုပြုလုပ်နေသည့် ယာဉ်ထိန်းများရှေ့တွင်၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ အရှည် (အရိုး+အသွား) နှစ်ပေခန့်ရှိသည့် ဓားတစ်လက်ကို ဆွဲယူနေစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ယာဉ်/လမ်း စည်းကမ်းပညာပေးလုပ်ငန်း လုပ်ကိုင်တာသက်သက်ပဲ။ အဲဒီမှာ ဦးထုပ် နောက်ကြည့်မှန် စစ်ဆေးနေတုန်းတွေ့ရှိရတာပါ။ လက်နက်ပါတာကျတော့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အတွက် လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်”ဟု အမှတ် ၁၁၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ခိုင်က ပြောသည်။

လက်နက်ကိုင်ဆောင်လာမှုဖြင့် အဆိုပါ လူငယ်နှစ်ဦးအား လားရှိုးမြို့မရဲစခန်းတွင် ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - မြို့မရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~