Update News

တာခ်ီလိတ္ၿမိဳ႕တြင္း ေဂါက္ကြင္းလမ္းအနီး စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ၊ ယာဥ္ေမာင္းမွာ ထြက္ေျပးလြတ္ေျမာက္

တာခ်ီလိတ္ၿမိဳ႕ ေဂါက္ကြင္းသြားလမ္း ႏွင့္ ခရိုင္ျပည္သူ႔ေဆးရံုႀကီးေရွ႕ထြက္ေပါက္ အနီးတြင္ လူ(၃)ဦး ပါလာသည့္ ကားေပၚက စိတ္ၾကြေဆးျပား (၄၀၀၀၀)အား ဖမ္းဆီးရမိၿပီး (၃)ဦးအနက္ (၁)ဦးမွာ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္  ၂၀၁၈ခုႏွစ္ ေမလ (၅)ရက္ေန႔ ေန႔လည္(၂း၄၅)နာရီ ၀န္းက်င္အခ်ိန္က ေဂါက္ကြင္းသြားလမ္း ႏွင့္ ခရိုင္ျပည္သူ႔ ေဆးရံုႀကီး ေရွ႕ထြက္ေပါက္ အနီးတြင္ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းေနစဥ္  သတင္းရရွိထားသည့္ Mark-ll အမ်ဳိးအစား ေမာ္ေတာ္ယာဥ္  ေရာက္ရွိလာေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရာ ယာဥ္ေပၚတြင္ လီဆီးမွ လိုက္ပါ ေမာင္းႏွင္ၿပီး ယာဥ္ေနာက္ခန္းတြင္ ေဂ်ာ္နီ ႏွင့္ အားေဆာ္တို႔မွာ လိုက္ပါလာခဲ့သည့္ကို ေတြ႔ရွိရၿပီး ယာဥ္ေပၚမွ (၃)ဦးလံုး ခုန္ခ်ထြက္ေျပးရာ ရဲတပ္ဖြဲ႔က ၀ိုင္း၀န္း ဖမ္းဆီးခဲ့ရာ ယာဥ္ေနာက္ခန္းတြင္ လိုက္ပါလာသူ  ေဂ်ာ္နီ ႏွင့္ အားေဆာ္တို႔ကိုသာ ဖမ္းဆီးရမိၿပီး ယာဥ္ေမာင္းျဖစ္သူ လီဆီးမွာ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရသည္။

ဆက္လက္၍ ေမာ္ေတာ္ယာဥ္အတြင္း ရွာေဖြရာ ယာဥ္ေနာက္ခန္းမွ အေနာက္ေရာင္ ၾကြပ္ၾကြပ္အိတ္ျဖင့္ ထုတ္ထားသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၂၀၀၀)စီပါသည့္ အထုတ္(၂၀)အား ေတြ႕ရွိရာ စိတ္ၾကြေဆးျပား စုစုေပါင္းမွာ (၄၀၀၀၀)ျဖစ္ၿပီး အေလးခ်ိန္မွာ (၄)ကီလို၀န္းက်င္ရွိေၾကာင္း သိရသည္.

စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ ဖမ္းဆီးရမိထားသူ (၂)ဦး ႏွင့္ ထြက္ေျပး လြတ္ေျမာက္ ေနသူ (၁)ဦး စုစုေပါင္း (၃)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားၿပီး ထြက္ေျပးသြားသူအား ဖမ္းဆီးရမိေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဂေါက်ကွင်းသွားလမ်း နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့ထွက်ပေါက် အနီးတွင် လူ(၃)ဦး ပါလာသည့် ကားပေါ်က စိတ်ကြွဆေးပြား (၄၀၀၀၀)အား ဖမ်းဆီးရမိပြီး (၃)ဦးအနက် (၁)ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် မေလ (၅)ရက်နေ့ နေ့လည်(၂း၄၅)နာရီ ဝန်းကျင်အချိန်က ဂေါက်ကွင်းသွားလမ်း နှင့် ခရိုင်ပြည်သူ့ ဆေးရုံကြီး ရှေ့ထွက်ပေါက် အနီးတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် Mark-ll အမျိုးအစား မော်တော်ယာဉ် ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လီဆီးမှ လိုက်ပါ မောင်းနှင်ပြီး ယာဉ်နောက်ခန်းတွင် ဂျော်နီ နှင့် အားဆော်တို့မှာ လိုက်ပါလာခဲ့သည့်ကို တွေ့ရှိရပြီး ယာဉ်ပေါ်မှ (၃)ဦးလုံး ခုန်ချထွက်ပြေးရာ ရဲတပ်ဖွဲ့က ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူ ဂျော်နီ နှင့် အားဆော်တို့ကိုသာ ဖမ်းဆီးရမိပြီး ယာဉ်မောင်းဖြစ်သူ လီဆီးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ဆက်လက်၍ မော်တော်ယာဉ်အတွင်း ရှာဖွေရာ ယာဉ်နောက်ခန်းမှ အနောက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀၀)စီပါသည့် အထုတ်(၂၀)အား တွေ့ရှိရာ စိတ်ကြွဆေးပြား စုစုပေါင်းမှာ (၄၀၀၀၀)ဖြစ်ပြီး အလေးချိန်မှာ (၄)ကီလိုဝန်းကျင်ရှိကြောင်း သိရသည်.

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိထားသူ (၂)ဦး နှင့် ထွက်ပြေး လွတ်မြောက် နေသူ (၁)ဦး စုစုပေါင်း (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး ထွက်ပြေးသွားသူအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::