ဦးစိုးဝင္းကို စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန္႔အပ္ တာဝန္ေပး

ဦးစိုးဝင္းကို စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန္႔အပ္ တာဝန္ေပး
မေ 31, 2018
By Tachileik News Agency



စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးစိုးဝင္းကို ၂၀၁၈ ခုႏွစ္ ေမလ (၃၁)ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတ႐ံုး အမိန္႔အမွတ္၊ ၂၉/၂၀၁၈ ျဖင့္ ခန္႔အပ္တာဝန္ေပးလိုက္သည္။

ယခင္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္ဝင္းကို ၎၏ သေဘာဆႏၵအရ ရာထူးမွ ႏႈတ္ထြက္ျခင္းကို၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတရံုး၏ အမိန္႔အမွတ္ ၂၄/၂၀၁၈ ျဖင့္ ခြင့္ျပဳခဲ့ၿပီးေနာက္ လစ္လပ္ေနသည့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေနရာအတြက္ ႏုိင္ငံေတာ္သမၼတက အမည္စာရင္းတင္သြင္းသည့္ ဦးစိုးဝင္းကို ေမလ (၃၁)ရက္ေန႔တြင္ က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္က ကန္႔ကြက္သူမရိွ အတည္ျပဳ ခန္႔အပ္ လိုက္ျခင္းျဖစ္သည္။

ဦးစိုးဝင္းသည္ ၁၉၆၃ ခုႏွစ္ဝန္းက်င္တြင္ ဘဏ္အရာ႐ွိအျဖစ္ လည္းေကာင္း၊ ၁၉၇၆ ခုႏွစ္မွ ၁၉၉၆ ခုႏွစ္အထိ Myanmar Foreign Trade Bank တြင္ လည္းေကာင္း  ၂၀၀၀ ခုႏွစ္တြင္ MFTB မွပင္စင္ယူ၍ ၂၀၁၄ မွစတင္ကာ Deloitte Touche Myanmar Vigour Advisory Ltd. ၏ Country Managing Partner အျဖစ္လည္း လုပ္ကိုင္ေနသူျဖစ္ေၾကာင္း ကိုယ္ေရးရာဇဝင္ေဖၚျပခ်က္အရ သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းကို ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၂၉/၂၀၁၈ ဖြင့် ခန့်အပ်တာဝန်ပေးလိုက်သည်။

ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို၎င်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခြင်းကို၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၂၄/၂၀၁၈ ဖြင့် ခွင့်ပြုခဲ့ပြီးနောက် လစ်လပ်နေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာအတွက် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် ဦးစိုးဝင်းကို မေလ (၃၁)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ် လိုက်ခြင်းဖြစ်သည်။

ဦးစိုးဝင်းသည် ၁၉၆၃ ခုနှစ်ဝန်းကျင်တွင် ဘဏ်အရာရှိအဖြစ် လည်းကောင်း၊ ၁၉၇၆ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ Myanmar Foreign Trade Bank တွင် လည်းကောင်း ၂၀၀၀ ခုနှစ်တွင် MFTB မှပင်စင်ယူ၍ ၂၀၁၄ မှစတင်ကာ Deloitte Touche Myanmar Vigour Advisory Ltd.၏ Country Managing Partner အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်ကြောင်း ကိုယ်ရေးရာဇဝင်ဖော်ပြချက်အရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~